ချဲလ်ဆီးက ထွက်ပြီး အာဆင်နယ်မှာ လာကစားဖို့အတွက် ဒေးဗစ်လုဇ်က ဖိအားပေးခဲ့တယ်လို့ ဝီလီယံ ဝန်ခံခဲ့

နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ အာဆင်နယ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာတဲ့ ဝီလီယံက အသင်းပြောင်းဖို့ အတွက် အသင်းဖော်ဟောင်းဒေးဗစ်လုဇ်က ဖိအားခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ ကစားသမား အပြောင်းအရွှေ့ ပေါ်လစီကြောင့် အသက် ၃၀ ကျော်ကစားသမားတွေကို စာချုပ်သက်တမ်း တစ်နှစ်ပဲတိုးလေ့ရှိပေမယ့် ဝီလီယံကို ၂နှစ်စာချုပ်ချုပ်ဖို့ ချဲလ်ဆီးက ကမ်းလှမ်းခဲ့တာဖြစ်ပြီး ဝီလီယံက ပယ်ချခဲ့တာပဲ ဖြစ်ပါတယ်။

ဝီလီယံနဲ့ ဒေးဗစ်လုဇ်တို့ဟာ ချဲလ်ဆီးအသင်းမှာလည်း အတူကစားခဲ့ဖူးသလို ဘရာဇီးလက်ရွေးစင်အသင်းမှာလည်း အတူ ကစားခဲ့ဖူးသူတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကြားမှာ ရှိတဲ့ရင်းနှီးတဲ့ဆက်ဆံရေးတွေကြောင့် ဒေးဗစ်လုဇ်က ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ ဝီလီယံကို အာဆင်နယ်မှာလာကစားဖို့ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ အာဆင် နယ်နည်းပြ အာတီတာကတော့ ဝီလီယံရောက်ရှိလာတာကြောင့် အသင်းကစားပုံအနေနဲ့ ပြောင်းလဲမှုရှိလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးနောက်မှာတော့ အသင်းဝက်ဘ်ဆိုဒ်ကနေတဆင့် ဝီလီယံက “ အာဆင်နယ်ကို ကျွန် တော်ပြောင်းလာတဲ့အတွက် ဒေးဗစ်လုဇ် ပျော်နေပါတယ်။ ချဲလ်ဆီးနဲ့ အဆင်မပြေဖြစ်နေချိန်မှာ ဒေးဗစ်လုဇ်က အာဆင် နယ် လာခဲ့ဖို့နဲ့ သူကူညီမယ်ဆိုတဲ့ အကြောင်းတွေကို ခဏခဏပြောပါတယ်။ အရင်ကလည်း သူက ကျွန်တော်ကို အများ ကြီး ကူညီခဲ့ဖူးပါတယ်။ သူရဲ့ ပြောစကားတွေက ကျွန်တော်ကို ဖိအားဖြစ်စေခဲ့ပြီး နောက်ဆုံးမှာ အာဆင်နယ်ကို ပြောင်းဖို့ အတွက် ဖြစ်လာခဲ့ပါတယ်။” လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်နဲ့ ဆက်စပ်တဲ့အခြားသတင်းတစ်ပုဒ်မှာတော့ အသင်းအနေနဲ့ လူငယ်အကယ်ဒမီအတွက် ကစားသမား နှစ် ယောက် ကိုခေါ်ယူခဲ့တယ်လို့ သိရပါတယ်။အာဆင်နယ်ဟာ စပါးလူငယ်အကယ်ဒမီက ဂျိုနသန်ဒင်ဇီရီနဲ့ ဟက်ဒါဖီးလ်လူ ငယ်အကယ်ဒမီက တင်အကင်နိုလာတို့ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။အသက် ၂၀ ရှိပြီဖြစ်တဲ့ ဒင်ဇီရီ က နောက်ခံလူတစ်ဦး ဖြစ်ပြီး အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ အကင်နိုလာက ကွင်းလယ်လူတစ်ဦးဖြစ်ပါတယ်။

zawgyi version

ခ်ဲလ္ဆီးက ထြက္ၿပီး အာဆင္နယ္မွာ လာကစားဖို႔အတြက္ ေဒးဗစ္လုဇ္က ဖိအားေပးခဲ့တယ္လို႔ ဝီလီယံ ဝန္ခံခဲ့
ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးကေန အာဆင္နယ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေရာက္ရွိလာတဲ့ ဝီလီယံက အသင္းေျပာင္းဖို႔ အတြက္ အသင္းေဖာ္ေဟာင္းေဒးဗစ္လုဇ္က ဖိအားခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။ ခ်ဲလ္ဆီးရဲ႕ ကစားသမား အေျပာင္းအေရႊ႕ ေပၚလစီေၾကာင့္ အသက္ ၃၀ ေက်ာ္ကစားသမားေတြကို စာခ်ဳပ္သက္တမ္း တစ္ႏွစ္ပဲတိုးေလ့ရွိေပမယ့္ ဝီလီယံကို ၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဖို႔ ခ်ဲလ္ဆီးက ကမ္းလွမ္းခဲ့တာျဖစ္ၿပီး ဝီလီယံက ပယ္ခ်ခဲ့တာပဲ ျဖစ္ပါတယ္။
ဝီလီယံနဲ႔ ေဒးဗစ္လုဇ္တို႔ဟာ ခ်ဲလ္ဆီးအသင္းမွာလည္း အတူကစားခဲ့ဖူးသလို ဘရာဇီးလက္ေရြးစင္အသင္းမွာလည္း အတူ ကစားခဲ့ဖူးသူေတြျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္ၾကားမွာ ရွိတဲ့ရင္းႏွီးတဲ့ဆက္ဆံေရးေတြေၾကာင့္ ေဒးဗစ္လုဇ္က ခ်ဲလ္ဆီးနဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ အဆင္မေျပျဖစ္ေနတဲ့ ဝီလီယံကို အာဆင္နယ္မွာလာကစားဖို႔ ဖိတ္ေခၚခဲ့တာျဖစ္ပါတယ္။ အာဆင္ နယ္နည္းျပ အာတီတာကေတာ့ ဝီလီယံေရာက္ရွိလာတာေၾကာင့္ အသင္းကစားပံုအေနနဲ႔ ေျပာင္းလဲမႈရွိလာႏိုင္တယ္လို႔ ေျပာခဲ့ပါတယ္။
အာဆင္နယ္ကို ေျပာင္းေရႊ႕လာၿပီးေနာက္မွာေတာ့ အသင္းဝက္ဘ္ဆိုဒ္ကေနတဆင့္ ဝီလီယံက “ အာဆင္နယ္ကို ကြ်န္ ေတာ္ေျပာင္းလာတဲ့အတြက္ ေဒးဗစ္လုဇ္ ေပ်ာ္ေနပါတယ္။ ခ်ဲလ္ဆီးနဲ႔ အဆင္မေျပျဖစ္ေနခ်ိန္မွာ ေဒးဗစ္လုဇ္က အာဆင္ နယ္ လာခဲ့ဖို႔နဲ႔ သူကူညီမယ္ဆိုတဲ့ အေၾကာင္းေတြကို ခဏခဏေျပာပါတယ္။ အရင္ကလည္း သူက ကြ်န္ေတာ္ကို အမ်ား ႀကီး ကူညီခဲ့ဖူးပါတယ္။ သူရဲ႕ ေျပာစကားေတြက ကြ်န္ေတာ္ကို ဖိအားျဖစ္ေစခဲ့ၿပီး ေနာက္ဆံုးမွာ အာဆင္နယ္ကို ေျပာင္းဖို႔ အတြက္ ျဖစ္လာခဲ့ပါတယ္။” လို႔ ေျပာခဲ့ပါတယ္။
အာဆင္နယ္နဲ႔ ဆက္စပ္တဲ့အျခားသတင္းတစ္ပုဒ္မွာေတာ့ အသင္းအေနနဲ႔ လူငယ္အကယ္ဒမီအတြက္ ကစားသမား ႏွစ္ ေယာက္ ကိုေခၚယူခဲ့တယ္လို႔ သိရပါတယ္။အာဆင္နယ္ဟာ စပါးလူငယ္အကယ္ဒမီက ဂ်ိဳနသန္ဒင္ဇီရီနဲ႔ ဟက္ဒါဖီးလ္လူ ငယ္အကယ္ဒမီက တင္အကင္ႏိုလာတို႔ကိုေခၚယူခဲ့တာျဖစ္ပါတယ္။အသက္ ၂၀ ရွိၿပီျဖစ္တဲ့ ဒင္ဇီရီ က ေနာက္ခံလူတစ္ဦး ျဖစ္ၿပီး အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ အကင္ႏိုလာက ကြင္းလယ္လူတစ္ဦးျဖစ္ပါတယ္။