မော်ရင်ဟိုအနေနဲ့ ယူနိုက်တက်မှာတုန်းက မခေါ်ဖြစ်ခဲ့တဲ့ ဘေးလ်ကို စပါးအတွက် ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရ

ရီးရဲလ်အသင်းမှာ အဆင်မပြေမှုတွေကြောင့် အသင်းပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့ ဂါရတ်ဘေးလ်ကို ခေါ် ယူအတွက် စပါးနည်းပြ မော်ရင်ဟိုအနေနဲ့ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုအနေနဲ့ ယူနိုက်တက် ကို ကိုင်တွယ်ခဲ့တုန်းက ၂၀၁၇ ခုနှစ်က ရီးရဲလ်နဲ့ခြေစမ်းပွဲအပြီးမှာ ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့အတွက် ကြိုးစားမှုတွေရှိခဲ့ တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


ဂါရတ်ဘေးလ်ဟာ ၂၀၀၇ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ စပါးအသင်းမှာ ကစားခဲ့ပြီးနောက် ရီးရဲလ်ကို အဲ့ဒီအချိန်တုန်းက စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့သူလည်း ဖြစ်ပါတယ်။ လက်ရှိမှာ ဂါရတ်ဘေးလ်အနေနဲ့ ရွေးချယ်စရာ နှစ်ခုရှိနေပြီး ရီးရဲလ်ဆက်နေမလား၊ အသင်းဟောင်းစပါးကို ပြန်မလားဆိုတဲ့ နှစ်ခုကို ဆုံးဖြတ်ရတော့မယ် လို့ စပိန်သတင်းစာတစ်စောင်ဖြစ်တဲ့ ElEspanyol က ဖော်ပြခဲ့ပါတယ်။


အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ ဂါရတ်ဘေးလ်အနေနဲ့ လာမယ့်နွေရာသီမှာ ကျင်းပမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့ ဝေးလ်အသင်း မှာ ပါဝင်ကစားနိုင်ဖို့အတွက် အသင်းပြောင်းရွှေ့မယ်လို့ သတင်းတွေထွက်နေသူလည်း ဖြစ်ပါတယ်။ စပိန်မြေမှာ အခွန် ဆောင်ပြီး တစ်ပတ်ကို လုပ်ခလစာပေါင် သုံးသိန်းခွဲရနေတဲ့ ဂါရတ်ဘေးလ်ရဲ့ များပြားလှတဲ့ လစာငွေက သူကိုခေါ်ယူဖို့ အလိုရှိနေတဲ့အသင်းအတွက် စဉ်းစားစရာဖြစ်နေခဲ့တာ ဖြစ်ပါတယ်။

MADRID, SPAIN – MARCH 05: Gareth Bale of Real Madrid looks on during the UEFA Champions League Round of 16 Second Leg match between Real Madrid and Ajax at Bernabeu on March 05, 2019 in Madrid, Spain. (Photo by Denis Doyle/Getty Images)

စပါးအသင်းမှာ လက်ရှိလစာအများဆုံးရနေတဲ့ ကစားသမားက အသင်းခေါင်းဆောင် ဟယ်ရီကိန်းဖြစ်ပြီး တစ်ပတ်ကို လုပ်ခလစာ ပေါင်နှစ်သိန်း ရရှိနေတာဖြစ်ပါတယ်။ ရီးရဲလ်နဲ့ စာချုပ်သက်တမ်း ၂နှစ်ကျန်နေသေးတဲ့ ဂါရတ်ဘေးလ်အနေနဲ့ အခြားလစာနည်းတဲ့အသင်းတွေမှာ ပြောင်းရွှေ့ကစားဖို့ထက် အသင်းမှာ စာချုပ်သက်တမ်းကုန်တဲ့အချိန်ထိ ရှိနေမယ်လို့ ဂါရတ်ဘေးလ်ရဲ့ အေးဂျင့်က ပြောခဲ့ပါတယ်။

zawgyi version
