ယူနိုက်တက်မှာ ဒီဂီယာနဲ့နေရာလုဖို့အတွက် ရှက်ဖီးယူနိုက်တက်ကို နှုတ်ဆက်စကားပြောခဲ့တဲ့ ဟန်ဒါဆန်

ယူနိုက်တက်ကနေ ရှက်ဖီးယူနိုက်တက်ကို အဌားနဲ့ သွားရောက်ကစားနေပြီး လက်စွမ်းပြခဲ့တာကြောင့် အသင်းကို ပြန် လည်ပြောင်းရွှေ့တော့မှာ ဖြစ်တဲ့ ဟန်ဒါဆန်က ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ပတ်သက်သူတွေကို နှုတ်ဆက်မှုပြုလုပ်ခဲ့ တယ်လို့ သိရပါတယ်။ ဟန်ဒါဆန်အနေနဲ့ ရှက်ဖီးယူနိုက်တက်မှာ အဌားနဲ့ နှစ်ရာသီ လာကစားခဲ့ပြီး လက်စွမ်းပြနိုင်ခဲ့တာ ကြောင့် ယူနိုက်တက်အသင်းက ပြန်လည်ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ယူနိုက်တက်အနေနဲ့ လက်စွမ်းကျနေတဲ့ ဒီဂီယာကို ဖိအားပေးနိုင်ဖို့အတွက် ဟန်ဒါဆန်ကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်သလို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတာကို ရပ်တန့်ဖို့အတွက်လည်း ပါဝင်ခဲ့ပါတယ်။ နောက်ဆုံးသတင်းတွေအရ ယူနိုက်တက်အနေနဲ့ ဟန်ဒါဆန်ကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ စာချုပ်သစ် အရ ဟန်ဒါဆန်အနေနဲ့ ယူနိုက်တက်မှာ တစ်ပတ်ကိုလုပ်ခလစာပေါင် တစ်သိန်းရရှိမယ်လို့ သိရပါတယ်။ယူနိုက်တက်ကို ပြန်လည်ပြောင်းရွှေ့ဖို့ သေချာသွားပြီးနောက်မှာတော့ ဟန်ဒါဆန်က “ လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်တော်ကို ခေါ်ယူပြီး အခွင့်အရေးပေးခဲ့တဲ့ ရှက်ဖီးယူနိုက်တက်အသင်းမှာရှိတဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ကို တန်းတက်နိုင်ခဲ့သလို ဒီရာသီမှာလည်း အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်ကိုပြန် ကြည့်မယ်ဆိုရင် ကစားသမားဘဝမှာ အရေးပါခဲ့ပေမယ့် လက်ရှိမှာတော့ နောက်ထပ်သင်ယူစရာတွေကြောင့် အသင်းနဲ့ လမ်းခွဲရတော့မယ်” လို့ ရေးပြီး သူရဲ့ဆိုရှယ်မီဒီယာအကောင့်မှာ တင်ခဲ့တာပဲ ဖြစ်ပါတယ်။ရှက်ဖီးယူနိုက်တက်ကတော့ ဟန်ဒါဆန်ရဲ့နေရာမှာ အစားထိုးဖို့အတွက် ဘုန်းမောက်ဂိုးသမား ရမ်ဒလီကို ပေါင် ၁၈.၅သန်း နဲ့ ခေါ်ယူထားတယ်လို့ သိရပါတယ်။ ဟန်ဒါဆန်အနေနဲ့ ယူနိုက်တက်မှာ ပွဲထွက်ဦးစားပေးကစားခွင့်ရဖို့ အတွက် ဒီဂီယာနဲ့ ယှဉ်ပြိုင်ရဖို့ ရှိသလို ရိုမီယို၊ လီဂရန့်တို့လို ကစားသမားတွေနဲ့လည်း ပြိုင်ဆိုင်ရဖို့ ရှိနေပါတယ်။ ယူနိုက်တက်ကို ပြန်လည် ရောက်ရှိသွားတာကြောင့် ချဲလ်ဆီးအနေနဲ့ ဟန်ဒါဆန်ကို ခေါ်ယူဖို့အတွက် ခက်ခဲသွားပြီလို့ သတင်းတွေက ဖော်ပြကြပါတယ်။