၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ပရီးမီးယားလိဂ် ပွဲစဉ်ဇယား ထွက်ပေါ်လာပြီး ပွဲစဉ်-၁ မှာအသင်းကြီးအချင်းချင်း ထိပ်တိုက် မတွေ့ဆုံခဲ့

၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယားတွေထွက်ပေါ်လာခဲ့တာဖြစ်ပြီး အဖွင့်ပွဲစဉ်-၁ မှာတော့ အသင်းကြီးအချင်းချင်းထိပ်တိုက်တွေ့ဆုံတဲ့ပွဲစဉ်တွေ မပါခဲ့ဘူးလို့ သိရပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအနေနဲ့ အဖွင့်ပွဲစဉ်မှာ ချန်ပီယံရှစ်ချန်ပီယံဖြစ်ခဲ့တဲ့ လိဒ်နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး မန်စီးတီးက အက်စ်တွန်ဗီလာ၊မန်ယူက ဘန်လေ၊ ချဲလ်ဆီးက ဘရိုက်တန်အသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။


စတင်ကစားမယ့်ပွဲစဉ်-၁ မှာတော့ ဥရောပပွဲစဉ်တွေကစားပြီး အနားရယူရမယ့် ရက် ၃၀ မပြည့်သေးတဲ့ မန်စီးတီး-အက်စ် တွန်ဗီလာ၊ဘန်လေ- ယူနိုက်တက် ပွဲစဉ်တွေကို ကစားမှာမဟုတ်ဘဲ ၈ပွဲပဲ ကစားမှာဖြစ်တယ်လို့ သိရပါတယ်။ဒါကြောင့် မန်ချက်စတာမြို့ခံနှစ်သင်းစလုံးဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို ကစားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်ချန်ပီယံဖြစ်တဲ့ လီဗာပူးအနေနဲ့ ပွဲစဉ်-၂ မှာ ချဲလ်ဆီးကို အဝေးကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပွဲစဉ်-၃ မှာတော့ အာဆင်နယ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။ ယူနိုက်တက်က အသင်းကြီးအချင်းချင်းထိပ်တိုက် တွေ့ဆုံတဲ့ပွဲစဉ်အဖြစ် ပွဲစဉ်-၄ရောက်မှ စပါးကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး မန်စီးတီးက ပွဲစဉ်-၅ ရောက်မှ အာဆင်နယ်ကို အိမ်ကွင်းမှာ လက်ခံကစားရမှာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ အသင်းကြီး ၆သင်းနဲ့ ကစားရမယ့် ပထမအကျော့ပွဲစဉ်တွေထဲမှာ လီဗာပူးတစ်သင်းတည်းကိုသာ အဝေး ကွင်းမှာ ကစားရမှာဖြစ်ပြီး မန်စီးတီး၊ချဲလ်ဆီး၊ အာဆင်နယ်နဲ့စပါးတို့ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။၂၀၂၀- ၂၁ ဘောလုံးရာသီရဲ့ မန်ချက်စတာဒါဘီပွဲကိုတော့ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ကစားမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီ ယံအတွက် အကြိတ်အနယ်ဖြစ်ခဲ့တဲ့ လီဗာပူးနဲ့မန်စီးတီးတို့ တွေ့ဆုံမှုကတော့ ပွဲစဉ်-၈ မှာ တွေ့ဆုံတာဖြစ်ပြီး မန်စီးတီးကွင်း အီတီဟတ်မှာ စတင်ကစားမှာပဲ ဖြစ်ပါတယ်။

zawgyi version

၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ပရီးမီးယားလိဂ္ ပြဲစဥ္ဇယား ထြက္ေပၚလာၿပီး ပြဲစဥ္-၁ မွာအသင္းႀကီးအခ်င္းခ်င္း ထိပ္တိုက္ မေတြ႕ဆံုခဲ့
၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ဇယားေတြထြက္ေပၚလာခဲ့တာျဖစ္ၿပီး အဖြင့္ပြဲစဥ္-၁ မွာေတာ့ အသင္းႀကီးအခ်င္းခ်င္းထိပ္တိုက္ေတြ႕ဆံုတဲ့ပြဲစဥ္ေတြ မပါခဲ့ဘူးလို႔ သိရပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအေနနဲ႔ အဖြင့္ပြဲစဥ္မွာ ခ်န္ပီယံရွစ္ခ်န္ပီယံျဖစ္ခဲ့တဲ့ လိဒ္နဲ႔ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး မန္စီးတီးက အက္စ္တြန္ဗီလာ၊မန္ယူက ဘန္ေလ၊ ခ်ဲလ္ဆီးက ဘ႐ိုက္တန္အသင္းတို႔နဲ႔ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။
စတင္ကစားမယ့္ပြဲစဥ္-၁ မွာေတာ့ ဥေရာပပြဲစဥ္ေတြကစားၿပီး အနားရယူရမယ့္ ရက္ ၃၀ မျပည့္ေသးတဲ့ မန္စီးတီး-အက္စ္ တြန္ဗီလာ၊ဘန္ေလ- ယူႏိုက္တက္ ပြဲစဥ္ေတြကို ကစားမွာမဟုတ္ဘဲ ၈ပြဲပဲ ကစားမွာျဖစ္တယ္လို႔ သိရပါတယ္။ဒါေၾကာင့္ မန္ခ်က္စတာၿမိဳ႕ခံႏွစ္သင္းစလံုးဟာ စက္တင္ဘာလ ၁၉ ရက္ေန႔မွာ ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္ကို ကစားမွာ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္တဲ့ လီဗာပူးအေနနဲ႔ ပြဲစဥ္-၂ မွာ ခ်ဲလ္ဆီးကို အေဝးကြင္းမွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး ပြဲစဥ္-၃ မွာေတာ့ အာဆင္နယ္ကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။ ယူႏိုက္တက္က အသင္းႀကီးအခ်င္းခ်င္းထိပ္တိုက္ ေတြ႕ဆံုတဲ့ပြဲစဥ္အျဖစ္ ပြဲစဥ္-၄ေရာက္မွ စပါးကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ၿပီး မန္စီးတီးက ပြဲစဥ္-၅ ေရာက္မွ အာဆင္နယ္ကို အိမ္ကြင္းမွာ လက္ခံကစားရမွာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ အသင္းႀကီး ၆သင္းနဲ႔ ကစားရမယ့္ ပထမအေက်ာ့ပြဲစဥ္ေတြထဲမွာ လီဗာပူးတစ္သင္းတည္းကိုသာ အေဝး ကြင္းမွာ ကစားရမွာျဖစ္ၿပီး မန္စီးတီး၊ခ်ဲလ္ဆီး၊ အာဆင္နယ္နဲ႔စပါးတို႔ကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ပါတယ္။၂၀၂၀- ၂၁ ေဘာလံုးရာသီရဲ႕ မန္ခ်က္စတာဒါဘီပြဲကိုေတာ့ ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ ကစားမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီ ယံအတြက္ အႀကိတ္အနယ္ျဖစ္ခဲ့တဲ့ လီဗာပူးနဲ႔မန္စီးတီးတို႔ ေတြ႕ဆံုမႈကေတာ့ ပြဲစဥ္-၈ မွာ ေတြ႕ဆံုတာျဖစ္ၿပီး မန္စီးတီးကြင္း အီတီဟတ္မွာ စတင္ကစားမွာပဲ ျဖစ္ပါတယ္။