လော်တာရိုမာတီနက်ဇ်က အဂူရိုရဲ့နေရာအတွက် အကောင်းဆုံးအစားထိုးမှုဖြစ်မယ်လို့ ပြောခဲ့တဲ့ အိုဝင်ဟားဂရေဗ့်

ပရီးမီးယားလိဂ်ရဲ့မန်ချက်စတာနှစ်သင်းစလုံးကစားခဲ့ဖူးတဲ့ အိုဝင်ဟားဂရေဗ့်က မန်စီးတီးတိုက်စစ်မှူး အဂူရိုရဲ့နေရာ အတွက် အစားထိုးနိုင်မယ့်သူအဖြစ် အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကသာ အကောင်းဆုံးအစားထိုးမှု ဖြစ်တယ် လို့ ပြောခဲ့ပါတယ်။အဂူရိုဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်တော့တာကြောင့် သူကိုခေါ်ယူဖို့ အခြား အသင်းတွေကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


မန်စီးတီးအတွက် ကစားပေးခဲ့တာ ၉ နှစ်ရှိပြီဖြစ်တဲ့ အဂူရိုဟာ ကလပ်အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းထား သူအဖြစ် မှတ်တမ်းတင်ထားသူလည်း ဖြစ်ပါတယ်။ စာချုပ်သက်တမ်းကုန်ရင် အသင်းကနေထွက်ခွာဖို့ ရှိနေတဲ့အဂူရိုရဲ့ နေ ရာအတွက် အင်တာမီလန်အသင်းမှာ ခြေစွမ်းပြနေတဲ့ မာတီနက်ဇ်က အသင့်တော်ဆုံးဖြစ်တယ်လို့ အိုဝင်ဟားဂရေဗ့်က တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။


လော်တာရိုမာတီနက်ဇ်အနေနဲ့ ထိပ်တန်းကစားသမားတစ်ဦးဆိုတာကို ပြီးခဲ့တဲ့ရာသီမှာအင်တာမီလန်အတွက် ခြေစွမ်းပြပြီး သက်သေပြနိုင်ခဲ့ပါတယ်။ မာတီနက်ဇ်ကို ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာက တိုက်စစ်မှူး ဆွာရက်ဇ်ရဲ့နေရာ မှာ အစားထိုးခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အင်တာမီလန်ကတော့ သူတို့ရဲ့အဓိက,ကစားသမား ဖြစ်တဲ့ မာတီနက်ဇ်ကို ရောင်းချမှာမဟုတ်ဘူးလို့ ပြောထားပြီး အပြောင်းအရွှေ့သတင်းတွေကို ပယ်ချထားပါတယ်။


အိုဝင်ဟားဂရေဗ့် က “ မန်စီးတီးအနေနဲ့ အဂူရိုရဲ့နေရာအတွက် တိုက်စစ်မှူးရှာဖွေနေတယ်ဆိုတာ သိပါတယ်။ ဒီနေရာ အ တွက် အသင့်တော်ဆုံးကစားသမားက မာတီနက်ဇ်ပါ။ သူကို စိတ်ဝင်စားနေတဲ့ ဘာစီလိုနာနဲ့ မန်စီးတီး နှစ်သင်းထဲက ဘယ်အသင်းကိုပဲ ပြောင်းပြောင်း နှစ်သင်းစလုံးရဲ့ ကစားကွက်မှာ သူအနေနဲ့ အံဝင်အောင်ကစားနိုင်မှာပါ။ မာတီနက်ဇ်က ကြောက်စရာအကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ေလာ္တာ႐ိုမာတီနက္ဇ္က အဂူ႐ိုရဲ႕ေနရာအတြက္ အေကာင္းဆံုးအစားထိုးမႈျဖစ္မယ္လို႔ ေျပာခဲ့တဲ့ အိုဝင္ဟားဂေရဗ့္
ပရီးမီးယားလိဂ္ရဲ႕မန္ခ်က္စတာႏွစ္သင္းစလံုးကစားခဲ့ဖူးတဲ့ အိုဝင္ဟားဂေရဗ့္က မန္စီးတီးတိုက္စစ္မွဴး အဂူ႐ိုရဲ႕ေနရာ အတြက္ အစားထိုးႏိုင္မယ့္သူအျဖစ္ အင္တာမီလန္တိုက္စစ္မွဴး မာတီနက္ဇ္ကသာ အေကာင္းဆံုးအစားထိုးမႈ ျဖစ္တယ္ လို႔ ေျပာခဲ့ပါတယ္။အဂူ႐ိုဟာ မန္စီးတီးနဲ႔ စာခ်ဳပ္သက္တမ္းတစ္ႏွစ္သာ က်န္ေတာ့တာေၾကာင့္ သူကိုေခၚယူဖို႔ အျခား အသင္းေတြကလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
မန္စီးတီးအတြက္ ကစားေပးခဲ့တာ ၉ ႏွစ္ရွိၿပီျဖစ္တဲ့ အဂူ႐ိုဟာ ကလပ္အသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆံုးသြင္းထား သူအျဖစ္ မွတ္တမ္းတင္ထားသူလည္း ျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္းကုန္ရင္ အသင္းကေနထြက္ခြာဖို႔ ရွိေနတဲ့အဂူ႐ိုရဲ႕ ေန ရာအတြက္ အင္တာမီလန္အသင္းမွာ ေျခစြမ္းျပေနတဲ့ မာတီနက္ဇ္က အသင့္ေတာ္ဆံုးျဖစ္တယ္လို႔ အိုဝင္ဟားဂေရဗ့္က တိုက္တြန္းေျပာဆိုခဲ့တာ ျဖစ္ပါတယ္။
ေလာ္တာ႐ိုမာတီနက္ဇ္အေနနဲ႔ ထိပ္တန္းကစားသမားတစ္ဦးဆိုတာကို ၿပီးခဲ့တဲ့ရာသီမွာအင္တာမီလန္အတြက္ ေျခစြမ္းျပၿပီး သက္ေသျပႏိုင္ခဲ့ပါတယ္။ မာတီနက္ဇ္ကို ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ဘာစီလိုနာက တိုက္စစ္မွဴး ဆြာရက္ဇ္ရဲ႕ေနရာ မွာ အစားထိုးေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ အင္တာမီလန္ကေတာ့ သူတို႔ရဲ႕အဓိက,ကစားသမား ျဖစ္တဲ့ မာတီနက္ဇ္ကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ ေျပာထားၿပီး အေျပာင္းအေရႊ႕သတင္းေတြကို ပယ္ခ်ထားပါတယ္။
အိုဝင္ဟားဂေရဗ့္ က “ မန္စီးတီးအေနနဲ႔ အဂူ႐ိုရဲ႕ေနရာအတြက္ တိုက္စစ္မွဴးရွာေဖြေနတယ္ဆိုတာ သိပါတယ္။ ဒီေနရာ အ တြက္ အသင့္ေတာ္ဆံုးကစားသမားက မာတီနက္ဇ္ပါ။ သူကို စိတ္ဝင္စားေနတဲ့ ဘာစီလိုနာနဲ႔ မန္စီးတီး ႏွစ္သင္းထဲက ဘယ္အသင္းကိုပဲ ေျပာင္းေျပာင္း ႏွစ္သင္းစလံုးရဲ႕ ကစားကြက္မွာ သူအေနနဲ႔ အံဝင္ေအာင္ကစားႏိုင္မွာပါ။ မာတီနက္ဇ္က ေၾကာက္စရာအေကာင္းဆံုး တိုက္စစ္မွဴးေတြထဲက တစ္ေယာက္ပါ” လို႔ ေျပာခဲ့ပါတယ္။