ရာအူးလ်ဟီမီနက်ဇ်နဲ့ ဟီဂွာအင် လဲမလားလို့ ဂျူဗင်တပ်စ်က ကမ်းလှမ်းတာကို ပယ်ချလိုက်တဲ့ ဝုလ်ဗ်အသင်း

ဂျူဗင်တပ်စ်အသင်းဟာ ဝုလ်ဗ်တိုက်စစ်မှူး ရာအူးလ်ဟီမီနက်ဇ်နဲ့ ဟီဂွာအင် အလဲအထပ် လုပ်မလားမေးတာကို ငြင်းဆန်သွားခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။နည်းပြဆာရီကို ထုတ်ပယ်ပြီးနောက် ဂျူဗင်တပ်စ်နည်းပြသစ် ပီယာလိုဟာ အသင်းရဲ့ ပထမလူစာရင်းကို ဒီနွေရာသီမှာ အပြောင်းအလဲလုပ်ချင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၂) နှစ်က ဝုလ်ဗ်အသင်းကို ရောက်ရှိလာတဲ့ ရာအူးလ်ဟီမီနက်ဇ်ဟာ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေလို့ စီးရီးအေ ချန်ပီယံ အပါအဝင် ဥရောပက အသင်းတော်တော်များများက ဆက်သွယ်မှုတွေ လုပ်နေကြပါတယ်။သို့သော်လည်း သတင်းများအရ ဝုလ်ဗ်အသင်းဟာ ဂျူဗင်တပ်စ်အသင်းမှာ မျက်နှာသာပေးခြင်းမခံရတဲ့ ဟီဂွာအင် နဲ့ ရာအူးလ်ဟီမီနက်ဇ်ကို အလဲအထပ်လုပ်ရန် ငြင်းဆန်သွားခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်ရှိနေတဲ့ ဟီဂွာအင်ဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အသင်းမှာ ပြိုင်ပွဲစုံ (၄၄) ပွဲကစားထားပြီး အာဂျင်တီးနား ကစားသမားဟာ နောက်နွေရာသီမှာ တူရင်အခြေစိုက်ကလပ်ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာရမှာဖြစ်ပါတယ်။ဝုလ်ဗ်အသင်းဟာ ရာအူးလ်ဟီမီနက်ဇ်အတွက် ပေါင်သန်း ၉၀ သတ်မှတ်ထားပြီး ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်သက်တမ်း (၁) နှစ်လောက်ပဲ ကျန်တော့တဲ့ ဟီဂွါအင်ထက် ပိုပြီး တန်ကြေးမြင့်မားတယ်လို့ သတ်မှတ်ထားတာဖြစ်ပါတယ်။

ရာအူးလ္ဟီမီနက္ဇ္နဲ႔ ဟီဂြာအင္ လဲမလားလို႔ ဂ်ဴဗင္တပ္စ္က ကမ္းလွမ္းတာကို ပယ္ခ်လိုက္တဲ့ ၀ုလ္ဗ္အသင္း

ဂ်ဴဗင္တပ္စ္အသင္းဟာ ၀ုလ္ဗ္တိုက္စစ္မွဴး ရာအူးလ္ဟီမီနက္ဇ္နဲ႔ ဟီဂြာအင္ အလဲအထပ္ လုပ္မလားေမးတာကို ျငင္းဆန္သြားခဲ့တယ္လို႔ သတင္းထြက္ေပၚလာပါတယ္။နည္းျပဆာရီကို ထုတ္ပယ္ျပီးေနာက္ ဂ်ဴဗင္တပ္စ္နည္းျပသစ္ ပီယာလိုဟာ အသင္းရဲ႕ ပထမလူစာရင္းကို ဒီေႏြရာသီမွာ အေျပာင္းအလဲလုပ္ခ်င္ေနတာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ (၂) ႏွစ္က ၀ုလ္ဗ္အသင္းကို ေရာက္ရွိလာတဲ့ ရာအူးလ္ဟီမီနက္ဇ္ဟာ အသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပေနလို႔ စီးရီးေအ ခ်န္ပီယံ အပါအ၀င္ ဥေရာပက အသင္းေတာ္ေတာ္မ်ားမ်ားက ဆက္သြယ္မႈေတြ လုပ္ေနၾကပါတယ္။သို႔ေသာ္လည္း သတင္းမ်ားအရ ၀ုလ္ဗ္အသင္းဟာ ဂ်ဴဗင္တပ္စ္အသင္းမွာ မ်က္ႏွာသာေပးျခင္းမခံရတဲ့ ဟီဂြာအင္ နဲ႔ ရာအူးလ္ဟီမီနက္ဇ္ကို အလဲအထပ္လုပ္ရန္ ျငင္းဆန္သြားခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၃၂ ႏွစ္ရွိေနတဲ့ ဟီဂြာအင္ဟာ ျပီးခဲ့တဲ့ရာသီက ဂ်ဴဗင္တပ္စ္အသင္းမွာ ျပိဳင္ပြဲစံု (၄၄) ပြဲကစားထားျပီး အာဂ်င္တီးနား ကစားသမားဟာ ေနာက္ေႏြရာသီမွာ တူရင္အေျခစိုက္ကလပ္ကေန အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ထြက္ခြာရမွာျဖစ္ပါတယ္။၀ုလ္ဗ္အသင္းဟာ ရာအူးလ္ဟီမီနက္ဇ္အတြက္ ေပါင္သန္း ၉၀ သတ္မွတ္ထားျပီး ဂ်ဴဗင္တပ္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း (၁) ႏွစ္ေလာက္ပဲ က်န္ေတာ့တဲ့ ဟီဂြါအင္ထက္ ပိုျပီး တန္ေၾကးျမင့္မားတယ္လို႔ သတ္မွတ္ထားတာျဖစ္ပါတယ္။