ကိုဗစ်ဖြစ်ပွားမှု များခဲ့တဲ့ နိုင်ငံတွေမှာ သွားရောက်အနားယူခဲ့တဲ့ ကစားသမားတွေအနေနဲ့ ကွာရန်တင်း ၁၄ ရက်ဝင်ရမယ် လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် သတင်းထုတ်ပြန်ထား

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ရာသီကုန်ဆုံးပြီးနောက် အားလပ်ရက်မှာ ကိုဗစ်ဖြစ်ပွားမှုများခဲ့တဲ့ အခြားနိုင်ငံတွေကို သွားရောက်ပြီး အပန်းဖြေမှု ပြုလုပ်ခဲ့တဲ့ ကစားသမားတွေအနေနဲ့ ရာသီသစ်မစခင် အသင်းနဲ့ ပြန်လည်ဆက်သွယ်ပြီး ဗြိတိန်ကို ပြန်ရောက်လာပါက ၁၄ ရက် ကွာရန်တင်းဝင်ရမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။The Sun သတင်းစာရဲ့ ဖော်ပြချက် အရတော့ အင်္ဂလန်မှာကစားနေတဲ့ ဘောလုံးသမားတွေဟာ မတူညီတဲ့နိုင်ငံ ၁၅၅ နိုင်ငံမှာ သွားရောက်ပြီး အနားယူခဲ့ကြ တယ်လို့ သိရပါတယ်။

အားလပ်ရက်အဖြစ် အနားယူပြီးနောက် ဗြိတိန်ကို ပြန်ရောက်လာတဲ့ကစားသမားတွေအနေနဲ့ သတ်မှတ်ထားတဲ့အတိုင်း ရောဂါရှာဖွေမှုပြုလုပ်ရမှာဖြစ်ပြီး အနုတ်လက္ခဏာပြခဲ့မယ်ဆိုရင်တောင် ၁၄ ရက် သီးခြားနေထိုင်ပြီး စောင့်ကြည့်မှုခံရဦး မယ်လို့ သိရပါတယ်။ သတင်းထောက်တွေကတော့ ကစားသမားတွေအနေနဲ့ ရာသီအစပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ဖို့ အတွက် အပန်းဖြေမှုတွေကို လျော့ချပြီး ဗြိတိန်ကို စောစောပြန်လာသင့်ကြောင်း အကြံပြုထားပါတယ်။

ပရီးမီးယားလိဂ်အပါအဝင် အင်္ဂလန်ကလပ်အသင်းအများစုမှာ ဒီတစ်ပတ်အတွင်းမှာပဲ ရာသီကြိုလေ့ကျင့်မှုတွေပြုလုပ်ဖို့ ရှိ နေတယ်လို့ သိရပါတယ်။ အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ ကျွန်တော်တို့ ကန့်သတ်ထားတဲ့ နိုင်ငံတွေရဲ့ ပြင်ပကို သွားရောက်လည်ပတ်ခဲ့သူတွေ အားလုံးအနေနဲ့ ဘယ်သူမှ ကင်းလွတ်ခွင့်ရမှာမဟုတ်ဘဲ ကွာရန်တင်းဝင်သလိုမျိုး ၁၄ ရက် သီးခြားနေထိုင်ရမှာ ဖြစ်ပါတယ်” လို့ ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့နည်းပြတွေထဲမှာတော့ ချဲလ်ဆီးနည်းပြ လမ်းပတ်အနေနဲ့ ပြင်သစ်နိုင်ငံမှာ သွားပြီးအပန်းဖြေခဲ့တာ ကြောင့် ကွာရန်တင်းဝင်ရဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပြင်သစ်ကျန်းမာရေးဝန်ကြီးက ရောဂါပိုးတွေ့ရှိသူလူနာသစ် ၂၆၉၉ ရှိခဲ့တယ်လို့ ထုတ်ပြန်ကြေငြာခဲ့တယ်လို့ သိရပါတယ်။ ကစားသမားတွေထဲကတော့ အိုင်ဘီဇာကမ်းခြေမှာ အပန်း ဖြေခဲ့တဲ့ အလီ၊ ဂရီလစ်ရှ်၊ မက်ဒီဆင်တို့လို ကစားသမားတွေအနေနဲ့ ကွာရန်တင်းဝင်ရမှာပဲ ဖြစ်ပါတယ်။

zawgyi version

ကိုဗစ္ျဖစ္ပြားမႈ မ်ားခဲ့တဲ့ ႏိုင္ငံေတြမွာ သြားေရာက္အနားယူခဲ့တဲ့ ကစားသမားေတြအေနနဲ႔ ကြာရန္တင္း ၁၄ ရက္ဝင္ရမယ္ လို႔ အဂၤလန္ေဘာလံုးအဖြဲ႕ခ်ဳပ္ သတင္းထုတ္ျပန္ထား
အဂၤလန္ေဘာလံုးအဖြဲ႔ခ်ဳပ္အေနနဲ႔ ရာသီကုန္ဆံုးၿပီးေနာက္ အားလပ္ရက္မွာ ကိုဗစ္ျဖစ္ပြားမႈမ်ားခဲ့တဲ့ အျခားႏိုင္ငံေတြကို သြားေရာက္ၿပီး အပန္းေျဖမႈ ျပဳလုပ္ခဲ့တဲ့ ကစားသမားေတြအေနနဲ႔ ရာသီသစ္မစခင္ အသင္းနဲ႔ ျပန္လည္ဆက္သြယ္ၿပီး ၿဗိတိန္ကို ျပန္ေရာက္လာပါက ၁၄ ရက္ ကြာရန္တင္းဝင္ရမယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္ အရေတာ့ အဂၤလန္မွာကစားေနတဲ့ ေဘာလံုးသမားေတြဟာ မတူညီတဲ့ႏိုင္ငံ ၁၅၅ ႏိုင္ငံမွာ သြားေရာက္ၿပီး အနားယူခဲ့ၾက တယ္လို႔ သိရပါတယ္။
အားလပ္ရက္အျဖစ္ အနားယူၿပီးေနာက္ ၿဗိတိန္ကို ျပန္ေရာက္လာတဲ့ကစားသမားေတြအေနနဲ႔ သတ္မွတ္ထားတဲ့အတိုင္း ေရာဂါရွာေဖြမႈျပဳလုပ္ရမွာျဖစ္ၿပီး အႏုတ္လကၡဏာျပခဲ့မယ္ဆိုရင္ေတာင္ ၁၄ ရက္ သီးျခားေနထိုင္ၿပီး ေစာင့္ၾကည့္မႈခံရဦး မယ္လို႔ သိရပါတယ္။ သတင္းေထာက္ေတြကေတာ့ ကစားသမားေတြအေနနဲ႔ ရာသီအစပြဲစဥ္ေတြမွာ ပါဝင္ကစားႏိုင္ဖို႔ အတြက္ အပန္းေျဖမႈေတြကို ေလ်ာ့ခ်ၿပီး ၿဗိတိန္ကို ေစာေစာျပန္လာသင့္ေၾကာင္း အၾကံျပဳထားပါတယ္။
ပရီးမီးယားလိဂ္အပါအဝင္ အဂၤလန္ကလပ္အသင္းအမ်ားစုမွာ ဒီတစ္ပတ္အတြင္းမွာပဲ ရာသီႀကိဳေလ့က်င့္မႈေတြျပဳလုပ္ဖို႔ ရွိ ေနတယ္လို႔ သိရပါတယ္။ အစိုးရရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “ ကြ်န္ေတာ္တို႔ ကန္႔သတ္ထားတဲ့ ႏိုင္ငံေတြရဲ႕ ျပင္ပကို သြားေရာက္လည္ပတ္ခဲ့သူေတြ အားလံုးအေနနဲ႔ ဘယ္သူမွ ကင္းလြတ္ခြင့္ရမွာမဟုတ္ဘဲ ကြာရန္တင္းဝင္သလိုမ်ိဳး ၁၄ ရက္ သီးျခားေနထိုင္ရမွာ ျဖစ္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕နည္းျပေတြထဲမွာေတာ့ ခ်ဲလ္ဆီးနည္းျပ လမ္းပတ္အေနနဲ႔ ျပင္သစ္ႏိုင္ငံမွာ သြားၿပီးအပန္းေျဖခဲ့တာ ေၾကာင့္ ကြာရန္တင္းဝင္ရဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ျပင္သစ္က်န္းမာေရးဝန္ႀကီးက ေရာဂါပိုးေတြ႕ရွိသူလူနာသစ္ ၂၆၉၉ ရွိခဲ့တယ္လို႔ ထုတ္ျပန္ေၾကျငာခဲ့တယ္လို႔ သိရပါတယ္။ ကစားသမားေတြထဲကေတာ့ အိုင္ဘီဇာကမ္းေျခမွာ အပန္း ေျဖခဲ့တဲ့ အလီ၊ ဂရီလစ္ရွ္၊ မက္ဒီဆင္တို႔လို ကစားသမားေတြအေနနဲ႔ ကြာရန္တင္းဝင္ရမွာပဲ ျဖစ္ပါတယ္။