၁၀ နှစ်ကြာအောင် ပူလီဆစ်က ချဲလ်ဆီးအတွက် အရေးပါတဲ့ကစားသမားဖြစ်နေမယ်လို့ ကစားသမားဟောင်း ပက်နီဗင် ပြောဆို

ချဲလ်ဆီးကစားသမားဟောင်း ပက်နီဗင်က အသင်းကို ပြီးခဲ့တဲ့ရာသီကမှ ရောက်ရှိလာပေမယ့် ခြေစွမ်းပြနိုင်ခဲ့တဲ့ ပူလီဆစ် အနေနဲ့ နောက်ထပ် ၁၀ နှစ်ကြာအောင် အသင်းရဲ့အရေးပါတဲ့ကစားသမားအဖြစ် ဆက်ရှိနေနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ပရီးမီးယားလိဂ် ပထမဆုံးရာသီမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပူလီဆစ်ကို အသင်းကထွက်ပြီး ရီးရဲလ်ကိုပြောင်းရွှေ့သွားတဲ့ ဟာဇက်နဲ့ နှိုင်းယှဉ်ပြီး ဖော်ပြပြောဆိုမှုတွေ ရှိခဲ့ပါတယ်။


ပူလီဆစ်အနေနဲ့ ချဲလ်ဆီးအတွက် ပထမဆုံးရာသီမှာ ပြိုင်ပွဲစုံ ၃၄ ပွဲကစားပေးခဲ့ပြီး ၁၁ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ် အထိပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ခြေစွမ်းပြပြီး ထွက်သွားတဲ့ ဟာဇက်ရဲ့နေရာကို လမ်းပတ်အနေနဲ့ ပူလီ ဆစ်ကို အကောင်းဆုံးအစားထိုးနိုင်ခဲ့တယ်ဆိုပြီး မီဒီယာတွေကရေးသားခဲ့ပါတယ်။ လက်ရှိမှာ အသက် ၂၁ နှစ်သာရှိသေး တဲ့ ပူလီဆစ်ကြောင့် ပက်နီဗင်က ချဲလ်ဆီးမှာ ပူလီဆစ်အနေနဲ့ နောက်ထပ် ၁၀နှစ်လောက် ဆက်ရှိနိုင်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။


အသင်းရဲ့ဝက်ဘ်ဆိုဒ်ကနေတဆင့် ပက်နီဗင်က “ ပူလီဆစ် ကစားတာကို ကြည့်ရတာ တစ်ရာသီလုံးအကောင်းဆုံးကစား သမားဆုအတွက် ကစားနေသလိုပါပဲ။ဂိုးဖန်တီးဖို့ထက် ဂိုးသွင်းနိုင်ဖို့ သူအနေနဲ့ ပိုပြီးအားသန်နေတာကိုတွေ့ရပါတယ်။ သူ ကို ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ဟာဇက်နဲ့ နှိုင်းယှဉ်ပြီး ပြောဆိုနေကြပါတယ်။ဒါက ပူလီဆစ်အတွက် မမျှတဘူးလို့ပဲ ဆို ရမှာပါ။ ပူလီဆစ်အနေနဲ့ အသင်းမှာ နောက်ထပ် ၅ နှစ်ကနေ ၁၀ နှစ်အတွင်းကစားနိုင်သေးပါတယ်” လို့ ပြောခဲ့ပါတယ်။


ဆက်ပြီးတော့ ပက်နီဗင်က အသင်းရဲ့လူငယ်ကစားသမားတွေအနေနဲ့ နေရာရဖို့အတွက် ဆက်လက်ကြိုးစားသင့်ကြောင်း ပြောခဲ့ပါတယ်။ ပက်နီဗင်က “ မာဆင်မောင့်၊ ရီဆီဂျိမ်းစ်တို့ဆီကနေ အသင်းအနေနဲ့ အများကြီးမျှော်လင့်လို့ ရနေတဲ့အနေ အထားပါ။ အေဘရာဟမ်၊ တီမိုရီ၊ ဂီမော့တို့အနေနဲ့လည်း အသင်းမှာပုံမှန်နေရာရဖို့အတွက် အခုထက်ပိုပြီး ကြိုးစားသင့်ပါ တယ်” လို့ ပြောခဲ့ပါတယ်။

zawgyi version

၁၀ ႏွစ္ၾကာေအာင္ ပူလီဆစ္က ခ်ဲလ္ဆီးအတြက္ အေရးပါတဲ့ကစားသမားျဖစ္ေနမယ္လို႔ ကစားသမားေဟာင္း ပက္နီဗင္ ေျပာဆို
ခ်ဲလ္ဆီးကစားသမားေဟာင္း ပက္နီဗင္က အသင္းကို ၿပီးခဲ့တဲ့ရာသီကမွ ေရာက္ရွိလာေပမယ့္ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ပူလီဆစ္ အေနနဲ႔ ေနာက္ထပ္ ၁၀ ႏွစ္ၾကာေအာင္ အသင္းရဲ႕အေရးပါတဲ့ကစားသမားအျဖစ္ ဆက္ရွိေနႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။ ပရီးမီးယားလိဂ္ ပထမဆံုးရာသီမွာ ေျခစြမ္းျပႏိုင္ခဲ့တဲ့ ပူလီဆစ္ကို အသင္းကထြက္ၿပီး ရီးရဲလ္ကိုေျပာင္းေရႊ႕သြားတဲ့ ဟာဇက္နဲ႔ ႏႈိင္းယွဥ္ၿပီး ေဖာ္ျပေျပာဆိုမႈေတြ ရွိခဲ့ပါတယ္။
ပူလီဆစ္အေနနဲ႔ ခ်ဲလ္ဆီးအတြက္ ပထမဆံုးရာသီမွာ ၿပိဳင္ပြဲစံု ၃၄ ပြဲကစားေပးခဲ့ၿပီး ၁၁ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၀ ႀကိမ္ အထိျပဳလုပ္ထားႏိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးအတြက္ ေျခစြမ္းျပၿပီး ထြက္သြားတဲ့ ဟာဇက္ရဲ႕ေနရာကို လမ္းပတ္အေနနဲ႔ ပူလီ ဆစ္ကို အေကာင္းဆံုးအစားထိုးႏိုင္ခဲ့တယ္ဆိုၿပီး မီဒီယာေတြကေရးသားခဲ့ပါတယ္။ လက္ရွိမွာ အသက္ ၂၁ ႏွစ္သာရွိေသး တဲ့ ပူလီဆစ္ေၾကာင့္ ပက္နီဗင္က ခ်ဲလ္ဆီးမွာ ပူလီဆစ္အေနနဲ႔ ေနာက္ထပ္ ၁၀ႏွစ္ေလာက္ ဆက္ရွိႏိုင္ေၾကာင္း ေျပာခဲ့တာ ျဖစ္ပါတယ္။
အသင္းရဲ႕ဝက္ဘ္ဆိုဒ္ကေနတဆင့္ ပက္နီဗင္က “ ပူလီဆစ္ ကစားတာကို ၾကည့္ရတာ တစ္ရာသီလံုးအေကာင္းဆံုးကစား သမားဆုအတြက္ ကစားေနသလိုပါပဲ။ဂိုးဖန္တီးဖို႔ထက္ ဂိုးသြင္းႏိုင္ဖို႔ သူအေနနဲ႔ ပိုၿပီးအားသန္ေနတာကိုေတြ႕ရပါတယ္။ သူ ကို ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ ဟာဇက္နဲ႔ ႏႈိင္းယွဥ္ၿပီး ေျပာဆိုေနၾကပါတယ္။ဒါက ပူလီဆစ္အတြက္ မမွ်တဘူးလို႔ပဲ ဆို ရမွာပါ။ ပူလီဆစ္အေနနဲ႔ အသင္းမွာ ေနာက္ထပ္ ၅ ႏွစ္ကေန ၁၀ ႏွစ္အတြင္းကစားႏိုင္ေသးပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဆက္ၿပီးေတာ့ ပက္နီဗင္က အသင္းရဲ႕လူငယ္ကစားသမားေတြအေနနဲ႔ ေနရာရဖို႔အတြက္ ဆက္လက္ႀကိဳးစားသင့္ေၾကာင္း ေျပာခဲ့ပါတယ္။ ပက္နီဗင္က “ မာဆင္ေမာင့္၊ ရီဆီဂ်ိမ္းစ္တို႔ဆီကေန အသင္းအေနနဲ႔ အမ်ားႀကီးေမွ်ာ္လင့္လို႔ ရေနတဲ့အေန အထားပါ။ ေအဘရာဟမ္၊ တီမိုရီ၊ ဂီေမာ့တို႔အေနနဲ႔လည္း အသင္းမွာပံုမွန္ေနရာရဖို႔အတြက္ အခုထက္ပိုၿပီး ႀကိဳးစားသင့္ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။