ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂို ကို အဓိက ခေါ်ယူရန် ပစ်မှတ်ထားလာတဲ့ လိဒ်ယူနိုက်တက်အသင်း

လိဒ်ယူနိုက်တက်အသင်းဟာ ဗလင်စီယာတိုက်စစ်မှူး ရိုဒရီဂိုကို ခေါ်ယူရန် စုံစမ်းမှုတွေ လုပ်နေပြီလို့ သိရပါတယ်။ အသက် ၂၉ နှစ်အရွယ် အရည်အသွေးမြင့် စပိန်လက်ရွေးစင်ကစားသမားကို ဗလင်စီယာအသင်းကလည်း အသုံးစရိတ်ရရှိရန် ရောင်းချချင်နေတာဖြစ်ပါတယ်။

ရိုဒရီဂိုရဲ့ တန်ကြေးကို ဗလင်စီယာအသင်းက ပေါင်သန်း ၃၀ သတ်မှတ်ထားပေးမယ့် လိဒ်ယူနိုက်တက်အသင်းကသာ ကမ်းလှမ်းပါက အပေးအယူလုပ်ပြီး ညှိနှိုင်းလို့ ရဖွယ်ရှိနေပါတယ်။

ချန်ပီယရှစ် ချန်ပီယံအသစ်ဟာ နည်းပြ ဘီယယ်ဆာအတွက် ကစားသမားအများအပြားကို ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဗလင်စီယာအသင်းဟာ ဇွန်လက ကစားသမားတွေကို လစာမပေးနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေဟာ ရုန်းကန်နေရပါတယ်။ ရိုဒရီဂိုဟာ ဗလင်စီယာအသင်းမှာ အဓိက ကစားသမားဖြစ်သော်လည်း အသင်းဟာ ဆက်လက်ရပ်တည်ရန်အတွက် စတေးဖို့ လိုအပ်နေတာဖြစ်ပါတယ်။



