၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ကို မန်ချက်စတာနှစ်သင်းရဲ့ပွဲစဉ်တွေ မပါဘဲ ကျင်းပမယ်လို့ သိရ

၂၀၂၀-၂၁ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ဇယား ရေးဆွဲနေပေမယ့် အဖွင့်ပွဲစဉ်ဖြစ်တဲ့ ပွဲစဉ်-၁ မှာ မန်ချက်စတာမြို့ခံအသင်းတွေဖြစ်တဲ့ ယူနိုက်တက်နဲ့ မန်စီးတီးတို့ ကစားမယ့်ပွဲစဉ်တွေ မပါဘဲကျင်းပရတော့မယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ကိုဗစ်ကြောင့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ၃ လလောက်ရပ်နားခဲ့ရတာ ကြောင့် ဇူလိုင်လ ၂၆ ရက်နေ့ကမှ ရာသီပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။


၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုတော့ လာမယ့်စက်တင်ဘာ ၁၂ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပေမဲ့ ဥရောပပြိုင်ပွဲတွေမှာ မန်စီးတီးက သြဂုတ်လ ၁၅ ရက်နေမှာချန်ပီယံလိဂ်ကွာတားဖိုင်နယ် နဲ့ ယူနိုက်တက်က သြဂုတ်လ ၁၆ ရက်နေ့မှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်တွေအထိ ကစားခဲ့ရပါတယ်။ အသင်းတစ်သင်းအနေနဲ့ လာမယ့်ရာသီမတိုင်ခင် အနည်းဆုံး ရက် ၃၀ ခန့် အနားယူဖို့ လိုအပ်တယ်လို့ သတ်မှတ်ထားလို့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ မန်ချက်စတာ နှစ်သင်းရဲ့ ပွဲစဉ်တွေ မပါဝင်တာပဲ ဖြစ်ပါတယ်။


ဆီဗီလာနဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ကစားခဲ့တဲ့ ဝုလ်ဗာဟမ်တန်က သြဂုတ်လ ၁၁ ရက်နေ့မှာကစားခဲ့တာ ဖြစ်တာ ကြောင့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ ၂၀၂၀-၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ဇယားတွေကို ဒီနေ့ညနေပိုင်း မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးက ရရှိခဲ့ပြီး မန်စီးတီးက ဒုတိယ၊ ယူနိုက်တက်က တတိယရရှိခဲ့ သလို ချန်ပီယံလိဂ်ရဲ့ နောက်ဆုံးလက်ကျန်တစ်နေရာကိုလည်း ချဲလ်ဆီးက ရယူနိုင်ခဲ့ပါတယ်။ တန်းတက်လာတဲ့အသင်း တွေက လိဒ်၊ ဝက်ဘရွန်းနဲ့ ဖူလ်ဟမ်တို့ ဖြစ်ပြီး တန်းဆင်းသွားရတဲ့အသင်းတွေကတော့ နော်ဝစ်ချ်၊ဝက်ဖို့ဒ်နဲ့ ဘုန်းမောက် တို့ ဖြစ်ပါတယ်။

zawgyi version

၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္ကို မန္ခ်က္စတာႏွစ္သင္းရဲ႕ပြဲစဥ္ေတြ မပါဘဲ က်င္းပမယ္လို႔ သိရ
၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ ပရီးမီးယားလိဂ္ပြဲစဥ္ဇယား ေရးဆြဲေနေပမယ့္ အဖြင့္ပြဲစဥ္ျဖစ္တဲ့ ပြဲစဥ္-၁ မွာ မန္ခ်က္စတာၿမိဳ႕ခံအသင္းေတြျဖစ္တဲ့ ယူႏိုက္တက္နဲ႔ မန္စီးတီးတို႔ ကစားမယ့္ပြဲစဥ္ေတြ မပါဘဲက်င္းပရေတာ့မယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ကိုဗစ္ေၾကာင့္ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ပြဲစဥ္ေတြကို ၃ လေလာက္ရပ္နားခဲ့ရတာ ေၾကာင့္ ဇူလိုင္လ ၂၆ ရက္ေန႔ကမွ ရာသီၿပီးဆံုးခဲ့တာ ျဖစ္ပါတယ္။
၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကိုေတာ့ လာမယ့္စက္တင္ဘာ ၁၂ ရက္ေန႔မွာ စတင္က်င္းပမွာျဖစ္ေပမဲ့ ဥေရာပၿပိဳင္ပြဲေတြမွာ မန္စီးတီးက ၾသဂုတ္လ ၁၅ ရက္ေနမွာခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ နဲ႔ ယူႏိုက္တက္က ၾသဂုတ္လ ၁၆ ရက္ေန႔မွာ ယူ႐ိုပါလိဂ္ဆီမီးဖိုင္နယ္ေတြအထိ ကစားခဲ့ရပါတယ္။ အသင္းတစ္သင္းအေနနဲ႔ လာမယ့္ရာသီမတိုင္ခင္ အနည္းဆံုး ရက္ ၃၀ ခန္႔ အနားယူဖို႔ လိုအပ္တယ္လို႔ သတ္မွတ္ထားလို႔ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ မန္ခ်က္စတာ ႏွစ္သင္းရဲ႕ ပြဲစဥ္ေတြ မပါဝင္တာပဲ ျဖစ္ပါတယ္။
ဆီဗီလာနဲ႔ ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ ကစားခဲ့တဲ့ ဝုလ္ဗာဟမ္တန္က ၾသဂုတ္လ ၁၁ ရက္ေန႔မွာကစားခဲ့တာ ျဖစ္တာ ေၾကာင့္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာ ယွဥ္ၿပိဳင္ရမွာပဲ ျဖစ္ပါတယ္။ ၂၀၂၀-၂၁ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ ဇယားေတြကို ဒီေန႔ညေနပိုင္း မွာ ထုတ္ျပန္မယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို လီဗာပူးက ရရွိခဲ့ၿပီး မန္စီးတီးက ဒုတိယ၊ ယူႏိုက္တက္က တတိယရရွိခဲ့ သလို ခ်န္ပီယံလိဂ္ရဲ႕ ေနာက္ဆံုးလက္က်န္တစ္ေနရာကိုလည္း ခ်ဲလ္ဆီးက ရယူႏိုင္ခဲ့ပါတယ္။ တန္းတက္လာတဲ့အသင္း ေတြက လိဒ္၊ ဝက္ဘရြန္းနဲ႔ ဖူလ္ဟမ္တို႔ ျဖစ္ၿပီး တန္းဆင္းသြားရတဲ့အသင္းေတြကေတာ့ ေနာ္ဝစ္ခ်္၊ဝက္ဖို႔ဒ္နဲ႔ ဘုန္းေမာက္ တို႔ ျဖစ္ပါတယ္။