ယူနိုက်တက်ကွင်းလယ်လူ ပါရဲရားကို ခေါ်ယူရန် ပစ်မှတ်ထားနေတဲ့ ဘင်ဖီကာ နဲ့ ဗလင်စီယာ

ဘင်ဖီကာ နဲ့ ဗလင်စီယာ အသင်းတို့ဟာ ယူနိုက်တက် ကွင်းလယ်လူ ပါရဲရားကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပါရဲရားဟာ ၂၀၁၉-၂၀ ဘောလုံးရာသီဒုတိယရာသီဝက်မှာ အသင်းကို ဘရူနိုဖာနန်ဒက်စ်ရောက်လာပြီးနောက်ပိုင်း ပွဲထွက်ကစားခွင့်ရရန် ရုန်းကန်နေရပြီး အရန်ကစားသမားအဖြစ်သာ တစ်ခါတစ်ရံမှ ကစားခွင့်ရခဲ့သူဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ နှစ်ကမှ ယူနိုက်တက်နဲ့ ကာလရှည် စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပေမယ့် ESPN က အဆိုအရ ကစားသမားဟာ ပုံမှန်ပွဲကစားခွင့် ရလိုနေပြီး ဒီနွေရာသီမှာ အသင်းက ထွက်ခွာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ပေါ်တူဂီထိပ်သီးကလပ် ဘင်ဖီကာ နဲ့ စပိန်လာလီဂါကလပ် ဗလင်စီယာအသင်းတို့ဟာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် တစ်ပွဲကစား ကစားပေးထားတဲ့ ကွင်းလယ်ဖန်တီးရှင်ကို ခေါ်ယူရန် စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ပါရဲရားဟာ ဗလင်စီယာအသင်းမှာ (၂) နှစ်အငှားသွားရောက်ကစားခဲ့သူလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဘက်ကလည်း ဖီးလ်ဂျုံးစ်၊ စမောလင်း ၊ ရိုဂျို နဲ့ ပါရဲရားတို့အတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေတယ်လို့ သိရပါတယ်။

ယူႏိုက္တက္ကြင္းလယ္လူ ပါရဲရားကို ေခၚယူရန္ ပစ္မွတ္ထားေနတဲ့ ဘင္ဖီကာ နဲ႔ ဗလင္စီယာ

ဘင္ဖီကာ နဲ႔ ဗလင္စီယာ အသင္းတို႔ဟာ ယူႏိုက္တက္ ကြင္းလယ္လူ ပါရဲရားကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ပါရဲရားဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီဒုတိယရာသီ၀က္မွာ အသင္းကို ဘရူႏိုဖာနန္ဒက္စ္ေရာက္လာျပီးေနာက္ပိုင္း ပြဲထြက္ကစားခြင့္ရရန္ ရုန္းကန္ေနရျပီး အရန္ကစားသမားအျဖစ္သာ တစ္ခါတစ္ရံမွ ကစားခြင့္ရခဲ့သူျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အရြယ္ကစားသမားဟာ ျပီးခဲ့တဲ့ ႏွစ္ကမွ ယူႏိုက္တက္နဲ႔ ကာလရွည္ စာခ်ဳပ္သစ္တစ္ရပ္ ခ်ဳပ္ဆိုခဲ့ေပမယ့္ ESPN က အဆုိအရ ကစားသမားဟာ ပံုမွန္ပြဲကစားခြင့္ ရလိုေနျပီး ဒီေႏြရာသီမွာ အသင္းက ထြက္ခြာႏိုင္ဖြယ္ရွိတယ္လို႔ သိရပါတယ္။

ေပၚတူဂီထိပ္သီးကလပ္ ဘင္ဖီကာ နဲ႔ စပိန္လာလီဂါကလပ္ ဗလင္စီယာအသင္းတို႔ဟာ ဘရာဇီးလက္ေရြးစင္အသင္းအတြက္ တစ္ပြဲကစား ကစားေပးထားတဲ့ ကြင္းလယ္ဖန္တီးရွင္ကို ေခၚယူရန္ စိတ္၀င္စားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ပါရဲရားဟာ ဗလင္စီယာအသင္းမွာ (၂) ႏွစ္အငွားသြားေရာက္ကစားခဲ့သူလည္း ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းဘက္ကလည္း ဖီးလ္ဂ်ံဳးစ္၊ စေမာလင္း ၊ ရိုဂိ်ဳ နဲ႔ ပါရဲရားတုိ႔အတြက္ ကမ္းလွမ္းမႈေတြကို နားစြင့္ေနတယ္လို႔ သိရပါတယ္။