အမေရိကန်သမ္မတဟောင်း အိုဘားမားဆီက ပေါင် ၂၇၀၀၀ တန် လက်ဆောင်ရထားတဲ့ အီဗန်ဂျယ်လိုင်းရှန်တို့ လုပ်ငန်းစု က နယူးကာဆယ်ကို ဝယ်ယူတော့မယ်လို့ သိရ

အသင်းပိုင်ရှင်အပြောင်းအလဲ ဖြစ်ဖို့ သတင်းတွေထွက်နေတဲ့ နယူးကာဆယ်ဟာ ပိုင်ရှင်အသစ်လက်ထဲကိုရောက်ဖို့ နီးစပ် နေတယ်လို့ သိရပါတယ်။ နယူးကာဆယ်ကို ဝယ်ယူဖို့အတွက် ကနေဒါလုပ်ငန်းရှင်အမျိုးသမီး အီဗန်ဂျယ်လိုင်းရှန် နဲ့ သူရဲ့ အမျိုးတွေဖြစ်တဲ့ စင်ကာပူလုပ်ငန်းရှင်တွေက ပူးပေါင်းပြီးစီစဉ်နေတယ်လို့ သိရပါတယ်။ နယူးကာဆယ်ပိုင်ရှင် မိုက်အက်ရှ် လေက ပေါင်သန်း ၃၄၀ အလိုရှိနေပေမယ့် အီဗန်ဂျယ်လိုင်းရှန်တို့ဘက်ကတော့ ပေါင်သန်း ၂၈၀ နဲ့ စတင်ကမ်းလှမ်းထား တယ်လို့ သိရပါတယ်။


အတွင်းသတင်းသိသူတစ်ယောက်ကတော့ “ မိုက်အက်ရှ်လေအနေနဲ့ ကမ်းလှမ်းချက်ထက်ပိုပြီး အလိုရှိနေတာကို မစဉ်း စားတတ်ပါဘူး။ အသင်းကိုဝယ်ယူပြီးနောက်မှာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ရဦးမှာပါ။ သူအနေနဲ့ ကွဲပြားခြားနားသွားတာတွေ ကို တွေ့ရမှာဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။ နယူးကာဆယ်ကို ဝယ်ယူနိုင်ခဲ့ပြီးရင် အီဗန်ဂျယ်လိုင်းရှန်တို့ လုပ်ငန်းစုအနေ နဲ့ အသင်းရဲ့ပုံရိပ်အတွက် စီရော်နယ်ဒို ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


အီဗန်ဂျယ်လိုင်းရှန်ပိုင်တဲ့ ဘယ်လာဂရပ်ဖ်နိုဗာ လုပ်ငန်းစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ နယူးကာဆယ်ကို အသင်းကြီး တစ် သင်းဖြစ်လာအောင် ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ဗြိတိန်အသိုင်းအဝိုင်းဘက်က အီဗန်ဂျယ် လိုင်းရှန်ကို လူသိနည်းပေမယ့် သူမဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက အမေရိကန်သမ္မတဟောင်း အိုဘားမားနဲ့ တွေ့ဆုံခဲ့သူ လည်း ဖြစ်ပါတယ်။


စင်ကာပူမှာ ကျင်းပတဲ့ အိုဘားမာရဲ့ လူငယ်ခေါင်းဆောင်ရန်ပုံငွေ အစီအစဉ်မှာ အီဗန်ဂျယ်လိုင်းရှန်အနေနဲ့ ပါဝင်ဆွေးနွေး ခဲ့တာဖြစ်ပြီး အိုဘားမားက ပေါင် ၂၇၀၀၀ တန်လက်ကောက်ကို လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။အိုဘားမားက တော့ ဒီပွဲကို သူရဲ့ဇနီး မီချယ်အိုဘားမား မတက်ရောက်ခဲ့တာ သူအတွက်ကံကောင်းတယ်ဆိုပြီး သတင်းထောက်တွေကို နောက်ပြောင်သွားခဲ့တယ်လို့ သိရပါတယ်။

zawgyi version

အေမရိကန္သမၼတေဟာင္း အိုဘားမားဆီက ေပါင္ ၂၇၀၀၀ တန္ လက္ေဆာင္ရထားတဲ့ အီဗန္ဂ်ယ္လိုင္းရွန္တို႔ လုပ္ငန္းစု က နယူးကာဆယ္ကို ဝယ္ယူေတာ့မယ္လို႔ သိရ
အသင္းပိုင္ရွင္အေျပာင္းအလဲ ျဖစ္ဖို႔ သတင္းေတြထြက္ေနတဲ့ နယူးကာဆယ္ဟာ ပိုင္ရွင္အသစ္လက္ထဲကိုေရာက္ဖို႔ နီးစပ္ ေနတယ္လို႔ သိရပါတယ္။ နယူးကာဆယ္ကို ဝယ္ယူဖို႔အတြက္ ကေနဒါလုပ္ငန္းရွင္အမ်ိဳးသမီး အီဗန္ဂ်ယ္လိုင္းရွန္ နဲ႔ သူရဲ႕ အမ်ိဳးေတြျဖစ္တဲ့ စင္ကာပူလုပ္ငန္းရွင္ေတြက ပူးေပါင္းၿပီးစီစဥ္ေနတယ္လို႔ သိရပါတယ္။ နယူးကာဆယ္ပိုင္ရွင္ မိုက္အက္ရွ္ ေလက ေပါင္သန္း ၃၄၀ အလိုရွိေနေပမယ့္ အီဗန္ဂ်ယ္လိုင္းရွန္တို႔ဘက္ကေတာ့ ေပါင္သန္း ၂၈၀ နဲ႔ စတင္ကမ္းလွမ္းထား တယ္လို႔ သိရပါတယ္။
အတြင္းသတင္းသိသူတစ္ေယာက္ကေတာ့ “ မိုက္အက္ရွ္ေလအေနနဲ႔ ကမ္းလွမ္းခ်က္ထက္ပိုၿပီး အလိုရွိေနတာကိုု မစဥ္း စားတတ္ပါဘူး။ အသင္းကိုဝယ္ယူၿပီးေနာက္မွာ ရင္းႏွီးျမဳပ္ႏွံမႈေတြ ျပဳလုပ္ရဦးမွာပါ။ သူအေနနဲ႔ ကြဲျပားျခားနားသြားတာေတြ ကို ေတြ႕ရမွာျဖစ္ပါတယ္” လို႔ေျပာခဲ့ပါတယ္။ နယူးကာဆယ္ကို ဝယ္ယူႏိုင္ခဲ့ၿပီးရင္ အီဗန္ဂ်ယ္လိုင္းရွန္တို႔ လုပ္ငန္းစုအေန နဲ႕ အသင္းရဲ႕ပံုရိပ္အတြက္ စီေရာ္နယ္ဒို ကိုေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
အီဗန္ဂ်ယ္လိုင္းရွန္ပိုင္တဲ့ ဘယ္လာဂရပ္ဖ္ႏိုဗာ လုပ္ငန္းစုနဲ႔ လုပ္ေဖာ္ကိုင္ဖက္ေတြဟာ နယူးကာဆယ္ကို အသင္းႀကီး တစ္ သင္းျဖစ္လာေအာင္ ရင္းႏွီးျမဳပ္ႏွံမႈေတြျပဳလုပ္သြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ ၿဗိတိန္အသိုင္းအဝိုင္းဘက္က အီဗန္ဂ်ယ္ လိုင္းရွန္ကို လူသိနည္းေပမယ့္ သူမဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာတုန္းက အေမရိကန္သမၼတေဟာင္း အိုဘားမားနဲ႔ ေတြ႕ဆံုခဲ့သူ လည္း ျဖစ္ပါတယ္။
စင္ကာပူမွာ က်င္းပတဲ့ အိုဘားမာရဲ႕ လူငယ္ေခါင္းေဆာင္ရန္ပံုေငြ အစီအစဥ္မွာ အီဗန္ဂ်ယ္လိုင္းရွန္အေနနဲ႔ ပါဝင္ေဆြးေႏြး ခဲ့တာျဖစ္ၿပီး အိုဘားမားက ေပါင္ ၂၇၀၀၀ တန္လက္ေကာက္ကို လက္ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။အိုဘားမားက ေတာ့ ဒီပြဲကို သူရဲ႕ဇနီး မီခ်ယ္အိုဘားမား မတက္ေရာက္ခဲ့တာ သူအတြက္ကံေကာင္းတယ္ဆိုၿပီး သတင္းေထာက္ေတြကို ေနာက္ေျပာင္သြားခဲ့တယ္လို႔ သိရပါတယ္။