ဂွါဒီယိုလာနဲ့ ကလော့ပ်တို့က အလိုရှိနေတဲ့ ထရာအိုရေးကို ပေါင်သန်း ၇၀ ရမှာသာ ဝုဗ်အနေနဲ့ လက်လွှတ်မယ်လို့ သိရ

ဝုလ်ဗာဟမ်တန်အသင်းရဲ့ တောင်ပံတိုက်စစ်မှူး ထရာအိုရေးကို ခေါ်ယူဖို့အတွက် ပရီးမီးယားလိဂ်အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးအသင်းတို့က စိတ်ဝင်စားနေပေမယ့် ဝုဗ်အသင်းကတော့သူတို့ရဲ့ ကစားသမားကို ပေါင်သန်း ၇၀ ရမှ လက်လွှတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ထရာအိုရေးဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံမှာ ဝုလ်ဗာဟမ်တန်အတွက် ၆ဂိုးသွင်း ပြီး ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။


ထရာအိုရေးအနေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းကြီးတွေနဲ့ ကစားခဲ့တဲ့ပွဲတွေမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး သူရဲ့အမှတ်အသားလို့ ဆိုရမယ့် လျင်မြန်တဲ့ပြေးအားနဲ့ ပြိုင်ဘက်အသင်းတွေကို ဖိအားပေးနိုင်ခဲ့တာကြောင့် မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ လီဗာ ပူးနည်းပြ ကလော့ပ်တို့က ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာပဲ ဖြစ်ပါတယ်။ ထရာအိုရေးဟာ ဝုလ်ဗာဟမ်တန်နဲ့ စာချုပ်သက်တမ်း သုံးနှစ်ကျန်သေးသလို နည်းပြ ဆန်းတို့စ်အနေနဲ့လည်း သူကိုလက်မလွှတ်ချင်ဘူးလို့ သိရပါတယ်။


ထရာအိုရေးနဲ့ ပတ်သက်ပြီး လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်က “ ဒဏ်ရာကြောင့် ထရာအိုရေးအနေနဲ့ မကစားရတဲ့အခိုက် အတန့်တွေရှိနိုင်ပေမယ့် ကစားရတဲ့အချိန်မှာ မယုံကြည်နိုင်လောက်အောင် သူအနေနဲ့ကစားနိုင်ပါတယ်” လို့ ပြောခဲ့သလို မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း “ ထရာအိုရေးက မော်တော်ဆိုင်ကယ်လို့တောင် တင်စားရမယ့်သူပါ။ သူကို ဘယ်သူ မှ ရပ်တန့်သွားအောင် လုပ်ဖို့မလွယ်ပါဘူး။” လို့ပြောခဲ့ပါတယ်။


မန်စီးနည်းပြ ဂွါဒီယိုလာအနေနဲ့ ထရာအိုရေးကိုခေါ်ယူဖို့အတွက် ၂၀၁၅ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ကတည်းက စိတ်ဝင်စားမှုရှိခဲ့တာလို့ သိရပါတယ်။ ဘာစီလိုနာ လူငယ်အသင်းမှာ ၁၁ နှစ်ကြာကစားခဲ့ပြီး အသင်းကြီးအတွက် ၁ ပွဲသာ ကစားခွင့်ရခဲ့တဲ့ ထရာအိုရေးဟာ ၂၀၁၅ ခုနှစ်မှာတော့ ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ အက်စ်တွန်ဗီလာကို ပြောင်းရွှေ့ခဲ့ပါ တယ်။ အက်စ်တွန်ဗီလာကနေ မစ်ဒယ်ဘရော့ကို ပြောင်းခဲ့ပြီးမှ ဝုလ်ဗာဟမ်တန်ကို ရောက်ရှိခဲ့သူလည်း ဖြစ်ပါတယ်။

zawgyi version

ဂြါဒီယိုလာနဲ႔ ကေလာ့ပ္တို႔က အလိုရွိေနတဲ့ ထရာအိုေရးကို ေပါင္သန္း ၇၀ ရမွာသာ ဝုဗ္အေနနဲ႔ လက္လႊတ္မယ္လို႔ သိရ
ဝုလ္ဗာဟမ္တန္အသင္းရဲ႕ ေတာင္ပံတိုက္စစ္မွဴး ထရာအိုေရးကို ေခၚယူဖို႔အတြက္ ပရီးမီးယားလိဂ္အသင္းႀကီးေတြျဖစ္တဲ့ မန္စီးတီး၊ လီဗာပူးအသင္းတို႔က စိတ္ဝင္စားေနေပမယ့္ ဝုဗ္အသင္းကေတာ့သူတို႔ရဲ႕ ကစားသမားကို ေပါင္သန္း ၇၀ ရမွ လက္လႊတ္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ထရာအိုေရးဟာ ၿပီးခဲ့တဲ့ရာသီက ၿပိဳင္ပြဲစံုမွာ ဝုလ္ဗာဟမ္တန္အတြက္ ၆ဂိုးသြင္း ၿပီး ဂိုးဖန္တီးမႈ ၉ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့သူျဖစ္ပါတယ္။
ထရာအိုေရးအေနနဲ႔ ၿပီးခဲ့တဲ့ရာသီတုန္းက အသင္းႀကီးေတြနဲ႔ ကစားခဲ့တဲ့ပြဲေတြမွာ ေျခစြမ္းျပႏိုင္ခဲ့ၿပီး သူရဲ႕အမွတ္အသားလို႔ ဆိုရမယ့္ လ်င္ျမန္တဲ့ေျပးအားနဲ႔ ၿပိဳင္ဘက္အသင္းေတြကို ဖိအားေပးႏိုင္ခဲ့တာေၾကာင့္ မန္စီးတီးနည္းျပ ဂြါဒီယိုလာနဲ႔ လီဗာ ပူးနည္းျပ ကေလာ့ပ္တို႔က ေခၚယူဖို႔ စိတ္ဝင္စားခဲ့တာပဲ ျဖစ္ပါတယ္။ ထရာအိုေရးဟာ ဝုလ္ဗာဟမ္တန္နဲ႔ စာခ်ဳပ္သက္တမ္း သံုးႏွစ္က်န္ေသးသလို နည္းျပ ဆန္းတို႔စ္အေနနဲ႔လည္း သူကိုလက္မလႊတ္ခ်င္ဘူးလို႔ သိရပါတယ္။
ထရာအိုေရးနဲ႔ ပတ္သက္ၿပီး လီဗာပူးနည္းျပ ဂ်ာဂင္ကေလာ့ပ္က “ ဒဏ္ရာေၾကာင့္ ထရာအိုေရးအေနနဲ႔ မကစားရတဲ့အခိုက္ အတန္႔ေတြရွိႏိုင္ေပမယ့္ ကစားရတဲ့အခ်ိန္မွာ မယံုၾကည္ႏိုင္ေလာက္ေအာင္ သူအေနနဲ႔ကစားႏိုင္ပါတယ္” လို႔ ေျပာခဲ့သလို မန္စီးတီးနည္းျပ ဂြါဒီယိုလာကလည္း “ ထရာအိုေရးက ေမာ္ေတာ္ဆိုင္ကယ္လို႔ေတာင္ တင္စားရမယ့္သူပါ။ သူကို ဘယ္သူ မွ ရပ္တန္႔သြားေအာင္ လုပ္ဖို႔မလြယ္ပါဘူး။” လို႔ေျပာခဲ့ပါတယ္။
မန္စီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ ထရာအိုေရးကိုေခၚယူဖို႔အတြက္ ၂၀၁၅ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္ကို ကိုင္တြယ္ကတည္းက စိတ္ဝင္စားမႈရွိခဲ့တာလို႔ သိရပါတယ္။ ဘာစီလိုနာ လူငယ္အသင္းမွာ ၁၁ ႏွစ္ၾကာကစားခဲ့ၿပီး အသင္းႀကီးအတြက္ ၁ ပြဲသာ ကစားခြင့္ရခဲ့တဲ့ ထရာအိုေရးဟာ ၂၀၁၅ ခုႏွစ္မွာေတာ့ ပရီးမီးယားလိဂ္ကလပ္ျဖစ္တဲ့ အက္စ္တြန္ဗီလာကို ေျပာင္းေရႊ႕ခဲ့ပါ တယ္။ အက္စ္တြန္ဗီလာကေန မစ္ဒယ္ဘေရာ့ကို ေျပာင္းခဲ့ၿပီးမွ ဝုလ္ဗာဟမ္တန္ကို ေရာက္ရွိခဲ့သူလည္း ျဖစ္ပါတယ္။