အိုဇေးလ်ရဲ့ လုပ်ရပ်တွေကို သည်းမခံနိုင်တော့တာကြောင့် သတိပေးမှုပြုလုပ်ခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ကွင်းလယ်ကစားသမားအိုဇေးလ်အနေနဲ့ အားလပ်ရက်အနားယူနေတာကို လျော့ချပြီး အသင်းအတွက် အာရုံစိုက်ကစားပေးဖို့ သတိပေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်မှာ လစာအ များဆုံးရနေတဲ့ ကစားသမားဖြစ်နေပေမယ့် ပုံမှန်ခြေစွမ်းမပြနိုင်တာကြောင့် အသင်းရဲ့ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရသူလည်း ဖြစ်ပါတယ်။ အခုချိန်မှာတော့ အိုဇေးလ်အနေနဲ့ အားလပ်ရက်အဖြစ် အနားယူနေတာပဲ ဖြစ်ပါတယ်။


အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက အက်ဖ်အေဖလားချန်ပီယံဆုကို ရခဲ့တာကြောင့် လာမယ့်ရာသီမစခင်မှာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တဲ့ လီဗာပူးနဲ့ ကွန်မြူနဒီဒိုင်းပွဲစဉ်ကို လာမယ့်အပတ်ထဲမှာ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အိုဇေးလ်အနေနဲ့ အနားယူနေတဲ့ပုံကို သူရဲ့ အင်စတာဂရမ်မှာ တင်ခဲ့တာကြောင့် အာတီတာအနေနဲ့ အသင်းအတွက် ပြန် လည်ကစားနိုင်ဖို့ အားစိုက်သင့်ကြောင်း အိုဇေးလ်ကို သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။


အာဆင်နယ်နည်းပြ အာတီတာက “ အာဆင်နယ်အသင်းအနေနဲ့ နောက်ထပ်တစ်ဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် အား လုံးလုပ်ဆောင်နေကြပါတယ်။အသင်းအနေနဲ့ တိုးတက်အောင်လုပ်ဆောင်ရမယ့်အရာတွေအများကြီးရှိပါတယ်။ အက်ဖ် အေဖလားရပြီးနောက်မှာ အသင်းမှာဆက်နေဖို့အတွက် အိုဇေးလ်အနေနဲ့ ဆုံးဖြတ်ခဲ့ပါတယ်။သူရဲ့စိတ်ထဲမှာ အသင်း အတွက် ကစားချင်နေတဲ့ စိတ်ရှိနေပါတယ်။ဒါပေမယ့် အခုလိုလုပ်နေလို့တော့ ပွဲထွက်ခွင့်ရမှာမဟုတ်ဘူး” လို့ ပြောခဲ့ပါ တယ်။


ဆက်လက်ပြီး အာတီတာက “ အသင်းသားအားလုံးကို ရှင်းပြထားပါတယ်။ ပြောင်းလဲမှုပြုလုပ်ဖို့ ရှိနေတာကြောင့် အသင်း သားတွေအနေနဲ့ ပုံမှန်ကစားခွင့်ရဖို့ အတူတူကြိုးစားရမှာပါ။ အသင်းအတွက် မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကို ပြုလုပ်မယ် ဆိုရင် အားလုံးမစုစည်းဘဲနဲ့ လုပ်ဆောင်နိုင်ဖို့ မလွယ်ပါဘူး။ တစ်ယောက်ယောက်မှာ အခက်အခဲရှိနေတယ်ဆိုရင်တောင် အားလုံးဝိုင်းပြီး ဖြေရှင်းရမယ်လို့ ပြောထားပါတယ်။အသင်းရဲ့လုပ်ဆောင်နိုင်စွမ်းတွေက အခြားအသင်း၊အခြားကစားသမား တွေပေါ်မှာ ရှိတာမဟုတ်လို့ အသင်းသားတွေအနေနဲ့ ကြိုးစားရမယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

အိုေဇးလ္ရဲ႕ လုပ္ရပ္ေတြကို သည္းမခံႏိုင္ေတာ့တာေၾကာင့္ သတိေပးမႈျပဳလုပ္ခဲ့တဲ့ အာဆင္နယ္နည္းျပ အာတီတာ
အာဆင္နယ္နည္းျပ အာတီတာက ကြင္းလယ္ကစားသမားအိုေဇးလ္အေနနဲ႔ အားလပ္ရက္အနားယူေနတာကို ေလ်ာ့ခ်ၿပီး အသင္းအတြက္ အာရံုစိုက္ကစားေပးဖို႔ သတိေပးမႈျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ အိုေဇးလ္ဟာ အာဆင္နယ္မွာ လစာအ မ်ားဆံုးရေနတဲ့ ကစားသမားျဖစ္ေနေပမယ့္ ပံုမွန္ေျခစြမ္းမျပႏိုင္တာေၾကာင့္ အသင္းရဲ႕ပြဲစဥ္အခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ရသူလည္း ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ အိုေဇးလ္အေနနဲ႔ အားလပ္ရက္အျဖစ္ အနားယူေနတာပဲ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီက အက္ဖ္ေအဖလားခ်န္ပီယံဆုကို ရခဲ့တာေၾကာင့္ လာမယ့္ရာသီမစခင္မွာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တဲ့ လီဗာပူးနဲ႔ ကြန္ျမဴနဒီဒိုင္းပြဲစဥ္ကို လာမယ့္အပတ္ထဲမွာ ကစားရဖို႔ ရွိေနတာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔က အိုေဇးလ္အေနနဲ႔ အနားယူေနတဲ့ပံုကို သူရဲ႕ အင္စတာဂရမ္မွာ တင္ခဲ့တာေၾကာင့္ အာတီတာအေနနဲ႔ အသင္းအတြက္ ျပန္ လည္ကစားႏိုင္ဖို႔ အားစိုက္သင့္ေၾကာင္း အိုေဇးလ္ကို သတိေပးခဲ့တာပဲ ျဖစ္ပါတယ္။
အာဆင္နယ္နည္းျပ အာတီတာက “ အာဆင္နယ္အသင္းအေနနဲ႔ ေနာက္ထပ္တစ္ဆင့္ကို တက္ေရာက္ႏိုင္ဖို႔ အတြက္ အား လံုးလုပ္ေဆာင္ေနၾကပါတယ္။အသင္းအေနနဲ႔ တိုးတက္ေအာင္လုပ္ေဆာင္ရမယ့္အရာေတြအမ်ားႀကီးရွိပါတယ္။ အက္ဖ္ ေအဖလားရၿပီးေနာက္မွာ အသင္းမွာဆက္ေနဖို႔အတြက္ အိုေဇးလ္အေနနဲ႔ ဆံုးျဖတ္ခဲ့ပါတယ္။သူရဲ႕စိတ္ထဲမွာ အသင္း အတြက္ ကစားခ်င္ေနတဲ့ စိတ္ရွိေနပါတယ္။ဒါေပမယ့္ အခုလိုလုပ္ေနလို႔ေတာ့ ပြဲထြက္ခြင့္ရမွာမဟုတ္ဘူး” လို႔ ေျပာခဲ့ပါ တယ္။
ဆက္လက္ၿပီး အာတီတာက “ အသင္းသားအားလံုးကို ရွင္းျပထားပါတယ္။ ေျပာင္းလဲမႈျပဳလုပ္ဖို႔ ရွိေနတာေၾကာင့္ အသင္း သားေတြအေနနဲ႔ ပံုမွန္ကစားခြင့္ရဖို႔ အတူတူႀကိဳးစားရမွာပါ။ အသင္းအတြက္ မွန္ကန္တဲ႔လမ္းေၾကာင္းတစ္ခုကို ျပဳလုပ္မယ္ ဆိုရင္ အားလံုးမစုစည္းဘဲနဲ႔ လုပ္ေဆာင္ႏိုင္ဖို႔ မလြယ္ပါဘူး။ တစ္ေယာက္ေယာက္မွာ အခက္အခဲရွိေနတယ္ဆိုရင္ေတာင္ အားလံုးဝိုင္းၿပီး ေျဖရွင္းရမယ္လို႔ ေျပာထားပါတယ္။အသင္းရဲ႕လုပ္ေဆာင္ႏိုင္စြမ္းေတြက အျခားအသင္း၊အျခားကစားသမား ေတြေပၚမွာ ရွိတာမဟုတ္လို႔ အသင္းသားေတြအေနနဲ႔ ႀကိဳးစားရမယ္” လို႔ ေျပာခဲ့ပါတယ္။