ဒီနွေရာသီမှာ ယူနိုက်တက်ကနေ ထွက်ခွာရန် စီစဉ်ထားတဲ့ ဒါလော့ကို ပီအက်စ်ဂျီ နဲ့ အဲဗာတန်အသင်းတို့က စိတ်ဝင်စားနေ

ယူနိုက်တက်နောက်ခံလူ ဒါလော့ဟာ ဒီနွေရာသီမှာ အသင်းက ထွက်ခွာရန် စီစဉ်ထားတယ်လို့ ပေါ်တူဂီသတင်းစာ O jojo က ဖော်ပြချက်အရ သိရပါတယ်။ အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ဒဏ်ရာပြဿနာရပြီးနောက် အိုးထရက်ဖိုဒ့်မှာ ပွဲကစားခွင့်ပျောက်ဆုံးနေပြီး ပီအက်စ်ဂျီ နဲ့ အဲဗာတန်အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။ဒါလော့ဟာ ယူနိုက်တက် ကို (၂၀၁၈) ခုနှစ်ကမှ ရောက်ရှိလာပေမယ့် အသင်းအတွက် ပြိုင်ပွဲစုံ (၃၄)ပွဲပဲ ကစားရပြီး ထွက်ခွာရန် စီစဉ်ထားပြီးပါပြီ။

နောက်ခံလူဟာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ် (၄) ပွဲသာကစားထားရပြီး ဝမ်ဘစ်ဆာကာ နဲ့ လုခ်ရှောတို့ နောက်မှသာ ပွဲကစားခွင့် ရနေတာဖြစ်ပါတယ်။ ဒါ့အပြင် အသင်းဟာ နောက်ရာသီအတွက် ဖိုဆူမန်ဆာ ကိုလည်း ထည့်ကစားရန် စီစဉ်နေလို့ ဒါလော့ရဲ့ အခြေအနေဟာ ပိုပြီး ခက်ခဲရဖွယ်ရှိနေပါတယ်။

ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းထားနိုင်တဲ့ ပီအက်စ်ဂျီအသင်းက အဆိုပါအခြေအနေကို စောင့်ကြည့်နေပေမယ့် သူဟာ ပီအက်စ်ဂျီအသင်းမှာလည်း ဘားနက် နဲ့ ပွဲကစားခွင့်အတွက် ယှဉ်ပြိုင်ရဦးမှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းကလည်း ကိုးမန်း နေရာမှာ ရေရှည်အစားထိုးရန်အတွက် ခေါ်ယူဖွယ်ရှိနေပါတယ်။ ဆိုးလ်ရှားဟာ နောက်ရာသီအတွက် အသင်းကို အင်အားဖြည့်တင်းရန်အတွက် ကစားသမားရောင်းချရန် ရည်ရွယ်နေတာဖြစ်ပါတယ်။

ဒီေႏြရာသီမွာ ယူႏိုက္တက္ကေန ထြက္ခြာရန္ စီစဥ္ထားတဲ့ ဒါေလာ့ကို ပီအက္စ္ဂ်ီ နဲ႔ အဲဗာတန္အသင္းတို႔က စိတ္၀င္စားေန

ယူႏိုက္တက္ေနာက္ခံလူ ဒါေလာ့ဟာ ဒီေႏြရာသီမွာ အသင္းက ထြက္ခြာရန္ စီစဥ္ထားတယ္လို႔ ေပၚတူဂီသတင္းစာ O jojo က ေဖာ္ျပခ်က္အရ သိရပါတယ္။ အသက္ ၂၁ ႏွစ္အရြယ္ကစားသမားဟာ ဒဏ္ရာျပႆနာရျပီးေနာက္ အိုးထရက္ဖိုဒ့္မွာ ပြဲကစားခြင့္ေပ်ာက္ဆံုးေနျပီး ပီအက္စ္ဂ်ီ နဲ႔ အဲဗာတန္အသင္းတို႔က စိတ္၀င္စားေနတာျဖစ္ပါတယ္။ဒါေလာ့ဟာ ယူႏုိက္တက္ ကို (၂၀၁၈) ခုႏွစ္ကမွ ေရာက္ရွိလာေပမယ့္ အသင္းအတြက္ ျပိဳင္ပြဲစံု (၃၄)ပြဲပဲ ကစားရျပီး ထြက္ခြာရန္ စီစဥ္ထားျပီးပါျပီ။

ေနာက္ခံလူဟာ ဒီရာသီမွာလည္း ပရီးမီးယားလိဂ္ (၄) ပြဲသာကစားထားရျပီး ၀မ္ဘစ္ဆာကာ နဲ႔ လုခ္ေရွာတို႔ ေနာက္မွသာ ပြဲကစားခြင့္ ရေနတာျဖစ္ပါတယ္။ ဒါ့အျပင္ အသင္းဟာ ေနာက္ရာသီအတြက္ ဖိုဆူမန္ဆာ ကိုလည္း ထည့္ကစားရန္ စီစဥ္ေနလို႔ ဒါေလာ့ရဲ႕ အေျခအေနဟာ ပိုျပီး ခက္ခဲရဖြယ္ရွိေနပါတယ္။

ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို တက္လွမ္းထားႏိုင္တဲ့ ပီအက္စ္ဂ်ီအသင္းက အဆိုပါအေျခအေနကို ေစာင့္ၾကည့္ေနေပမယ့္ သူဟာ ပီအက္စ္ဂ်ီအသင္းမွာလည္း ဘားနက္ နဲ႔ ပြဲကစားခြင့္အတြက္ ယွဥ္ျပိဳင္ရဦးမွာ ျဖစ္ပါတယ္။ အဲဗာတန္အသင္းကလည္း ကိုးမန္း ေနရာမွာ ေရရွည္အစားထိုးရန္အတြက္ ေခၚယူဖြယ္ရွိေနပါတယ္။ ဆိုးလ္ရွားဟာ ေနာက္ရာသီအတြက္ အသင္းကို အင္အားျဖည့္တင္းရန္အတြက္ ကစားသမားေရာင္းခ်ရန္ ရည္ရြယ္ေနတာျဖစ္ပါတယ္။