ဂျာဒွန်ဆန်ချို အစား ဒေးဗစ်ဘရွတ်ခ်ကို စိတ်ဝင်စားလာတဲ့ ယူနိုက်တက်အသင်း

ဘုန်းမောက်အသင်းဟာ ယူနိုက်တက်အသင်းက စိတ်ဝင်စားလာတဲ့ ဝေးလ်ကြယ်ပွင့် ဒေးဗစ်ဘရွတ်ခ်အတွက ်အနည်းဆုံး ပေါင်သန်း ၄၀ လောက်ရရန် တောင်းဆိုသွားမှာပါ။ ဘုန်းမောက်အသင်းဟာ ပရီးမီးယားလိဂ်က တန်းဆင်းခဲ့ရသော်လည်း အသင်းက ကြယ်ပွင့်ကစားသမားတွေကို ဖိအားကင်းကင်းနဲ့ ရောင်းချသွားရန် ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ ယခုလအစောပိုင်းတုန်းက မန်စီးတီးက ဘုန်းမောက်နောက်ခံလူ နသန်အကီအတွက် ပေါင် ၄၁ သန်းပေးချေသွားခဲ့ပါတယ်။

သတင်းများအရ အသင်းက တိုက်စစ်မှူး ဝီလ်ဆင်ကိုလည်း ပေါင်သန်း ၃၀ သတ်မှတ်ထားတာဖြစ်ပါတယ်။ အခုအချိန်အထိတော့ ယူနိုက်တက်အသင်းဆီက တရားဝင် ကမ်းလှမ်းမှု မရသေးသော်လည်း ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

အသက် ၂၃ နှစ်အရွယ် ဒေးဗစ်ဘရွတ်ခ်ဟာ လက်ရွေးစင်အသင်းကြီးမှာလည်း ထိပ်တန်းအဆင့်ကို ပြသထားပြီး လက်ရှိ သူ့ရဲ့ စာချုပ်သက်တမ်းကလည်း (၂) နှစ်ကျန်ရှိနေသေးလို့ ဘုန်းမောက်အသင်းက ယခုလိုမျိုး နသန်အကီ လောက်တန်ကြေးကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။တောင်ပံတိုက်စစ်ကစားသမားဟာ ရှက်ဖီယူနိုက်တက်ကနေ ဘုန်းမောက်အသင်းဆီကို ပေါင် ၁၁.၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ ပထမဆုံး နှစ်ကတည်းက ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြပြီး (၇) ဂိုးသွင်းက (၅) ဂိုး ဖန်တီးပေးခဲ့ပါတယ်။

ဂ်ာဒြန္ဆန္ခ်ိဳ အစား ေဒးဗစ္ဘရြတ္ခ္ကို စိတ္၀င္စားလာတဲ့ ယူႏုိက္တက္အသင္း

ဘုန္းေမာက္အသင္းဟာ ယူႏိုက္တက္အသင္းက စိတ္၀င္စားလာတဲ့ ေ၀းလ္ၾကယ္ပြင့္ ေဒးဗစ္ဘရြတ္ခ္အတြက ္အနည္းဆံုး ေပါင္သန္း ၄၀ ေလာက္ရရန္ ေတာင္းဆိုသြားမွာပါ။ ဘုန္းေမာက္အသင္းဟာ ပရီးမီးယားလိဂ္က တန္းဆင္းခဲ့ရေသာ္လည္း အသင္းက ၾကယ္ပြင့္ကစားသမားေတြကို ဖိအားကင္းကင္းနဲ႔ ေရာင္းခ်သြားရန္ ဆံုးျဖတ္ထားတာျဖစ္ပါတယ္။ ယခုလအေစာပိုင္းတုန္းက မန္စီးတီးက ဘုန္းေမာက္ေနာက္ခံလူ နသန္အကီအတြက္ ေပါင္ ၄၁ သန္းေပးေခ်သြားခဲ့ပါတယ္။

သတင္းမ်ားအရ အသင္းက တိုက္စစ္မွဴး ၀ီလ္ဆင္ကိုလည္း ေပါင္သန္း ၃၀ သတ္မွတ္ထားတာျဖစ္ပါတယ္။ အခုအခ်ိန္အထိေတာ့ ယူႏိုက္တက္အသင္းဆီက တရား၀င္ ကမ္းလွမ္းမႈ မရေသးေသာ္လည္း ပစ္မွတ္ထားေနတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ေဒးဗစ္ဘရြတ္ခ္ဟာ လက္ေရြးစင္အသင္းၾကီးမွာလည္း ထိပ္တန္းအဆင့္ကို ျပသထားျပီး လက္ရွိ သူ႔ရဲ႕ စာခ်ဳပ္သက္တမ္းကလည္း (၂) ႏွစ္က်န္ရွိေနေသးလို႔ ဘုန္းေမာက္အသင္းက ယခုလိုမ်ိဳး နသန္အကီ ေလာက္တန္ေၾကးကို သတ္မွတ္ထားတာ ျဖစ္ပါတယ္။ေတာင္ပံတုိက္စစ္ကစားသမားဟာ ရွက္ဖီယူႏိုက္တက္ကေန ဘုန္းေမာက္အသင္းဆီကို ေပါင္ ၁၁.၅ သန္းနဲ႔ ေျပာင္းေရႊ႕လာတဲ့ ပထမဆံုး ႏွစ္ကတည္းက ပရီးမီးယားလိဂ္မွာ ေျခစြမ္းျပျပီး (၇) ဂိုးသြင္းက (၅) ဂိုး ဖန္တီးေပးခဲ့ပါတယ္။