နာဘရီ ဒီလို ကြီးကျယ်တဲ့ ကစားသမားဖြစ်လာမှာကို ကြိုသိခဲ့တယ်လို့ ဆိုလိုက်တဲ့ အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါး

အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက နာဘရီဟာ ကမ္ဘာ့အကောင်းဆုံးတောင်ပံကစားသမား တစ်ယောက်ဖြစ်လာမှာကို ကြိုသိခဲ့တယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။ အာစင်ဝင်းဂါးဟာ နာဘရီကို ၂၀၁၁ ခုနှစ်က ဂျာမန်ကလပ် စတုဂတ်ကနေ သူအသက် ဆယ်ကျော်သက်အရွယ်တုန်းက ခေါ်ယူခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း နာဘရီဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် (၁၁) ပွဲသာ ကစားခဲ့ရပြီး ၂၀၁၅ ခုနှစ် နွေရာသီမှာ ဝက်စ်ဘရွန်းထံ အငှားသွားရောက်ကစားခဲ့ရပါတယ်။ဝက်စ်ဘရွန်းမှာလည်း သူဟာ ခက်ခဲရုန်းကန်ခဲ့ရပြီး နည်းပြတိုနီပူးလစ်က နာဘရီဟာ သူ့ရဲ့ ပထမပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခွင့်ရသလောက် မကောင်းဘူးလို့ ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ၂၀၁၆ ဇန်နဝါရီမှာ အာဆင်နယ်ကို ပြန်လာခဲ့ပြီးနောက် အသင်းမှာ ဆက်မနေဖို့ ဆုံးဖြတ်ခဲ့ပြီး ဝါဒါဘရီမင်အသင်းထံ ပြောင်းသွားခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၁၇ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ယခုအခါ ကမ္ဘာ့အကောင်း တောင်ပံ ကစားသမား တစ်ယောက်ဖြစ်နေပါပြီ။အာစင်ဝင်းဂါးက နာဘီရီကို အသင်းမှာ ဆက်နေရန် မလုပ်နိုင်ခဲ့လို့ စိတ်ပျက်ခဲ့တယ်လို့ ဝန်ခံပြောသွားခဲ့ပါတယ်။

“ကျွန်တော်သူ အသက် ၁၅ နှစ်တုန်းက စတုဂတ်ကနေ ဝယ်ယူခဲ့ပြီး သူဟာ ဒဏ်ရာ တော်တေ်ာရခဲ့ပါတယ်။ ကျွန်တော်တို့ သူနဲ့ သဘောတူညီမှု တစ်ခု ထားခဲ့တာကို သိကြမှာပါ။ ကျွန်တော်သူ့ကို ဝက်စ်ဘရွန်းထံ အငှားချခဲ့ပြီး သူတစ်ပွဲတောင် မကစားခဲ့ရပါဘူး။ သူပြန်လာတယ် ၊ ဒဏ်ရာရခဲ့တယ်။ ကျွန်တော်တို့ သူနဲ့ (၆) လောက်လောက် ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့ပြီး သူဟာ ဂျာမနီလက်ရွေးစင်လူငယ် အသင်းနဲ့ ကစားဖို့ ထွက်သွားခဲ့တယ်။

ပြီးတေ့ာ ဘိုင်ယန်မြူးနစ်က ဝါဒါဘရီမင် အသင်းနဲ့ သဘောတူညီမှု ရခဲ့တယ်။ သူကလည်း လက်မှတ်ထိုးချင်နေခဲ့တာပါ။ သူအာဆင်နယ်မှာ ဆက်မနေချင်ခဲ့တာဖြစ်ပြီး ကျွန်တော် အရမ်းဝမ်းနည်းခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ ဒီလို ကြီးကျယ်တဲ့ ကစားသမားဘ၀ ရရှိမယ်ဆိုတာက ကျွန်တော်သိခဲ့ပါတယ်” လို့ အာစင်ဝင်းဂါးက beIN SPORTS နဲ့ ဗုဒ္ဓဟူးနေ့ညက အင်တာဗျူးမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

နာဘရီ ဒီလို ၾကီးက်ယ္တဲ့ ကစားသမားျဖစ္လာမွာကို ၾကိဳသိခဲ့တယ္လို႔ ဆိုလိုက္တဲ့ အာဆင္နယ္နည္းျပေဟာင္း အာစင္၀င္းဂါး

အာဆင္နယ္နည္းျပေဟာင္း အာစင္၀င္းဂါးက နာဘရီဟာ ကမာၻ႕အေကာင္းဆံုးေတာင္ပံကစားသမား တစ္ေယာက္ျဖစ္လာမွာကို ၾကိဳသိခဲ့တယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။ အာစင္၀င္းဂါးဟာ နာဘရီကို ၂၀၁၁ ခုႏွစ္က ဂ်ာမန္ကလပ္ စတုဂတ္ကေန သူအသက္ ဆယ္ေက်ာ္သက္အရြယ္တုန္းက ေခၚယူခ့ဲတာျဖစ္ပါတယ္။

သိုိ႔ေသာ္လည္း နာဘရီဟာ အာဆင္နယ္အသင္းအတြက္ ပရီးမီးယားလိဂ္ (၁၁) ပြဲသာ ကစားခဲ့ရျပီး ၂၀၁၅ ခုႏွစ္ ေႏြရာသီမွာ ၀က္စ္ဘရြန္းထံ အငွားသြားေရာက္ကစားခဲ့ရပါတယ္။၀က္စ္ဘရြန္းမွာလည္း သူဟာ ခက္ခဲရုန္းကန္ခဲ့ရျပီး နည္းျပတိုနီပူးလစ္က နာဘရီဟာ သူ႔ရဲ႕ ပထမပြဲထြက္လူစာရင္းမွာ ပါ၀င္ကစားခြင့္ရသေလာက္ မေကာင္းဘူးလို႔ ေ၀ဖန္သြားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီေနာက္ ၂၀၁၆ ဇန္န၀ါရီမွာ အာဆင္နယ္ကို ျပန္လာခဲ့ျပီးေနာက္ အသင္းမွာ ဆက္မေနဖို႔ ဆံုးျဖတ္ခဲ့ျပီး ၀ါဒါဘရီမင္အသင္းထံ ေျပာင္းသြားခဲ့ပါတယ္။ အဲ့ဒီေနာက္ ၂၀၁၇ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းထံ ေျပာင္းေရႊ႕ခဲ့ျပီး ယခုအခါ ကမာၻ႕အေကာင္း ေတာင္ပံ ကစားသမား တစ္ေယာက္ျဖစ္ေနပါျပီ။အာစင္၀င္းဂါးက နာဘီရီကို အသင္းမွာ ဆက္ေနရန္ မလုပ္ႏိုင္ခဲ့လို႔ စိတ္ပ်က္ခဲ့တယ္လို႔ ၀န္ခံေျပာသြားခဲ့ပါတယ္။

“ကၽြန္ေတာ္သူ အသက္ ၁၅ ႏွစ္တုန္းက စတုဂတ္ကေန ၀ယ္ယူခဲ့ျပီး သူဟာ ဒဏ္ရာ ေတာ္ေတ္ာရခဲ့ပါတယ္။ ကၽြန္ေတာ္တို႔ သူနဲ႔ သေဘာတူညီမႈ တစ္ခု ထားခဲ့တာကို သိၾကမွာပါ။ ကၽြန္ေတာ္သူ႔ကို ၀က္စ္ဘရြန္းထံ အငွားခ်ခဲ့ျပီး သူတစ္ပြဲေတာင္ မကစားခဲ့ရပါဘူး။ သူျပန္လာတယ္ ၊ ဒဏ္ရာရခဲ့တယ္။ ကၽြန္ေတာ္တို႔ သူနဲ႔ (၆) ေလာက္ေလာက္ ၾကိဳးၾကိဳးစားစားအလုပ္လုပ္ခဲ့ျပီး သူဟာ ဂ်ာမနီလက္ေရြးစင္လူငယ္ အသင္းနဲ႔ ကစားဖို႔ ထြက္သြားခဲ့တယ္။

ျပီးေတ့ာ ဘိုင္ယန္ျမဴးနစ္က ၀ါဒါဘရီမင္ အသင္းနဲ႔ သေဘာတူညီမႈ ရခဲ့တယ္။ သူကလည္း လက္မွတ္ထုိးခ်င္ေနခဲ့တာပါ။ သူအာဆင္နယ္မွာ ဆက္မေနခ်င္ခဲ့တာျဖစ္ျပီး ကၽြန္ေတာ္ အရမ္း၀မ္းနည္းခဲ့ရပါတယ္။ ဒါေပမယ့္ သူဟာ ဒီလို ၾကီးက်ယ္တဲ့ ကစားသမားဘ၀ ရရွိမယ္ဆိုတာက ကၽြန္ေတာ္သိခဲ့ပါတယ္” လို႔ အာစင္၀င္းဂါးက beIN SPORTS နဲ႔ ဗုဒၶဟူးေန႔ညက အင္တာဗ်ဴးမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။