ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ထိပ်ဆုံးနေရာရခဲ့တဲ့ ၆သင်းစလုံး စိတ်ဝင်စားနေတဲ့ ဘရိုက်တန် နောက်ခံလူ ဘင်ဝှိုက်

အပြောင်းအရွှေ့ဈေးကွက်ဖွင့်တဲ့အချိန်မှာ ကစားသမားတစ်ယောက်ကို အခြားကလပ်အသင်းတွေအနေနဲ့ စိတ်ဝင်စားမှု ရှိတာ ဖြစ်လေ့ရှိပါတယ်။ နာမည်ကြီးကစားသမားတစ်ယောက်ကို အခြားထိပ်သီးအသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားကြ တာ မဆန်းပေမယ့် နာမည်မကြီးတဲ့ ကစားသမားတစ်ယောက်ကို ပြီးခဲ့တဲ့ရာသီက ထိပ်ဆုံးနေရာရခဲ့တဲ့အသင်း ၆သင်းစ လုံးက စိတ်ဝင်စားတာကတော့ထူးဆန်းတယ်လို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်မျိုးဟာ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ဖြစ်နေပြီး ဘရိုက်တန်အသင်းနောက်ခံလူ ဘင်ဝှိုက်ကို ခေါ်ယူဖို့အ တွက် ပြီးခဲ့ရာသီက ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးနေရာရခဲ့တဲ့ အသင်း၆သင်းစလုံးက စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၂ သာရှိသေးတဲ့ ဘင်ဝှိုက်ဟာ ဘရိုက်တန်လူငယ်အသင်းကနေ ပေါ်ထွက်လာတဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် အသင်းကြီးအတွက်တော့ ကစားခွင့်မရသေးတဲ့သူလည်း ဖြစ်ပါတယ်။

ဘရိုက်တန်ကနေ အခြားအသင်းတွေထံ အဌားသွားရောက်ကစားနေတဲ့ ဘင်ဝှိုက်ဟာ ပြီးခဲ့တဲ့ရာသီမှာတော့ ပရီးမီးယား လိဂ်တန်းတက်နိုင်ခဲ့တဲ့ ချန်ပီယံရှစ် ချန်ပီယံလိဒ်အသင်းမှာကစားခဲ့တာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက လိဒ်အတွက် လိဂ် ပြိုင်ပွဲ ၄၆ ပွဲစလုံးပါဝင်ကစားပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တဲ့ ဘင်ဝှိုက်ဟာ အသင်းရဲ့ အကောင်းဆုံးလူငယ်ကစားဆုကိုလည်း ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

The Sun သတင်းစာအရ ဖော်ပြမှုအရတော့ လက်ရှိမှာ ဘင်ဝှိုက်အနေနဲ့ အင်္ဂလန်အသင်းတွေရဲ့ အလိုချင်ဆုံးကစားသ မားဖြစ်နေတယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းက ဘင်ဝှိုက်ကိုခေါ်ယူဖို့အတွက် ယူနိုက်တက်အနေနဲ့ ပါဝင်ခဲ့ခြင်းမရှိပေ မယ့် နောက်ဆုံးမှာပါဝင်လာတာကြောင့် ဘင်ဝှိုက်အနေနဲ့ ထိပ်ဆုံး ၆ သင်းစလုံးက ခေါ်ယူဖို့ စောင့်ကြည့်ခံနေရတဲ့ ကစား သမားဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက အဌားနဲ့ခေါ်ယူခဲ့တဲ့ လိဒ်ကလည်း ဘင်ဝှိုက်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

zawgyi version

ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ထိပ္ဆံုးေနရာရခဲ့တဲ့ ၆သင္းစလံုး စိတ္ဝင္စားေနတဲ့ ဘ႐ိုက္တန္ ေနာက္ခံလူ ဘင္ဝႈိက္
အေျပာင္းအေရႊ႕ေစ်းကြက္ဖြင့္တဲ့အခ်ိန္မွာ ကစားသမားတစ္ေယာက္ကို အျခားကလပ္အသင္းေတြအေနနဲ႔ စိတ္ဝင္စားမႈ ရွိတာ ျဖစ္ေလ့ရွိပါတယ္။ နာမည္ႀကီးကစားသမားတစ္ေယာက္ကို အျခားထိပ္သီးအသင္းေတြက ေခၚယူဖို႔ စိတ္ဝင္စားၾက တာ မဆန္းေပမယ့္ နာမည္မႀကီးတဲ့ ကစားသမားတစ္ေယာက္ကို ၿပီးခဲ့တဲ့ရာသီက ထိပ္ဆံုးေနရာရခဲ့တဲ့အသင္း ၆သင္းစ လံုးက စိတ္ဝင္စားတာကေတာ့ထူးဆန္းတယ္လို႔ ဆိုရမွာပဲ ျဖစ္ပါတယ္။
ဒီလိုျဖစ္ရပ္မ်ိဳးဟာ ဒီႏွစ္ေႏြရာသီအေျပာင္းအေရႊ႕မွာ ျဖစ္ေနၿပီး ဘ႐ိုက္တန္အသင္းေနာက္ခံလူ ဘင္ဝႈိက္ကို ေခၚယူဖို႔အ တြက္ ၿပီးခဲ့ရာသီက ပရီးမီးယားလိဂ္မွာ ထိပ္ဆံုးေနရာရခဲ့တဲ့ အသင္း၆သင္းစလံုးက စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ အသက္ ၂၂ သာရွိေသးတဲ့ ဘင္ဝႈိက္ဟာ ဘ႐ိုက္တန္လူငယ္အသင္းကေန ေပၚထြက္လာတဲ့ကစားသမားတစ္ဦးျဖစ္ေပမယ့္ အသင္းႀကီးအတြက္ေတာ့ ကစားခြင့္မရေသးတဲ့သူလည္း ျဖစ္ပါတယ္။
ဘ႐ိုက္တန္ကေန အျခားအသင္းေတြထံ အဌားသြားေရာက္ကစားေနတဲ့ ဘင္ဝႈိက္ဟာ ၿပီးခဲ့တဲ့ရာသီမွာေတာ့ ပရီးမီးယား လိဂ္တန္းတက္ႏိုင္ခဲ့တဲ့ ခ်န္ပီယံရွစ္ ခ်န္ပီယံလိဒ္အသင္းမွာကစားခဲ့တာပဲ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက လိဒ္အတြက္ လိဂ္ ၿပိဳင္ပြဲ ၄၆ ပြဲစလံုးပါဝင္ကစားေပးခဲ့ၿပီး ေျခစြမ္းျပႏိုင္ခဲ့တဲ့ ဘင္ဝႈိက္ဟာ အသင္းရဲ႕ အေကာင္းဆံုးလူငယ္ကစားဆုကိုလည္း ရယူႏိုင္ခဲ့သူ ျဖစ္ပါတယ္။
The Sun သတင္းစာအရ ေဖာ္ျပမႈအရေတာ့ လက္ရွိမွာ ဘင္ဝႈိက္အေနနဲ႔ အဂၤလန္အသင္းေတြရဲ႕ အလိုခ်င္ဆံုးကစားသ မားျဖစ္ေနတယ္လို႔ သိရပါတယ္။ အေစာပိုင္းတုန္းက ဘင္ဝႈိက္ကိုေခၚယူဖို႔အတြက္ ယူႏိုက္တက္အေနနဲ႔ ပါဝင္ခဲ့ျခင္းမရွိေပ မယ့္ ေနာက္ဆံုးမွာပါဝင္လာတာေၾကာင့္ ဘင္ဝႈိက္အေနနဲ႔ ထိပ္ဆံုး ၆ သင္းစလံုးက ေခၚယူဖို႔ ေစာင့္ၾကည့္ခံေနရတဲ့ ကစား သမားျဖစ္လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ရာသီက အဌားနဲ႔ေခၚယူခဲ့တဲ့ လိဒ္ကလည္း ဘင္ဝႈိက္ကိုေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။