အသင်းခေါင်းဆောင် ဂျိမ်းစ်ဝပ်ပရောင်းစ်ကို (၅) နှစ် စာချုပ်သက်တမ်းတိုးလိုက်တဲ့ ဆောက်သမ်တန်အသင်း

ဂျိမ်းစ်ဝပ်ပရောင်းစ်ဟာ ဆောက်သမ်တန်အသင်းနဲ့ (၅) နှစ်စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ ကွင်းလယ်ကစားသမားဟာ ဆောက်သမ်တန်အသင်းကို အသက် (၈) နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့သူဖြစ်ပြီး စာချုပ်သစ်ကြောင့် အသင်းမှာ စုစုပေါင်း ဆယ်စုနှစ် (၂) ခုကြာ တဲ့အထိ ရှိနေမှာပါ။ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ရာသီက ဆောက်သမ်တန်အသင်းခေါင်းဆောင်ဟာ ပွဲတိုင်းမိနစ်တိုင်းကစားခဲ့သူဖြစ်ပါတယ်။

စာချုပ်သစ်နဲ့ ပတ်သက်ပြီး ဆောက်သမ်တန်နည်းပြ ဟက်ဆန်ဟော့တ်ကလည်း “ဝပ်ပရောင်းစ်ဟာ ဆောက်သမ်တန်ဘောလုံးအသင်းရဲ့ အကြောင်းအားလုံးကို သက်သေပြနေတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒီမှာ သူရဲ့ ကစားသမားဘ၀ တိုးတက်လာရုံတင်မကပါဘူး သူ့ရ့ အသင်းအပေါ် ထားရှိတဲ့ စိတ်ဓာတ် နဲ့ အလုပ်ကြိုးစားမှုတွေကြောင့်လည်း ယခုလို စာချုပ်သက်တမ်းတိုးခဲ့တာပါ။ ကျွန်တော်အသင်းကို ရောက်တော့ သူဟာ အများကြီးမကစားခဲ့ရပါဘူး။ ဒါပေမယ့် သူဟာ နားထောင်ပြီး အလုပ်ကြိုးစားခဲ့ပါတယ။် ဒါကြောင့်ပဲ သူဟာ ဒီလို နေရာကို ရောက်လာခဲ့တာပါ” လို့ အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ကို ပြောသွားခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဆောက်သမ်တန်အသင်းအတွက် ပွဲထွက်ကစားခွင့်ကို အသက် ၁၆ နှစ်အရွယ်မှာ ၂၀၁၁ အောက်တိုဘာလက ခရစ္စတယ်ပဲလေ့စ်ကို ကာရာဘောင်ဖလားပွဲမှာ (၂-၁) နဲ့ အနိုင်ရခဲ့တဲ့ပွဲ၌ ရရှိခဲ့သူဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းကို ကြယ်ပွင့်ကစားသမားတွေ အများအပြား ချန်ထားခဲ့ပေမယ့် ဝပ်ပရောင်းစ်ဟာ အသင်းမှာပဲ ဆက်ပြီး ရှိနေခဲ့ပါတယ်။ သူဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၂၇၈) ပွဲကစားထားပြီး (၂၄) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။

အသင္းေခါင္းေဆာင္ ဂ်ိမ္းစ္၀ပ္ပေရာင္းစ္ကို (၅) ႏွစ္ စာခ်ဳပ္သက္တမ္းတိုးလိုက္တဲ့ ေဆာက္သမ္တန္အသင္း

ဂ်ိမ္းစ္၀ပ္ပေရာင္းစ္ဟာ ေဆာက္သမ္တန္အသင္းနဲ႔ (၅) ႏွစ္စာခ်ဳပ္သက္တမ္းတိုးရန္ သေဘာတူညီမႈ ရရွိခဲ့ျပီျဖစ္ပါတယ္။ ကြင္းလယ္ကစားသမားဟာ ေဆာက္သမ္တန္အသင္းကို အသက္ (၈) ႏွစ္အရြယ္ကတည္းက ေရာက္ရွိလာခဲ့သူျဖစ္ျပီး စာခ်ဳပ္သစ္ေၾကာင့္ အသင္းမွာ စုစုေပါင္း ဆယ္စုႏွစ္ (၂) ခုၾကာ တဲ့အထိ ရွိေနမွာပါ။ ျပီးခဲ့တဲ့ပရီးမီးယားလိဂ္ရာသီက ေဆာက္သမ္တန္အသင္းေခါင္းေဆာင္ဟာ ပြဲတိုင္းမိနစ္တိုင္းကစားခဲ့သူျဖစ္ပါတယ္။

စာခ်ဳပ္သစ္နဲ႔ ပတ္သက္ျပီး ေဆာက္သမ္တန္နည္းျပ ဟက္ဆန္ေဟာ့တ္ကလည္း “၀ပ္ပေရာင္းစ္ဟာ ေဆာက္သမ္တန္ေဘာလံုးအသင္းရဲ႕ အေၾကာင္းအားလံုးကို သက္ေသျပေနတဲ့ ကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ဒီမွာ သူရဲ႕ ကစားသမားဘ၀ တိုးတက္လာရံုတင္မကပါဘူး သူ႔ရ႕ အသင္းအေပၚ ထားရွိတဲ့ စိတ္ဓာတ္ နဲ႔ အလုပ္ၾကိဳးစားမႈေတြေၾကာင့္လည္း ယခုလို စာခ်ဳပ္သက္တမ္းတိုးခဲ့တာပါ။ ကၽြန္ေတာ္အသင္းကို ေရာက္ေတာ့ သူဟာ အမ်ားၾကီးမကစားခဲ့ရပါဘူး။ ဒါေပမယ့္ သူဟာ နားေထာင္ျပီး အလုပ္ၾကိဳးစားခဲ့ပါတယ။္ ဒါေၾကာင့္ပဲ သူဟာ ဒီလို ေနရာကို ေရာက္လာခဲ့တာပါ” လို႔ အသင္းရဲ႕ တရား၀င္၀က္ဘ္ဆိုဒ္ကို ေျပာသြားခဲ့ပါတယ္။

အသက္ ၂၅ ႏွစ္အရြယ္ကစားသမားဟာ ေဆာက္သမ္တန္အသင္းအတြက္ ပြဲထြက္ကစားခြင့္ကို အသက္ ၁၆ ႏွစ္အရြယ္မွာ ၂၀၁၁ ေအာက္တိုဘာလက ခရစၥတယ္ပဲေလ့စ္ကို ကာရာေဘာင္ဖလားပြဲမွာ (၂-၁) နဲ႔ အႏိုင္ရခဲ့တဲ့ပြဲ၌ ရရွိခဲ့သူျဖစ္ပါတယ္။ ေဆာက္သမ္တန္အသင္းကို ၾကယ္ပြင့္ကစားသမားေတြ အမ်ားအျပား ခ်န္ထားခဲ့ေပမယ့္ ၀ပ္ပေရာင္းစ္ဟာ အသငး္မွာပဲ ဆက္ျပီး ရွိေနခဲ့ပါတယ္။ သူဟာ အသင္းအတြက္ ျပိဳင္ပြဲစံု (၂၇၈) ပြဲကစားထားျပီး (၂၄) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။