ဟန်ဒါဆင် ကို တစ်ပတ်ပေါင်တစ်သိန်းပေးပြီး ကမ်းလှမ်းကာ ဒီဂီယာကို ဖိအားပေးဖို့ လုပ်ဆောင်နေတဲ့ ယူနိုက်တက်

ယူနိုက်တက်ဟာ ရှက်ဖီးယူနိုက်တက်ကို အဌားချထားပြီး လက်စွမ်းပြနိုင်ခဲ့တဲ့ ဂိုးသမားဟန်ဒါဆင်ကို တစ်ပတ်လုပ်ခပေါင် တစ်သိန်းနဲ့ လေးနှစ်စာချုပ်ချုပ်ဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။ ဟန်ဒါဆင်ဟာ ပြီးခဲ့တဲ့နှစ်ကမှ တစ်ပတ်လုပ်ခ ပေါင် ခြောက်သောင်းနဲ့ စာချုပ်သက်တမ်းတိုးထားခဲ့သူဖြစ်ပေမယ့် အခြားကလပ်အသင်းကြီးတွေက ဟန်ဒါဆင်ကို ခေါ်ယူ ဖို့ စောင့်ကြည့်နေတာကြောင့် ယူနိုက်တက်အနေနဲ့ စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ကမ်းလှမ်းခဲ့တာပဲ ဖြစ်ပါတယ်။


ယူနိုက်တက်ဟာ ဟန်ဒါဆင်ကို ရှက်ဖီးယူနိုက်တက်ကို ၂ရာသီအဌားချပြီးနောက်မှာတော့ အသင်းထံကို ပြန်လည်ခေါ်ယူ ထားပြီး လက်စွမ်းကျနေတဲ့ အဓိကဂိုးသမား ဒီဂီယာကို ဖိအားပေးဖို့ လုပ်ဆောင်နေတယ်လို့ သတင်းတွေကဖော်ပြကြပါ တယ်။ ဒီဂီယာအနေနဲ့ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခပေါင် သုံးသိန်းခွဲအထိ ရရှိနေပေမယ့် ဒီရာသီမှာတော့ လက်စွမ်းကျ ဆင်းမှုတွေကြောင့် ဝေဖန်ခံနေရသူလည်း ဖြစ်ပါတယ်။


၂၀၁၅ ခုနှစ်ကတည်းက ယူနိုက်တက်ကို ရောက်ရှိနေခဲ့တဲ့ ဟန်ဒါဆင်ဟာ အခြားအသင်းတွေကို အဌားချခံရပြီးနောက်မှာ လက်စွမ်းပြနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း တစ်နှစ်ပဲကျန်တော့တဲ့ ဟန်ဒါဆင်ကို ခေါ်ယူဖို့အတွက် ချဲလ် ဆီး က တရားမဝင်ဆက်သွယ်ပြောဆိုမှုတွေရှိခဲ့တယ်လို့ SunSport သတင်းစာကဖော်ပြခဲ့ပါတယ်။ ဟန်ဒါဆင်ဟာ ယူနိုက် တက်မှာ ဦးစားပေးဂိုးသမားဖြစ်ဖို့အတွက် ဒီဂီယာအပြင် ရိုမီယို၊ လီဂရန့်တို့နဲ့လည်း ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။


ယူနိုက်တက်အသင်းရဲ့ အဓိက,ဂိုးသမားဖြစ်တဲ့ ဒီဂီယာက “ အခုချိန်မှာ ကျွန်တော်က အသင်းရဲ့ နံပါတ်တစ်ဦးစားပေး ဂိုး သမားပါ။ ကိုယ်ကိုယ်ကိုလည်း ယုံကြည်မှုရှိပါတယ်။ ဒီနှစ်တွေမှာ ကျွန်တော်ရဲ့အရည်အချင်းကို ပြသခဲ့ပြီးပါပြီ။ နည်းပြအ နေနဲ့လည်း ကျွန်တော်ကို လိုအပ်မှာပါ။ ပွဲကစားဖို့ အတွက် အမြဲတမ်းအဆင်သင့် ရှိနေသလို အသင်းကိုကူညီဖို့အတွက် လည်း လုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။

zawgyi version

ဟန္ဒါဆင္ ကို တစ္ပတ္ေပါင္တစ္သိန္းေပးၿပီး ကမ္းလွမ္းကာ ဒီဂီယာကို ဖိအားေပးဖို႔ လုပ္ေဆာင္ေနတဲ့ ယူႏိုက္တက္
ယူႏိုက္တက္ဟာ ရွက္ဖီးယူႏိုက္တက္ကို အဌားခ်ထားၿပီး လက္စြမ္းျပႏိုင္ခဲ့တဲ့ ဂိုးသမားဟန္ဒါဆင္ကို တစ္ပတ္လုပ္ခေပါင္ တစ္သိန္းနဲ႔ ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဖို႔ ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။ ဟန္ဒါဆင္ဟာ ၿပီးခဲ့တဲ့ႏွစ္ကမွ တစ္ပတ္လုပ္ခ ေပါင္ ေျခာက္ေသာင္းနဲ႔ စာခ်ဳပ္သက္တမ္းတိုးထားခဲ့သူျဖစ္ေပမယ့္ အျခားကလပ္အသင္းႀကီးေတြက ဟန္ဒါဆင္ကို ေခၚယူ ဖို႔ ေစာင့္ၾကည့္ေနတာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ စာခ်ဳပ္သစ္ထပ္မံခ်ဳပ္ဆိုဖို႔ ကမ္းလွမ္းခဲ့တာပဲ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ဟန္ဒါဆင္ကို ရွက္ဖီးယူႏိုက္တက္ကို ၂ရာသီအဌားခ်ၿပီးေနာက္မွာေတာ့ အသင္းထံကို ျပန္လည္ေခၚယူ ထားၿပီး လက္စြမ္းက်ေနတဲ့ အဓိကဂိုးသမား ဒီဂီယာကို ဖိအားေပးဖို႔ လုပ္ေဆာင္ေနတယ္လို႔ သတင္းေတြကေဖာ္ျပၾကပါ တယ္။ ဒီဂီယာအေနနဲ႔ ယူႏိုက္တက္မွာ တစ္ပတ္လုပ္ခေပါင္ သံုးသိန္းခြဲအထိ ရရွိေနေပမယ့္ ဒီရာသီမွာေတာ့ လက္စြမ္းက် ဆင္းမႈေတြေၾကာင့္ ေဝဖန္ခံေနရသူလည္း ျဖစ္ပါတယ္။
၂၀၁၅ ခုႏွစ္ကတည္းက ယူႏိုက္တက္ကို ေရာက္ရွိေနခဲ့တဲ့ ဟန္ဒါဆင္ဟာ အျခားအသင္းေတြကို အဌားခ်ခံရၿပီးေနာက္မွာ လက္စြမ္းျပႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္ပဲက်န္ေတာ့တဲ့ ဟန္ဒါဆင္ကို ေခၚယူဖို႔အတြက္ ခ်ဲလ္ ဆီး က တရားမဝင္ဆက္သြယ္ေျပာဆိုမႈေတြရွိခဲ့တယ္လို႔ SunSport သတင္းစာကေဖာ္ျပခဲ့ပါတယ္။ ဟန္ဒါဆင္ဟာ ယူႏိုက္ တက္မွာ ဦးစားေပးဂိုးသမားျဖစ္ဖို႔အတြက္ ဒီဂီယာအျပင္ ႐ိုမီယို၊ လီဂရန္႔တို႔နဲ႔လည္း ယွဥ္ၿပိဳင္ရဖို႔ ရွိေနပါတယ္။
ယူႏိုက္တက္အသင္းရဲ႕ အဓိက,ဂိုးသမားျဖစ္တဲ့ ဒီဂီယာက “ အခုခ်ိန္မွာ ကြ်န္ေတာ္က အသင္းရဲ႕ နံပါတ္တစ္ဦးစားေပး ဂိုး သမားပါ။ ကိုယ္ကိုယ္ကိုလည္း ယံုၾကည္မႈရွိပါတယ္။ ဒီႏွစ္ေတြမွာ ကြ်န္ေတာ္ရဲ႕အရည္အခ်င္းကို ျပသခဲ့ၿပီးပါၿပီ။ နည္းျပအ ေနနဲ႔လည္း ကြ်န္ေတာ္ကို လိုအပ္မွာပါ။ ပြဲကစားဖို႔ အတြက္ အၿမဲတမ္းအဆင္သင့္ ရွိေနသလို အသင္းကိုကူညီဖို႔အတြက္ လည္း လုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။