လီဗာပူးလ်ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်း ကို ခေါ်ယူရန် ရည်ရွယ်ထားတဲ့ ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်း

ဘာစီလိုနာနည်းပြသစ် ရော်နယ်ကိုးမန်းဟာ လီဗာပူးလ်ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းကို ခေါ်ယူရန် ရည်ရွယ်လာတယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အသက် ၂၉ နှစ်အရွယ်ကွင်းလယ်လူဟာ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်တောင် မကျန်တော့တာဖြစ်ပြီး အခုအချိန်အထိ စာချုပ်သက်တမ်းတိုးဖို့ ဘာသတင်းမှ မထွက်ပေါ်လာသေးပါဘူး။

ဘာစီလိုနာနည်းပြသစ်ဖြစ်လာတဲ့ ရော်နယ်ကိုးမန်းဟာ ဝိုင်နယ်လ်ဒမ်းကို အန်ဖီးလ်နဲ့ စာချုပ်သစ်ထပ်မချုပ်ရန် ပြောခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး ဘာစီလိုနာကို ခေါ်ယူရန် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ရေ်ာနယ်ကိုးမန်း နဲ့ ဝိုင်နယ်လ်ဒမ်းတို့ဟာ နယ်သာလန်လက်ရွေးစင်အသင်းမှာ နီးနီးကပ်ကပ်အတူတူ အလုပ်တွဲလုပ်ခဲ့ကြသူတွေဖြစ်ပါတယ်။ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို (၈-၂) နဲ့ ရှုံးနိမ့်ပြီးနောက်ဘာစီလိုနာအသင်းဟာ ရော်နယ်ကိုးမန်းကို နည်းပြသစ်အဖြစ် ဗုဒ္ဓဟူးနေ့က တရားဝင်ခန့်အပ်လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

အသင်းဟာ နွေရာသီအပြောင်းအရွှေ့မှာ ပြောင်းလဲမှုတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။ အသင်းက ဂရစ်ဇ်မန်း၊ ဆွာရက်ဇ်၊ ဘက်စ်ကွက်စ် နဲ့ ဂျော်ဒီအယ်လ်ဘာ တို့အားလုံးရဲ့ အနာဂတ် ဟာ မသေချာမရေရာတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။လီဗာပူးလ်အသင်းအနေနဲ့ ဝိုင်နယ်လ်ဒမ်းကို စာချုပ်သက်တမ်းမတိုးနိုင်ပါက ဘာစီလိုနာအသင်းဟာ ဇန်နဝါရီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အကြိုခေါ်ယူခွင့်ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ဝိုင်နယ်လ်ဒမ်းဟာ လီဗာပူးလ်ကို ၂၀၁၆ ခုနှစ်က နယူးကာဆယ်အသင်းကနေ ပေါင် ၂၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပြီး ချန်ပီယံလိဂ် နဲ့ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးထားနိုင်ခဲ့သူဖြစ်ပါတယ်။ ကျောနံပါတ် (၅) ဟာ လီဗာပူးလ်အသင်းအတွက် ပွဲပေါင်း (၁၈၆) ပွဲကစားထားပြီး (၁၉) ဂိုးသွင်းပေးထားပါတယ်။

လီဗာပူးလ္ကြင္းလယ္လူ ၀ိုင္နယ္လ္ဒမ္း ကို ေခၚယူရန္ ရည္ရြယ္ထားတဲ့ ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္း

ဘာစီလိုနာနည္းျပသစ္ ေရာ္နယ္ကိုးမန္းဟာ လီဗာပူးလ္ကြင္းလယ္လူ ၀ိုင္နယ္လ္ဒမ္းကို ေခၚယူရန္ ရည္ရြယ္လာတယ္လို႔ သတင္းေတြထြက္ေပၚလာပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ကြင္းလယ္လူဟာ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ေတာင္ မက်န္ေတာ့တာျဖစ္ျပီး အခုအခ်ိန္အထိ စာခ်ဳပ္သက္တမ္းတိုးဖို႔ ဘာသတင္းမွ မထြက္ေပၚလာေသးပါဘူး။

ဘာစီလိုနာနည္းျပသစ္ျဖစ္လာတဲ့ ေရာ္နယ္ကိုးမန္းဟာ ၀ိုင္နယ္လ္ဒမ္းကို အန္ဖီးလ္နဲ႔ စာခ်ဳပ္သစ္ထပ္မခ်ဳပ္ရန္ ေျပာခဲ့တယ္လို႔ သတင္းထြက္ေပၚခဲ့ျပီး ဘာစီလုိနာကို ေခၚယူရန္ ရည္ရြယ္ထားတယ္လို႔ သိရပါတယ္။ေရ္ာနယ္ကိုးမန္း နဲ႔ ၀ုိင္နယ္လ္ဒမ္းတို႔ဟာ နယ္သာလန္လက္ေရြးစင္အသင္းမွာ နီးနီးကပ္ကပ္အတူတူ အလုပ္တြဲလုပ္ခဲ့ၾကသူေတြျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ျမဴးနစ္ကို (၈-၂) နဲ႔ ရႈံးနိမ့္ျပီးေနာက္ဘာစီလိုနာအသင္းဟာ ေရာ္နယ္ကိုးမန္းကို နည္းျပသစ္အျဖစ္ ဗုဒၶဟူးေန႔က တရား၀င္ခန္႔အပ္လိုက္ျပီလို႔ ေၾကညာခဲ့ပါတယ္။

အသင္းဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ေျပာင္းလဲမႈေတြ လုပ္သြားမယ္လို႔လည္း သိရပါတယ္။ အသင္းက ဂရစ္ဇ္မန္း၊ ဆြာရက္ဇ္၊ ဘက္စ္ကြက္စ္ နဲ႔ ေဂ်ာ္ဒီအယ္လ္ဘာ တို႔အားလံုးရဲ႕ အနာဂတ္ ဟာ မေသခ်ာမေရရာေတာ့ဘူးလို႔ သတင္းေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။လီဗာပူးလ္အသင္းအေနနဲ႔ ၀ုိင္နယ္လ္ဒမ္းကို စာခ်ဳပ္သက္တမ္းမတိုးႏိုင္ပါက ဘာစီလိုနာအသင္းဟာ ဇန္န၀ါရီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အၾကိဳေခၚယူခြင့္ရရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

၀ိုင္နယ္လ္ဒမ္းဟာ လီဗာပူးလ္ကို ၂၀၁၆ ခုႏွစ္က နယူးကာဆယ္အသင္းကေန ေပါင္ ၂၅ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့ျပီး ခ်န္ပီယံလိဂ္ နဲ႔ ပရီးမီးယားလိဂ္ဖလားကို ဆြတ္ခူးထားႏိုင္ခဲ့သူျဖစ္ပါတယ္။ ေက်ာနံပါတ္ (၅) ဟာ လီဗာပူးလ္အသင္းအတြက္ ပြဲေပါင္း (၁၈၆) ပြဲကစားထားျပီး (၁၉) ဂိုးသြင္းေပးထားပါတယ္။