အက်စတွန်ဗီလာအသင်းထံ ရိုမဲရိုး အလိုက်ပေးပြီး ဂျက်ဂရီလစ်ရှ်ကို ကမ်းလှမ်းဖွယ်ရှိနေတဲ့ ယူနိုက်တက်အသင်း

ယူနိုက်တက်အသင်းဟာ အက်စတွန်ဗီလာ ကွင်းလယ်လူ ဂျက်ဂရီလစ်ရှ်ကို ကမ်းလှမ်းရာမှာ ဂိုးသမား ရိုမဲရိုးကို အလိုက်ပေးပြီး ညှိနှိုင်းသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ အာဂျင်တီးနားဂိုးသမားဟာ ယူနိုက်တက်မှာ ဒီဂီယာရဲ့ အရန်အဖြစ်သာကစားနေရပြီး ပုံမှန်ပွဲကစားခွင့် လိုနေသူ ဖြစ်ပါတယ်။ အက်စတွန်ဗီလာအသင်းကလည်း ဂိုးသမား တစ်ယောက်ရှာဖွေနေလို့ ယူနိုက်တက်အသင်းဟာ ဂျက်ဂရီလစ်ရှ်အတွက် ရိုမဲရိုးပါ အလိုက်ပေး ကမ်းလှမ်းဖွယ်ရှိနေတယ်လို့ သိရပါတယ်။

နည်းပြ ဆိုလ်းရှားဟာ ရှက်ဖီးယူနိုက်တက်မှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ဟန်ဒါဆန်ကိုလည်း အသင်းမှာ ဒီဂီယာနဲ့ အပြိုင် အခွင့်အရေးပေးဖွယ်ရှိနေတာဖြစ်ပါတယ်။ဆိုးလ်ရှားဟာ ဟန်ဒါဆန်ဟာ အသင်းမှာ နံပါတ် (၁) ဂိုးသမား နေရာရရှိရန် အကောင်းဆုံး ယှဉ်ပြိုင်နိုင်စွမ်းရှိသူလို့ သတ်မှတ်ထားပြီး ဒီဂီယာ ရဲ့ အကောင်းဆုံး လက်စွမ်းတွေကိုလည်း ညှစ်ထုတ်ပေးနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ယူနိုက်တက်ဟာ ဟန်ဒါဆန်ကို စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှု မရသေးဘူး ဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ်ဂိုးသမား ဟာ ယူနိုက်တက်အသင်းမှာ စာချုပ်သက်တမ်း (၂) နှစ်ပဲ ကျန်တော့ပြီး ပုံမှန်ပွဲကစားခွင့်ရမယ့် အသင်းမှာသာ ကစားလိုနေပါတယ်။ ယူနိုက်တက်ဟာ ဈေးကွက်မှာ ဒေါ့မွန်က ဂျာဒွန်ဆန်ချို နဲ့ ဂျက်ဂရီလစ်ရှ်တို့ကို အလိုချင်ဆုံး ဖြစ်နေပါတယ်။ ဒါ့အပြင် အသင်းက ကစားသမားတွေကိုလည်း ရောင်းချသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရပြီးနောက ်ပရီးမီးယားလိဂ်မှာလည်း တိုးတက်ချင်နေတာဖြစ်ပါတယ်။

ဆိုးလ်ရှားကတော့ ဂျက်ဂရီလစ်ရှ်ဟာ အသင်းရဲ့ လူစာရင်းကို အထောက်အကူပြုမယ်လို့ ယုံကြည်နေပါတယ်။ အသင်းမှာ ပေါ့ဘာ နဲ့ ဘရူနိုဖာနန်ဒက်စ်တို့ ရှိနေသော်လည်း လင်ဂတ်၊ ပါရဲရား ၊ မာတာ နဲ့ ဖီးလ်ဂျုံးစ် တို့အားလုံးကို ရောင်းချဖွယ်ရှိနေလို့ ဒီထက် လူစာရင်းအင်အားတောင့်တင်းအောင် ဂျက်ဂရီလစ်ရှ်ကို ဆိုးလ်ရှားက လိုအပ်နေတာဖြစ်ပါတယ်။ ဂျက်ဂရီလစ်ရှ်အတွက် အက်စတွန်ဗီလာအသင်းက ပေါင်သန်း ၇၀ သတ်မှတ်ထားပါတယ်။




