မန်စီးတီးမှာ ကစားခဲ့တုန်းက အိမ်ကွင်းပွဲစဉ်တွေမှာ ဂိုးဖန်တီးမှု ၆၅ ကြိမ်ပြုလုပ်နိုင်ခဲ့တာကို အမှတ်တရ ဗီဒီယိုရိုက်ခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗား

မန်စီးတီးအသင်းမှာ ၁၀ နှစ်ကြာကစားခဲ့ပြီးနောက် ဆိုစီဒက်အသင်းကိုပြောင်းရွှေ့ဖို့ သဘောတူညီမှုရသွားတဲ့ ကွင်းလယ် ကစားသမား ဒေးဗစ်ဆေးလ်ဗားအနေနဲ့ မန်စီးတီးမှာ ကစားခဲ့စဉ်အတွင်း အိမ်ကွင်းပွဲစဉ်တွေမှာ ဂိုးဖန်တီးမှု ၆၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ မန်စီးတီးဂန္တဝင်ကစားသမားအနေနဲ့ အိမ်ကွင်းမှာ ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ၆၅ ကြိမ်ပုံစံကို အမှတ်တရ ဗီဒီယိုရိုက်ပြီး သူရဲ့ အင်စတာဂရမ် အကောင့်မှာ တင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၄ နှစ်ရှိနေပြီဖြစ်တဲ့ ဒေးဗစ်ဆေးလ်ဗားဟာ မန်စီးတီးမှာ ၁၀ နှစ်တာကစားခဲ့ချိန်အတွင်း ဆုဖလား ၁၄ လုံးအထိ ရရှိခဲ့တာဖြစ်ပြီး မန်စီးတီးကွင်း အီတီဟတ်မှာ သူလုပ်ခဲ့တဲ့ ဂိုးဖန်တီးမှုတွေကိုတော့ ပူးမားတံဆိပ်ဘောလုံးကန်ဖိနပ်တွေနဲ့ ပုံဖော် ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ဒေးဗစ်ဆေးလ်ဗားအနေနဲ့ ၂၀၁၂ ခုနှစ်က ကျူပီအာကို သုံးဂိုးနှစ်ဂိုးနဲ့ အနိုင်ရပြီး ချန်ပီ ယံဆုရခဲ့တဲ့ပွဲမှာ ဒီဇီကိုသွင်းမယ့်ဂိုးကို ဖန်တီးပေးခဲ့တာကို ကြည့်ပြီး ပျော်ရွှင်နေတယ်လို့လည်း သိရပါတယ်။

မန်စီးတီးဟာ ချန်ပီယံလိဂ်မှာ လိုင်ယွန်ကို ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရပြီးနောက် ပြီးခဲ့တဲ့တနင်္လာနေ့မှတော့ ဒေးဗစ်ဆေးလ် ဗား အနေနဲ့ အသင်းကနေထွက်ပြီး ဆိုစီဒက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဘက်ကတော့ အသင်းမှာ ၁၀ နှစ် ကြာကစားခဲ့တဲ့ ဒေးဗစ်ဆေးလ်ဗားအတွက် ကွင်းပြင်းပမှာ ရုပ်ထု ပြုလုပ်ပြီး ဂုဏ်ပြုပေးဖို့ ရှိတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါ တယ်။

ဒေးဗစ်ဆေးလ်ဗားအနေနဲ့ မန်စီးတီးကထွက်ပြီး ဆိုစီဒက်ကို မပြောင်းရွှေ့ခင်မှာ စီးရီးအေကလပ် လာဇီယိုကို ပြောင်းရွှေ့ မယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါသေးတယ်။ လာဇီယိုအသင်း အားကစားဒါရိုက်တာ အက်လီတာရီကတော့ ဒေးဗစ် ဆေးလ်ဗားရဲ့ လုပ်ရပ်ဟာ လေးစားမှုကင်းမဲ့တဲ့လုပ်ရပ်မျိုးလို့ ပြောဆိုပြီး ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ဒေးဗစ် ဆေးလ်ဗားဟာ လာဇီယိုကို ပြောင်းရွှေ့ဖို့အတွက် သုံးနှစ်စာချုပ်နဲ့ အကြိုသဘောတူမှုရှိခဲ့တယ်လို့ သတင်းတွေကဖော်ပြ ခဲ့ပါတယ်။

zawgyi version

မန္စီးတီးမွာ ကစားခဲ့တုန္းက အိမ္ကြင္းပြဲစဥ္ေတြမွာ ဂိုးဖန္တီးမႈ ၆၅ ႀကိမ္ျပဳလုပ္ႏိုင္ခဲ့တာကို အမွတ္တရ ဗီဒီယို႐ိုက္ခဲ့တဲ့ ေဒးဗစ္ေဆးလ္ဗား
မန္စီးတီးအသင္းမွာ ၁၀ ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ ဆိုစီဒက္အသင္းကိုေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈရသြားတဲ့ ကြင္းလယ္ ကစားသမား ေဒးဗစ္ေဆးလ္ဗားအေနနဲ႔ မန္စီးတီးမွာ ကစားခဲ့စဥ္အတြင္း အိမ္ကြင္းပြဲစဥ္ေတြမွာ ဂိုးဖန္တီးမႈ ၆၅ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ မန္စီးတီးဂႏၲဝင္ကစားသမားအေနနဲ႔ အိမ္ကြင္းမွာ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့တဲ့ ၆၅ ႀကိမ္ပံုစံကို အမွတ္တရ ဗီဒီယို႐ိုက္ၿပီး သူရဲ႕ အင္စတာဂရမ္ အေကာင့္မွာ တင္ခဲ့တာျဖစ္ပါတယ္။
အသက္ ၃၄ ႏွစ္ရွိေနၿပီျဖစ္တဲ့ ေဒးဗစ္ေဆးလ္ဗားဟာ မန္စီးတီးမွာ ၁၀ ႏွစ္တာကစားခဲ့ခ်ိန္အတြင္း ဆုဖလား ၁၄ လံုးအထိ ရရွိခဲ့တာျဖစ္ၿပီး မန္စီးတီးကြင္း အီတီဟတ္မွာ သူလုပ္ခဲ့တဲ့ ဂိုးဖန္တီးမႈေတြကိုေတာ့ ပူးမားတံဆိပ္ေဘာလံုးကန္ဖိနပ္ေတြနဲ႔ ပံုေဖာ္ ႐ိုက္ကူးခဲ့တာပဲ ျဖစ္ပါတယ္။ ေဒးဗစ္ေဆးလ္ဗားအေနနဲ႔ ၂၀၁၂ ခုႏွစ္က က်ဴပီအာကို သံုးဂိုးႏွစ္ဂိုးနဲ႔ အႏိုင္ရၿပီး ခ်န္ပီ ယံဆုရခဲ့တဲ့ပြဲမွာ ဒီဇီကိုသြင္းမယ့္ဂိုးကို ဖန္တီးေပးခဲ့တာကို ၾကည့္ၿပီး ေပ်ာ္ရႊင္ေနတယ္လို႔လည္း သိရပါတယ္။
မန္စီးတီးဟာ ခ်န္ပီယံလိဂ္မွာ လိုင္ယြန္ကို ရႈံးၿပီး ၿပိဳင္ပြဲကထြက္ခဲ့ရၿပီးေနာက္ ၿပီးခဲ့တဲ့တနလၤာေန႔မွေတာ့ ေဒးဗစ္ေဆးလ္ ဗား အေနနဲ႔ အသင္းကေနထြက္ၿပီး ဆိုစီဒက္ကို ေျပာင္းေရႊ႕ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးဘက္ကေတာ့ အသင္းမွာ ၁၀ ႏွစ္ ၾကာကစားခဲ့တဲ့ ေဒးဗစ္ေဆးလ္ဗားအတြက္ ကြင္းျပင္းပမွာ ႐ုပ္ထု ျပဳလုပ္ၿပီး ဂုဏ္ျပဳေပးဖို႔ ရွိတယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါ တယ္။
ေဒးဗစ္ေဆးလ္ဗားအေနနဲ႔ မန္စီးတီးကထြက္ၿပီး ဆိုစီဒက္ကို မေျပာင္းေရႊ႕ခင္မွာ စီးရီးေအကလပ္ လာဇီယိုကို ေျပာင္းေရႊ႕ မယ္ဆိုတဲ့ သတင္းေတြထြက္ခဲ့ပါေသးတယ္။ လာဇီယိုအသင္း အားကစားဒါ႐ိုက္တာ အက္လီတာရီကေတာ့ ေဒးဗစ္ ေဆးလ္ဗားရဲ႕ လုပ္ရပ္ဟာ ေလးစားမႈကင္းမဲ့တဲ့လုပ္ရပ္မ်ိဳးလို႔ ေျပာဆိုၿပီး ေဒါသထြက္ေနတယ္လို႔ သိရပါတယ္။ ေဒးဗစ္ ေဆးလ္ဗားဟာ လာဇီယိုကို ေျပာင္းေရႊ႕ဖို႔အတြက္ သံုးႏွစ္စာခ်ဳပ္နဲ႔ အႀကိဳသေဘာတူမႈရွိခဲ့တယ္လို႔ သတင္းေတြကေဖာ္ျပ ခဲ့ပါတယ္။