ချဲလ်ဆီးက ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီနောက်ခံလူ သီယာဂိုဆေးလ်ဗား ဖီအိုရင်တီးနားအသင်းနဲ့ သဘောတူညီမှု ရရှိ

ချဲလ်ဆီးအသင်းက ပစ်မှတ်ထားနေတဲ့ ပီအက်စ်ဂျီအသင်းရဲ့ ဗဟိုနောက်ခံလူ သီယာဂိုဆေးလ်ဗားဟာ တစ်ပတ် ပေါင် ၇ သောင်းနဲ့ ဖီအိုရင်တီးနားအသင်းကို ပြောင်းရွှေ့ရန် သဘောတူညီမှု ရရှိသွားပြီလို အီတလီက သတင်းများအရ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ပီအက်စ်ဂျီနောက်ခံလူ ကို ဆက်သွယ်နေမှုတွေ လုပ်ထားတာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ် ဘရာဇီးလက်ရွေးစင်ကစားသမားဟာ တနင်္ဂနွေနေ့ညချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ လမ်းပတ်က အတွေ့အကြုံရင့် ကစားသမားကို ခေါ်ယူလိုနေတာပါ။

သို့သော်လည်း အီတလီက သတင်းများအရ သီယာဂိုဆေးလ်ဗားဟာ စီးရီးအေ ကလပ် ဖီအိုရင်တီးနား နဲ့ သဘောတူညီမှု ရသွားပြီလို့ သိရပါတယ်။ သီယာဂိုဆေးလ်ဗားဟာ တနင်္ဂနွေနေ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဗိုလ်လုပွဲအပြီးမှာ ပီအက်စ်ဂျီအသင်းက ထွက်သွားမှာဖြစ်ပါတယ်။ သူဟာ လီဂူး ၁ချန်ပီယံအသင်းနဲ့ (၈) နှစ်ကြာကစားပြီးနောက် လစာလျော့ယူရန် ရည်ရွယ်ထားပါတယ်။

သီယာဂိုဆေးလ်ဗားဟာ လီဂူး ၁ ကလပ်အသင်းနဲ့ တစ်လကို ပေါင် ၁.၃ သန်းလောက်ရရှိမှာဖြစ်ပြီး နောက်ကလပ်အသင်းနဲ့ (၂) နှစ်ပဲ ကစားရန် ရည်ရွယ်ထားဖွယ် ရှိပါတယ်။ ချဲလ်ဆီးနည်းပြ လမ်းပတ်ဟာ အသင်းကို တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာ နဲ့ အေဂျက်ကွင်းလယ်ဖန်တီးရှင် ဇီယက်တို့ကို ခေါ်ယူထားပြီးဖြစ်သော်လည်း အမှတ်ပေးဖလားစိန်ခေါ်ရန်အတွက် နောက်တန်းအင်အားကိုလည်း ဖြည့်တင်းရန်လိုအပ်တယ်လို့ သိထားပါတယ်။

ခ်ဲလ္ဆီးက ပစ္မွတ္ထားေနတဲ့ ပီအက္စ္ဂ်ီေနာက္ခံလူ သီယာဂိုေဆးလ္ဗား ဖီအိုရင္တီးနားအသင္းနဲ႔ သေဘာတူညီမႈ ရရွိ

ခ်ဲလ္ဆီးအသင္းက ပစ္မွတ္ထားေနတဲ့ ပီအက္စ္ဂ်ီအသင္းရဲ႕ ဗဟိုေနာက္ခံလူ သီယာဂိုေဆးလ္ဗားဟာ တစ္ပတ္ ေပါင္ ၇ ေသာင္းနဲ႔ ဖီအုိရင္တီးနားအသင္းကို ေျပာင္းေရႊ႕ရန္ သေဘာတူညီမႈ ရရွိသြားျပီလို အီတလီက သတင္းမ်ားအရ သိရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ပီအက္စ္ဂ်ီေနာက္ခံလူ ကို ဆက္သြယ္ေနမႈေတြ လုပ္ထားတာျဖစ္ပါတယ္။ အသက္ ၃၅ ႏွစ္အရြယ္ ဘရာဇီးလက္ေရြးစင္ကစားသမားဟာ တနဂၤေႏြေန႔ညခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျပီးမွာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးမွာျဖစ္လို႔ လမ္းပတ္က အေတြ႕အၾကံဳရင့္ ကစားသမားကို ေခၚယူလိုေနတာပါ။

သို႔ေသာ္လည္း အီတလီက သတင္းမ်ားအရ သီယာဂိုေဆးလ္ဗားဟာ စီးရီးေအ ကလပ္ ဖီအိုရင္တီးနား နဲ႔ သေဘာတူညီမႈ ရသြားျပီလို႔ သိရပါတယ္။ သီယာဂိုေဆးလ္ဗားဟာ တနဂၤေႏြေန႔ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ဗိုလ္လုပြဲအျပီးမွာ ပီအက္စ္ဂ်ီအသင္းက ထြက္သြားမွာျဖစ္ပါတယ္။ သူဟာ လီဂူး ၁ခ်န္ပီယံအသင္းနဲ႔ (၈) ႏွစ္ၾကာကစားျပီးေနာက္ လစာေလ်ာ့ယူရန္ ရည္ရြယ္ထားပါတယ္။

သီယာဂိုေဆးလ္ဗားဟာ လီဂူး ၁ ကလပ္အသင္းနဲ႔ တစ္လကို ေပါင္ ၁.၃ သန္းေလာက္ရရွိမွာျဖစ္ျပီး ေနာက္ကလပ္အသင္းနဲ႔ (၂) ႏွစ္ပဲ ကစားရန္ ရည္ရြယ္ထားဖြယ္ ရွိပါတယ္။ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္ဟာ အသင္းကို တိုက္စစ္ကစားသမားေတြျဖစ္တဲ့ ဂ်ာမနီတုိက္စစ္မွဴး တီမို၀ါနာ နဲ႔ ေအဂ်က္ကြင္းလယ္ဖန္တီးရွင္ ဇီယက္တို႔ကို ေခၚယူထားျပီးျဖစ္ေသာ္လည္း အမွတ္ေပးဖလားစိန္ေခၚရန္အတြက္ ေနာက္တန္းအင္အားကိုလည္း ျဖည့္တင္းရန္လိုအပ္တယ္လို႔ သိထားပါတယ္။