ချန်ပီယံလိဂ်ဖလားလိုချင်ပါက အဂူရို နေရာကို အစားထိုးမယ့် ကစားသမား အရင်ဆုံးရှာဖွေရမယ်လို့ ဂွါဒီယိုလာကို တိုက်တွန်သွားတဲ့ ဇာဗီ

ဂွါဒီယိုလာ အနေနဲ့ မန်စီးတီးအသင်းကို ချန်ပီယံလိဂ်ဖလား ရစေချင်ရင် အဂူရို နေရာကို အစားထိုးပြီး ကြီးမားတဲ့ ပြောင်းလဲမှု (၃) ခုလုပ်ရမယ်လို့ တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်ချန်ပီယံလိဂ်မှာ ဖလားရဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ခဲ့သော်လည်း လိုင်ယွန်အသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး ကွာတားကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ အဂူရိုဟာ ကစားသမားဘ၀ နှောင်းပိုင်းကို ရောက်နေပြီး လိုင်ယွန်ကို (၃-၁) နဲ့ ရှုံးခဲ့တဲ့ပွဲကို ဒဏ်ရာ ကြောင့် လွဲချော်ခဲ့ရပြီး ဇာဗီက အဂူရို နေရာကို မန်စီးတီးအသင်းအနေနဲ့ အနှေးနဲ့ အမြန်အစားထိုးသင့်တယ်လို့ ပြောသွားခဲ့ပါတယ်။

“သူတို့ဟာ အခြားအသင်းကြီးတွေ အားလုံးလို အသင်းက အရေးပါတဲ့ ကစားသမားတွေ ရဲ့ ကစားသမားဘ၀ အဆုံးသတ်ပိုင်းကို ရောက်ဖို့ နီးစပ်နေပါတယ်။ ကွန်ပနီ လည်း ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူ တစ်ယောက်ဖြစ်ခဲ့ပြီး သူ့နေရာအစားထိုးနိုင်ဖို့ (၁) ယောက် ဒါမှမဟုတ် (၂) ယောက်ပဲ ရှိပါတယ်။

ဒေးဗစ်ဆေးလ်ဗား လည်း အလားတူပါ။ သူ့မျိုးဆက်မှာ သူလည်း အကောင်းဆုံးဖြစ်ခဲ့ပြီး အစားထိုးရန် ငွေသုံးရတော့မှာပါ။ အဂူရိုလည်း လက်ရှိ စာချုပ်သက်တမ်း (၁) နှစ် ကျန်ပါသေးတယ်။ ဥရောပမှာ တစ်ရာသီကို ဂိုး (၃၀) လောက်သွင်းပေးဖို့ ဘယ်တိုက်စစ်မှူးက အာမခံနိုင်မှာလဲ?” လို့ ဇာဗီက Daily Star ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဆုဖလား (၁) လုံးနဲ့ ကျေနပ်ခဲ့ပြီးနောက် ဒီနွေရာသီအပြောင်းအရွှေ့မှာ ဖာရန်တောရက်စ် နဲ့ နသန်အကီ တို့ကို ခေါ်ယူပြီး အင်အားဖြည့်ထားပါတယ်။

ခ်န္ပီယံလိဂ္ဖလားလိုခ်င္ပါက အဂူရို ေနရာကို အစားထိုးမယ့္ ကစားသမား အရင္ဆံုးရွာေဖြရမယ္လို႔ ဂြါဒီယိုလာကို တိုက္တြန္သြားတဲ့ ဇာဗီ

ဂြါဒီယိုလာ အေနနဲ႔ မန္စီးတီးအသင္းကို ခ်န္ပီယံလိဂ္ဖလား ရေစခ်င္ရင္ အဂူရို ေနရာကို အစားထိုးျပီး ၾကီးမားတဲ့ ေျပာင္းလဲမႈ (၃) ခုလုပ္ရမယ္လို႔ တိုက္တြန္းေျပာဆိုသြားခဲ့ပါတယ္။ဂြါဒီယုိလာရဲ႕ မန္စီးတီးအသင္းဟာ ဒီႏွစ္ခ်န္ပီယံလိဂ္မွာ ဖလားရဖို႔ ေရပနး္အစားဆံုးအသင္းေတြထဲက တစ္သင္းျဖစ္ခဲ့ေသာ္လည္း လိုင္ယြန္အသင္းကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့ျပီး ကြာတားကေန လွည့္ျပန္ခဲ့ရတာျဖစ္ပါတယ္။

အသက္ ၃၂ ႏွစ္အရြယ္ ရွိေနျပီျဖစ္တဲ့ အဂူရိုဟာ ကစားသမားဘ၀ ေႏွာင္းပိုင္းကို ေရာက္ေနျပီး လိုင္ယြန္ကို (၃-၁) နဲ႔ ရံႈးခဲ့တဲ့ပြဲကို ဒဏ္ရာ ေၾကာင့္ လြဲေခ်ာ္ခဲ့ရျပီး ဇာဗီက အဂူရို ေနရာကို မန္စီးတီးအသင္းအေနနဲ႔ အေႏွးနဲ႔ အျမန္အစားထိုးသင့္တယ္လို႔ ေျပာသြားခဲ့ပါတယ္။

“သူတို႔ဟာ အျခားအသင္းၾကီးေတြ အားလံုးလို အသင္းက အေရးပါတဲ့ ကစားသမားေတြ ရဲ႕ ကစားသမားဘ၀ အဆံုးသတ္ပိုင္းကို ေရာက္ဖို႔ နီးစပ္ေနပါတယ္။ ကြန္ပနီ လည္း ကမာၻ႕အေကာင္းဆံုး ဗဟိုေနာက္ခံလူ တစ္ေယာက္ျဖစ္ခဲ့ျပီး သူ႔ေနရာအစားထိုးႏိုင္ဖို႔ (၁) ေယာက္ ဒါမွမဟုတ္ (၂) ေယာက္ပဲ ရွိပါတယ္။

ေဒးဗစ္ေဆးလ္ဗား လည္း အလားတူပါ။ သူ႔မ်ိဳးဆက္မွာ သူလည္း အေကာင္းဆံုးျဖစ္ခဲ့ျပီး အစားထိုးရန္ ေငြသံုးရေတာ့မွာပါ။ အဂူရိုလည္း လက္ရွိ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ က်န္ပါေသးတယ္။ ဥေရာပမွာ တစ္ရာသီကို ဂိုး (၃၀) ေလာက္သြင္းေပးဖို႔ ဘယ္တိုက္စစ္မွဴးက အာမခံႏိုင္မွာလဲ?” လို႔ ဇာဗီက Daily Star ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ ျပီးခဲ့တဲ့ရာသီမွာ ဆုဖလား (၁) လံုးနဲ႔ ေက်နပ္ခဲ့ျပီးေနာက္ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ဖာရန္ေတာရက္စ္ နဲ႔ နသန္အကီ တို႔ကို ေခၚယူျပီး အင္အားျဖည့္ထားပါတယ္။