ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွဲရား ဂရိမှာ ရဲဖမ်းခံရ

ယူနိုက်တက်အသင်းခေါင်းဆောင် နောက်ခံလူ မက်ဂွဲရားဟာ အားလပ်ရက် ဂရိနိုင်ငံ ကျွန်းတစ်ကျွန်းဖြစ်တဲ့ မိုင်ကွန်နော့စ်မှာ အဖမ်းခံခဲ့ရတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ယူနိုက်တက်အသင်းနဲ့ တစ်ရာသီစလုံးကစားပြီးနောက် စက်တင်ဘာလ ၁၉ ရက် မှာ နောက်ရာသီ ပြန်လည်စတင်မှာဖြစ်လို့ ကစားသမားအများစုဟာ အားလပ်ရက်ကို နေရာအနှံ့အပြားမှာ အသီးသီး အနားယူနေကြတာဖြစ်ပါတယ်။

မက်ဂွဲရားကို ယူနိုက်တက်အသင်းဖော်တွေဖြစ်တဲ့ ရပ်ရှ်ဖိုဒ့် နဲ့ ဝီလီယံစ် တိုနဲ့ မိုင်ကွန်နော့စ်မှာ တွေ့ရှိခဲ့သော်လည်း ဂရိက သတင်းများအရ ဗဟိုနောက်ခံလူဟာ သူ့အကို နဲ့ သူငယ်ချင်းတစ်ယောက်တို့ နဲ့အတူ ဘားတစ်ခုက အပြင်ဘက်မှာ ရဲတစ်ယောက်ကို သောကြာနေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းဘက်ကတော့ အသင်းခေါင်းဆောင်နဲ့ ဆက်သွယ်မှုတွေရရှိထားပြီး အာဏာပိုင်တွေနဲ့ အတူတူပူးပေါင်း လုပ်ဆောင်နေတယ်လို့ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရန်ပွဲမှာတေ့ာ အခြားတော့ယူနိုက်တက်ကစားသမားတစ်ယောက်မှ မပါဝင်ဘူးလို့ သိရှိရပါတယ်။

ယူႏိုက္တက္အသင္းေခါင္းေဆာင္ မက္ဂြဲရား ဂရိမွာ ရဲဖမ္းခံရ

ယူႏိုက္တက္အသင္းေခါင္းေဆာင္ ေနာက္ခံလူ မက္ဂြဲရားဟာ အားလပ္ရက္ ဂရိႏိုင္ငံ ကြၽန္းတစ္ကြၽန္းျဖစ္တဲ့ မိုင္ကြန္ေနာ့စ္မွာ အဖမ္းခံခဲ့ရတယ္လို႔ သတင္းထြက္ေပၚလာပါတယ္။ယူႏိုက္တက္အသင္းနဲ႔ တစ္ရာသီစလုံးကစားၿပီးေနာက္ စက္တင္ဘာလ ၁၉ ရက္ မွာ ေနာက္ရာသီ ျပန္လည္စတင္မွာျဖစ္လို႔ ကစားသမားအမ်ားစုဟာ အားလပ္ရက္ကို ေနရာအႏွံ႔အျပားမွာ အသီးသီး အနားယူေနၾကတာျဖစ္ပါတယ္။

မက္ဂြဲရားကို ယူႏိုက္တက္အသင္းေဖာ္ေတြျဖစ္တဲ့ ရပ္ရွ္ဖိုဒ့္ နဲ႔ ဝီလီယံစ္ တိုနဲ႔ မိုင္ကြန္ေနာ့စ္မွာ ေတြ႕ရွိခဲ့ေသာ္လည္း ဂရိက သတင္းမ်ားအရ ဗဟိုေနာက္ခံလူဟာ သူ႔အကို နဲ႔ သူငယ္ခ်င္းတစ္ေယာက္တို႔ နဲ႔အတူ ဘားတစ္ခုက အျပင္ဘက္မွာ ရဲတစ္ေယာက္ကို ေသာၾကာေန႔ မနက္အေစာပိုင္းမွာ တိုက္ခိုက္ခဲ့တယ္လို႔ သိရပါတယ္။

ယူႏိုက္တက္အသင္းဘက္ကေတာ့ အသင္းေခါင္းေဆာင္နဲ႔ ဆက္သြယ္မႈေတြရရွိထားၿပီး အာဏာပိုင္ေတြနဲ႔ အတူတူပူးေပါင္း လုပ္ေဆာင္ေနတယ္လို႔ သတင္းထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။ ရန္ပြဲမွာေတ့ာ အျခားေတာ့ယူႏိုက္တက္ကစားသမားတစ္ေယာက္မွ မပါဝင္ဘူးလို႔ သိရွိရပါတယ္။