လီဗာပူးလ်တိုက်စစ်မှူး ဘရူးစတားကို ခေါ်ယူရန် အက်စတွန်ဗီလာ ၊ နယူးကာဆယ် ၊ ဘရိုက်တန် ၊ ဖူလ်ဟမ် နဲ့ ခရစ္စတယ်ပဲလေ့စ် အသင်းတို့ အားလုံးက အငှားနဲ့ခေါ်ယူရန် စိတ်ဝင်စား

အက်စတွန်ဗီလာအသင်းဟာ ဆွမ်ဆီးအသင်းမှာ အငှားနဲ့ ကစားနေတဲ့ လီဗာပူးလ်တိုက်စစ်မှူး ဘရူးစတားကို ခေါ်ယူရန်စိတ်ဝင်စားနေတဲ့ အသင်းတွေက တစ်သင်းဖြစ်လာပါတယ်။ အသက် ၂၀ အရွယ်ကစားသမားရဲ့ လက်မှတ်ကို နယူးကာဆယ်၊ ဘရိုက်တန်၊ ဖူလ်ဟမ် နဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ ကလည်း ရရန် လိုချင်နေတာဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းမှာ အနာဂတ်အတွက် ရည်ရွယ်ခံထားရတဲ့ ဘရူးစတားဟာ ဇန်နဝါရီလက ဆွမ်ဆီးအသင်းမှာ အငှားသွားရောက်ကစားခဲ့ပြီး (၂၂) ပွဲကစားကာ (၁၁) ဂိုးသွင်းပေးထားပါတယ်။ လီဗာပူးလ်အသင်းက ဘရူးစတား ဆွမ်ဆီးအသင်းမှာ တိုးတက်လာတာနဲ့ ပတ်သက်ပြီး အားရကျေနပ်နေတာဖြစ်ပါတယ်။ ဘရူးစတားဟာ ဒီလမှာ ကြိုးကြာနီအသင်းနဲ့ ရာသီကြို စခန်းသွင်းလေ့ကျင့်ရေးဆင်းရာမှာ ပါဝင်ခဲ့ပေမယ့် လီဗာပူးလ်အသင်းက နောက်ထပ် အငှားချရန် စဉ်းစားနေတယ်လို့ သိရပါတယ်။

ဘရူးစတား ဆွမ်ဆီးကို မပြောင်းခင်ကတည်းက ခေါ်ယူရန် စိတ်ဝင်စားနေတဲ့ အက်စတွန်ဗီလာအသင်းက အပြောင်းအရွှေ့မပိတ်ခင် သဘောတူညီမှု ရမယ်လို့ မျှော်လင့်နေတာဖြစ်ပါတယ်။ ဒင်းစမစ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်က တန်းဆင်းဇုန်းကနေ အမှတ် (၁) မှတ်တည်းနဲ့ လွတ်မြောက်ခဲ့တာပါ။ သို့သော်လည်း ဘရူးစတားကတော့ ယာဂင်ကလော့ပ်ရဲ့ အသင်းမှာ ပွဲထွက်ခွင့်ရချင်နေတာဖြစ်ပါတယ်။

လီဗာပူးလ္တိုက္စစ္မွဴး ဘရူးစတားကို ေခၚယူရန္ အက္စတြန္ဗီလာ ၊ နယူးကာဆယ္ ၊ ဘရိုက္တန္ ၊ ဖူလ္ဟမ္ နဲ႔ ခရစၥတယ္ပဲေလ့စ္ အသင္းတို႔ အားလံုးက အငွားနဲ႔ေခၚယူရန္ စိတ္၀င္စား

အက္စတြန္ဗီလာအသင္းဟာ ဆြမ္ဆီးအသင္းမွာ အငွားနဲ႔ ကစားေနတဲ့ လီဗာပူးလ္တုိက္စစ္မွဴး ဘရူးစတားကို ေခၚယူရန္စိတ္၀င္စားေနတဲ့ အသင္းေတြက တစ္သငး္ျဖစ္လာပါတယ္။ အသက္ ၂၀ အရြယ္ကစားသမားရဲ႕ လက္မွတ္ကို နယူးကာဆယ္၊ ဘရိုက္တန္၊ ဖူလ္ဟမ္ နဲ႔ ခရစၥတယ္ပဲေလ့စ္အသင္းတို႔ ကလည္း ရရန္ လိုခ်င္ေနတာျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ အသင္းမွာ အနာဂတ္အတြက္ ရည္ရြယ္ခံထားရတဲ့ ဘရူးစတားဟာ ဇန္န၀ါရီလက ဆြမ္ဆီးအသင္းမွာ အငွားသြားေရာက္ကစားခဲ့ျပီး (၂၂) ပြဲကစားကာ (၁၁) ဂိုးသြင္းေပးထားပါတယ္။ လီဗာပူးလ္အသင္းက ဘရူးစတား ဆြမ္ဆီးအသင္းမွာ တုိးတက္လာတာနဲ႔ ပတ္သက္ျပီး အားရေက်နပ္ေနတာျဖစ္ပါတယ္။ ဘရူးစတားဟာ ဒီလမွာ ၾကိဳးၾကာနီအသင္းနဲ႔ ရာသီၾကိဳ စခန္းသြင္းေလ့က်င့္ေရးဆင္းရာမွာ ပါ၀င္ခဲ့ေပမယ့္ လီဗာပူးလ္အသင္းက ေနာက္ထပ္ အငွားခ်ရန္ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ဘရူးစတား ဆြမ္ဆီးကို မေျပာင္းခင္ကတည္းက ေခၚယူရန္ စိတ္၀င္စားေနတဲ့ အက္စတြန္ဗီလာအသင္းက အေျပာင္းအေရႊ႕မပိတ္ခင္ သေဘာတူညီမႈ ရမယ္လို႔ ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။ ဒင္းစမစ္ရဲ႕အသင္းဟာ ျပီးခဲ့တဲ့ ပရီးမီးယားလိဂ္က တန္းဆင္းဇုန္းကေန အမွတ္ (၁) မွတ္တည္းနဲ႔ လြတ္ေျမာက္ခဲ့တာပါ။ သို႔ေသာ္လည္း ဘရူးစတားကေတာ့ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းမွာ ပြဲထြက္ခြင့္ရခ်င္ေနတာျဖစ္ပါတယ္။