ဂွါဒီယိုလာ မန်စီးတီးမှာပဲ ဆက်နေသွားမယ်လို့ အေးဂျင့်ဖြစ်သူ ပြောဆို

ဂွါဒီယိုလာရဲ့ အေးဂျင့်ဖြစ်သူ ဂျိုးဆပ်မာရီယာအိုရိုဘစ် က ဂွါဒီယိုလာဟာ နည်းပြ ဆက်တီယန်ကို ထုတ်ပယ်လိုက်တဲ့ ဘာစီလိုနာကို သွားမှာမဟုတ်ပဲ မန်စီးတီးအသင်းမှာပဲ ၁၀၀ ရာနှုန်းပြည့် ဆက်ရှိသွားမယ်လို့ ပြောသွားခဲ့ပါတယ်။ ဂွါဒီယိုလာဟာ နူးကမ့်မှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး အောင်မြင်မှု အများအပြား ရခဲ့လို့ တစ်နေ့မှာ ပြန်သွားဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အေးဂျင့် အိုရိုဘစ်က ဒါဟာ လက်ရှိမှာ မဖြစ်နိုင်ဘူးလို့ ထုတ်ဖော်ပြောသွားတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်အသင်းကို (၈-၂) နဲ့ အရှက်ရစရာ ရှုံးနိမ့်ပြီးနောက် ဘာစီလိုနာအသင်းဟာ နည်းပြ ဆက်တီယန်ကို ထုတ်ပယ်လိုက်ပြီး နည်းပြသစ် တစ်ယောက် ရှာဖွေနေပါတယ်။ အသက် ၆၁ နှစ်အရွယ်နည်းပြဟာ ဘာစီလိုနာအသင်းကို (၇) လပဲ တာဝန်ယူခဲ့ရပြီး စပိန်လာလီဂါ နဲ့ ချန်ပီယံလိဂ်ဖလားတို့ကို လက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။

ဂွါဒီယိုလာလည်း ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ လိုင်ယွန်အသင်းကို မမျှော်လင့်ပဲ (၃-၁) နဲ့ ရှုံးနိမ့်ခဲ့လို့ စိတ်ပျက်နေတာဖြစ်ပေမယ့် စပိန်လူမျိုးနည်းပြရဲ့ ကိုယ်စားလှယ်ဖြစ်သူက ဂွါဒီယိုလာဟာ အသင်းက ထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

အိုရိုဘစ်က “ဟုတ်ပါတယ် ၊ ဂွါဒီယိုလာက မန်စီးတီးမှာ ၁၀၀ ရာနှုန်းပြည့် ဆက်နေသွားမှာပါ” ဘာစီလိုနာကို ပြန်သွားမယ့်ကိစ္စဟာလည်း လက်ရှိမှာ လုံး၀ မဖြစ်နိုင်ဘူး” လို့ Goal ကို ပြောသွားခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ မန်စီးတီးနဲ့ လက်ရှိစာချုပ်သက်တမ်းဟာလည်း ၂၀၂၁ ခုနှစ်အထိ ဆက်ရှိနေပြီး စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းတော့မယ်လို့ သိရပါတယ်။

ဂြါဒီယိုလာ မန္စီးတီးမွာပဲ ဆက္ေနသြားမယ္လို႔ ေအးဂ်င့္ျဖစ္သူ ေျပာဆို

ဂြါဒီယိုလာရဲ႕ ေအးဂ်င့္ျဖစ္သူ ဂ်ိဳးဆပ္မာရီယာအိုရိုဘစ္ က ဂြါဒီယိုလာဟာ နည္းျပ ဆက္တီယန္ကို ထုတ္ပယ္လိုက္တဲ့ ဘာစီလိုနာကို သြားမွာမဟုတ္ပဲ မန္စီးတီးအသင္းမွာပဲ ၁၀၀ ရာႏႈန္းျပည့္ ဆက္ရွိသြားမယ္လို႔ ေျပာသြားခဲ့ပါတယ္။ ဂြါဒီယိုလာဟာ ႏူးကမ့္မွာ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၂ ခုႏွစ္အထိ နည္းျပအျဖစ္ တာ၀န္ယူခဲ့ျပီး ေအာင္ျမင္မႈ အမ်ားအျပား ရခဲ့လို႔ တစ္ေန႔မွာ ျပန္သြားဖြယ္ရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ ေအးဂ်င့္ အိုရိုဘစ္က ဒါဟာ လက္ရွိမွာ မျဖစ္ႏိုင္ဘူးလို႔ ထုတ္ေဖာ္ေျပာသြားတာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ျမဴးနစ္အသင္းကို (၈-၂) နဲ႔ အရွက္ရစရာ ရႈံးနိမ့္ျပီးေနာက္ ဘာစီလိုနာအသင္းဟာ နည္းျပ ဆက္တီယန္ကို ထုတ္ပယ္လိုက္ျပီး နည္းျပသစ္ တစ္ေယာက္ ရွာေဖြေနပါတယ္။ အသက္ ၆၁ ႏွစ္အရြယ္နည္းျပဟာ ဘာစီလိုနာအသငး္ကို (၇) လပဲ တာ၀န္ယူခဲ့ရျပီး စပိန္လာလီဂါ နဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို လက္လႊတ္ခဲ့ရတာျဖစ္ပါတယ္။ ဂြါဒီယိုလာလည္း ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ လိုင္ယြန္အသင္းကို မေမွ်ာ္လင့္ပဲ (၃-၁) နဲ႔ ရႈံးနိမ့္ခဲ့လို႔ စိတ္ပ်က္ေနတာျဖစ္ေပမယ့္ စပိန္လူမ်ိဳးနည္းျပရဲ႕ ကိုယ္စားလွယ္ျဖစ္သူက ဂြါဒီယိုလာဟာ အသင္းက ထြက္ခြာမွာ မဟုတ္ဘူးလို႔ ေျပာဆိုသြားခဲ့ပါတယ္။

အိုရိုဘစ္က “ဟုတ္ပါတယ္ ၊ ဂြါဒီယိုလာက မန္စီးတီးမွာ ၁၀၀ ရာႏႈန္းျပည့္ ဆက္ေနသြားမွာပါ” ဘာစီလိုနာကို ျပန္သြားမယ့္ကိစၥဟာလည္း လက္ရွိမွာ လံုး၀ မျဖစ္ႏိုင္ဘူး” လို႔ Goal ကို ေျပာသြားခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာရဲ႕ မန္စီးတီးနဲ႔ လက္ရွိစာခ်ဳပ္သက္တမ္းဟာလည္း ၂၀၂၁ ခုႏွစ္အထိ ဆက္ရွိေနျပီး စာခ်ဳပ္သက္တမ္းတိုးရန္ ကမ္းလွမ္းေတာ့မယ္လို႔ သိရပါတယ္။