ဂျိုးဟတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတော့မယ့် စပါးအသင်း

စပါးအသင်းဟာ အသင်းရဲ့ အဓိက ဂိုးသမား လိုရစ် အတွက် အရန်ဂိုးသမားအဖြစ် ဂျိုးဟတ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားဟာ အင်္ဂါနေ့မှာ မော်ရင်ဟိုရဲ့ အသင်းနဲ့ (၂) နှစ်စာချုပ်ချုပ်ဆိုမှာဖြစ်တယ်လို့ သိရပါတယ်။ ဂျိုးဟတ်ဟာ ရာသီကုန်မှာ ဘန်လေအသင်းက ထွက်ခွာခဲ့ပြီးနောက် တစ်ယောက်တည်း အပြင်းအထန်လေ့ကျင့်နေတာဖြစ်ပါတယ်။

သူ့ကို အသင်းတော်တော်များများက အလိုရှိနေပေမယ့် ပရီးမီးယားလိဂ်က စပါးအသင်းကိုပဲ ဂျိုးဟတ်က ပြောင်းရွှေ့ချင်နေပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂိုးသမားကို ဆဲလ်တစ်၊ လိဒ် ၊ ဘလက်ဘန်း နဲ့ ဒါဘီကောင်တီအသင်းတို့က စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ လိုရစ်ဟာ ပြီးခဲ့တဲ့ရာသီက ဒဏ်ရာ ပြဿနာတွေနဲ့ မကစားခဲ့ရတာဖြစ်လို့ စပါးအသင်းက ယခုလို ဂျိုးဟတ်ကို ခေါ်ယူချင်နေတာပါ။

ဒါ့အပြင် အသင်းဟာ အပြောင်းအရွှေ့အတွက် ဘဏ္ဍာရေး တင်းကျပ်ထားတာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူလို့ရမယ့် ဂျိုးဟတ်ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၇၅) ပွဲကစားခဲ့ဖူးတဲ့ ဂျိုးဟတ်ဟာ ဘန်လေအသင်းအတွက် (၂၄) ပွဲကစားခဲ့ပါတယ်။

ဂ်ိဳးဟတ္ကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူေတာ့မယ့္ စပါးအသင္း

စပါးအသင္းဟာ အသင္းရ႕ဲ အဓိက ဂိုးသမား လိုရစ္ အတြက္ အရန္ဂိုးသမားအျဖစ္ ဂ်ိဳးဟတ္ကို ေခၚယူရန္ သေဘာတူညီမႈ ရရွိခဲ့ျပီျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္ကစားသမားဟာ အဂၤါေန႔မွာ ေမာ္ရင္ဟိုရဲ႕ အသင္းနဲ႔ (၂) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုမွာျဖစ္တယ္လို႔ သိရပါတယ္။ ဂ်ိဳးဟတ္ဟာ ရာသီကုန္မွာ ဘန္ေလအသင္းက ထြက္ခြာခဲ့ျပီးေနာက္ တစ္ေယာက္တည္း အျပင္းအထန္ေလ့က်င့္ေနတာျဖစ္ပါတယ္။

သူ႔ကို အသင္းေတာ္ေတာ္မ်ားမ်ားက အလိုရွိေနေပမယ့္ ပရီးမီးယားလိဂ္က စပါးအသင္းကိုပဲ ဂ်ိဳးဟတ္က ေျပာင္းေရႊ႕ခ်င္ေနပါတယ္။ အသက္ ၃၃ ႏွစ္အရြယ္ ဂိုးသမားကို ဆဲလ္တစ္၊ လိဒ္ ၊ ဘလက္ဘန္း န႔ဲ ဒါဘီေကာင္တီအသင္းတို႔က စိတ္၀င္စားေနၾကတာ ျဖစ္ပါတယ္။ လိုရစ္ဟာ ျပီးခဲ့တဲ့ရာသီက ဒဏ္ရာ ျပႆနာေတြနဲ႔ မကစားခဲ့ရတာျဖစ္လို႔ စပါးအသင္းက ယခုလို ဂ်ိဳးဟတ္ကို ေခၚယူခ်င္ေနတာပါ။

ဒါ့အျပင္ အသင္းဟာ အေျပာင္းအေရႊ႕အတြက္ ဘ႑ာေရး တင္းက်ပ္ထားတာျဖစ္လို႔ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူလို႔ရမယ့္ ဂ်ိဳးဟတ္ကို သတ္မွတ္ထားတာ ျဖစ္ပါတယ္။ အဂၤလန္လက္ေရြးစင္အသင္းအတြက္ (၇၅) ပြဲကစားခဲ့ဖူးတဲ့ ဂ်ိဳးဟတ္ဟာ ဘန္ေလအသင္းအတြက္ (၂၄) ပြဲကစားခဲ့ပါတယ္။