တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းခွဲနဲ့ အူဘာမီယန်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်ဟာ အသင်းခေါင်းဆောင် အူဘာမီယန်ကို စာချုပ်သစ်ချုပ်ဆိုဖို့ အတွက် အစောပိုင်းကတည်းက ဆွေးနွေးနေ ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ တစ်ပတ်လုပ်ခပေါင် နှစ်သိန်းခွဲနဲ့ သုံးနှစ်စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ စာချုပ် သစ် မချုပ်ဆိုခင်မှာ အူဘာမီယန်ကို ခေါ်ယူဖို့ အတွက် ဥရောပကလပ်အသင်းကြီးတွေက စိတ်ဝင်စားမှုရှိခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

အူဘာမီယန်ဟာ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးနောက် သုံးနှစ်အတွင်းမှာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အသင်းခေါင်း ဆောင်ဖြစ်လာခဲ့ပြီး အသင်းနဲ့ အတူ အက်ဖ်အေဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ အူဘာမီယန်က သူရဲ့တွစ်တာ အကောင့်မှာ စာသားမပါပေမယ့် နာရီပုံစံလေး တင်ခဲ့တာကြောင့် အချိန်စောင့်ဆိုင်းခဲ့ရတယ်ဆိုပြီး သတင်းတွေကတော့ ဖော်ပြခဲ့ကြပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းကို အပြောင်းအလဲပြုလုပ်ဖို့ လုပ်ဆောင်သွား မှာဖြစ်တယ်လို့ ပြောအပြီးမှာတော့ လိုင်လီနောက်ခံလူ ဂါဘရီရယ်မက်ဂယ်လ်ဟော့စ် ကိုခေါ်ယူဖို့ နီးစပ်နေတယ်လို့ သိရ ပါတယ်။အသက် ၂၂ နှစ်သာရှိသေးတဲ့ မက်ဂယ်လ်ဟော့စ်အတွက် လိုင်လီအသင်းက ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၂၅ သန်းလောက် အလိုရှိနေတယ်လို့ သိရပါတယ်။

အာဆင်နယ်အနေနဲ့ မက်ဂယ်လ်ဟော့စ်ကို ဒီရက်ပိုင်းအတွင်းမှာ အပြီးသတ်ခေါ်ယူနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အာ ဆင်နယ်ဟာ နွေရာသီအပြောင်းအရွှေ့မှာ ချဲလ်ဆီးက ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့ပါတယ်။ ဥရောပထိပ်သီးလိဂ် ၅ ခုက ဗဟိုနောက်ခံလူတွေထဲမှာ အကောင်းဆုံး ၅ဦးစာရင်းဝင်တဲ့ မက်ဂယ်လ်ဟော့စ်ကို ခေါ်ယူဖို့ အတွက် ချဲလ်ဆီးနဲ့ ယူနိုက်တက် တို့ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

တစ္ပတ္လုပ္ခ ေပါင္ ႏွစ္သိန္းခြဲနဲ႔ အူဘာမီယန္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုႏိုင္ခဲ့တဲ့ အာဆင္နယ္
အာဆင္နယ္ဟာ အသင္းေခါင္းေဆာင္ အူဘာမီယန္ကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ အတြက္ အေစာပိုင္းကတည္းက ေဆြးေႏြးေန ခဲ့တာျဖစ္ၿပီး ေနာက္ဆံုးမွာေတာ့ တစ္ပတ္လုပ္ခေပါင္ ႏွစ္သိန္းခြဲနဲ႔ သံုးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ စာခ်ဳပ္ သစ္ မခ်ဳပ္ဆိုခင္မွာ အူဘာမီယန္ကို ေခၚယူဖို႔ အတြက္ ဥေရာပကလပ္အသင္းႀကီးေတြက စိတ္ဝင္စားမႈရွိခဲ့တယ္လို႔လည္း သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။
အူဘာမီယန္ဟာ အာဆင္နယ္ကို ေျပာင္းေရႊ႕လာၿပီးေနာက္ သံုးႏွစ္အတြင္းမွာ ေျခစြမ္းျပႏိုင္ခဲ့တာေၾကာင့္ အသင္းေခါင္း ေဆာင္ျဖစ္လာခဲ့ၿပီး အသင္းနဲ႔ အတူ အက္ဖ္ေအဖလားခ်န္ပီယံဆုကို ရယူႏိုင္ခဲ့ပါတယ္။ အူဘာမီယန္က သူရဲ႕တြစ္တာ အေကာင့္မွာ စာသားမပါေပမယ့္ နာရီပံုစံေလး တင္ခဲ့တာေၾကာင့္ အခ်ိန္ေစာင့္ဆိုင္းခဲ့ရတယ္ဆိုၿပီး သတင္းေတြကေတာ့ ေဖာ္ျပခဲ့ၾကပါတယ္။
အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းကို အေျပာင္းအလဲျပဳလုပ္ဖို႔ လုပ္ေဆာင္သြား မွာျဖစ္တယ္လို႔ ေျပာအၿပီးမွာေတာ့ လိုင္လီေနာက္ခံလူ ဂါဘရီရယ္မက္ဂယ္လ္ေဟာ့စ္ ကိုေခၚယူဖို႔ နီးစပ္ေနတယ္လို႔ သိရ ပါတယ္။အသက္ ၂၂ ႏွစ္သာရွိေသးတဲ့ မက္ဂယ္လ္ေဟာ့စ္အတြက္ လိုင္လီအသင္းက ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္ ၂၅ သန္းေလာက္ အလိုရွိေနတယ္လို႔ သိရပါတယ္။
အာဆင္နယ္အေနနဲ႔ မက္ဂယ္လ္ေဟာ့စ္ကို ဒီရက္ပိုင္းအတြင္းမွာ အၿပီးသတ္ေခၚယူႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ အာ ဆင္နယ္ဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ ခ်ဲလ္ဆီးက ဝီလီယံကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူထားႏိုင္ခဲ့ပါတယ္။ ဥေရာပထိပ္သီးလိဂ္ ၅ ခုက ဗဟိုေနာက္ခံလူေတြထဲမွာ အေကာင္းဆံုး ၅ဦးစာရင္းဝင္တဲ့ မက္ဂယ္လ္ေဟာ့စ္ကို ေခၚယူဖို႔ အတြက္ ခ်ဲလ္ဆီးနဲ႔ ယူႏိုက္တက္ တို႔ကလည္း စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။