လီဗာပူးလ် နဲ့ စာချုပ်သက်တမ်းကုန်ဆုံးရင် အသင်းက ထွက်ခွာဖို့ ရည်ရွယ်ထားတယ်လို့ ဖွင့်ဟပြောဆိုလာတဲ့ ယာဂင်ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ဟာ အန်ဖီးလ်မှာ ပရီးမီးယားလိဂ်ချန်ပီယံနဲ့ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးသွားတဲ့အချိန် အသင်းက ထွက်ခွာသွားဖွယ်ရှိတယ်လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။ ဒေါ့မွန်နည်းပြဟောင်းဟာ မနှစ်က လီဗာပူးလ်အသင်းကို သမိုင်းမှာ (၆) ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ဆွတ်ခူးရယူပေးခဲ့ပြီး ဒီနှစ်မှာလည်း နှစ်ပေါင်း (၃၀) ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့တဲ့ နည်းပြဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ လက်ရှိ လီဗာပူးလ်အသင်းနဲ့ စာချုပ်သက်တမ်းဟာ ၂၀၂၄ ခုနှစ်အထိ ဖြစ်ပြီး ဂျာမန်လူမျိုးနည်းပြဟာ နောက် (၄) နှစ်အကြာမှာ သူ့ရဲ့ အစီအစဉ်ကို ပြောသွားခဲ့ပါတယ်။

“ကျွန်တော် တစ်နှစ်လောက်တော့ အနားယူမယ် ပြီးရင် ကျွန်တော့်ကိုယ် ကျွန်တော်ဘောလုံးကို လွမ်းသလား ၊ သတိရသလား မေးမယ်။ တစ်ကယ်လို့ မလွမ်းဘူး ၊ သတိမရဘူး ဆိုရင် နည်းပြယာဂင်ကလော့ပ်ဆိုတာ အဆုံးသတ်သွားမှာပါ။ တစ်နေ့ ကျွန်တော် နည်းပြတစ်ယောက်အနေနဲ့ မဟုတ်တော့ဘူးဆိုရင် ကျွန်တော်ဟာ မလုပ်ချင်တော့လို့ပဲ ဖြစ်ပါတယ်” လို့ လီဗာပူးလ်နည်းပြက SportBuzzer ကို ပြောသွားခဲ့တာဖြစ်ပါတယ်။

ယာဂင်ကလော့်ဟာ နည်းပြအဖြစ် မိန်ဇ့် ၊ ဒေါ့မွန် နဲ့ လီဗာပူးလ်အသင်းတို့မှာ ပွဲပေါင်း (၈၅၁) ပွဲနည်းပြခဲ့ပြီး အသက် ၅၃ နှစ်အရွယ်နည်းပြဟာ မကြာသေးခင်ကမှ ၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လီဗာပူးလ္ နဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆံုးရင္ အသင္းက ထြက္ခြာဖို႔ ရည္ရြယ္ထားတယ္လို႔ ဖြင့္ဟေျပာဆိုလာတဲ့ ယာဂင္ကေလာ့ပ္

လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ဟာ အန္ဖီးလ္မွာ ပရီးမီးယားလိဂ္ခ်န္ပီယံနဲ႔ ၂၀၂၄ ခုႏွစ္မွာ စာခ်ဳပ္သက္တမ္းကုန္ဆံုးသြားတဲ့အခ်ိန္ အသင္းက ထြက္ခြာသြားဖြယ္ရွိတယ္လို႔ အတည္ျပဳေျပာၾကားသြားခဲ့ပါတယ္။ ေဒါ့မြန္နည္းျပေဟာင္းဟာ မႏွစ္က လီဗာပူးလ္အသင္းကို သမိုင္းမွာ (၆) ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးရယူေပးခဲ့ျပီး ဒီႏွစ္မွာလည္း ႏွစ္ေပါင္း (၃၀) ၾကာ ေ၀းကြာေနတဲ့ ပရီးမီးယားလိဂ္ဖလားကို ရယူေပးခဲ့တဲ့ နည္းျပျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ လက္ရွိ လီဗာပူးလ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ ၂၀၂၄ ခုႏွစ္အထိ ျဖစ္ျပီး ဂ်ာမန္လူမ်ိဳးနည္းျပဟာ ေနာက္ (၄) ႏွစ္အၾကာမွာ သူ႔ရဲ႕ အစီအစဥ္ကို ေျပာသြားခဲ့ပါတယ္။

“ကၽြန္ေတာ္ တစ္ႏွစ္ေလာက္ေတာ့ အနားယူမယ္ ျပီးရင္ ကၽြန္ေတာ့္ကိုယ္ ကၽြန္ေတာ္ေဘာလံုးကို လြမ္းသလား ၊ သတိရသလား ေမးမယ္။ တစ္ကယ္လို႔ မလြမ္းဘူး ၊ သတိမရဘူး ဆိုရင္ နည္းျပယာဂင္ကေလာ့ပ္ဆိုတာ အဆံုးသတ္သြားမွာပါ။ တစ္ေန႔ ကၽြန္ေတာ္ နည္းျပတစ္ေယာက္အေနနဲ႔ မဟုတ္ေတာ့ဘူးဆိုရင္ ကၽြန္ေတာ္ဟာ မလုပ္ခ်င္ေတာ့လို႔ပဲ ျဖစ္ပါတယ္” လို႔ လီဗာပူးလ္နည္းျပက SportBuzzer ကုိ ေျပာသြားခဲ့တာျဖစ္ပါတယ္။

ယာဂင္ကေလာ့္ဟာ နညး္ျပအျဖစ္ မိန္ဇ့္ ၊ ေဒါ့မြန္ နဲ႔ လီဗာပူးလ္အသင္းတို႔မွာ ပြဲေပါင္း (၈၅၁) ပြဲနည္းျပခဲ့ျပီး အသက္ ၅၃ ႏွစ္အရြယ္နည္းျပဟာ မၾကာေသးခင္ကမွ ၂၀၁၉-၂၀ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ တစ္ႏွစ္တာအေကာင္းဆံုးနည္းျပဆုကို ဆြတ္ခူးႏိုင္ခဲ့ပါတယ္။