အင်္ဂလန်မှာ အောင်မြင်မှုရအောင်လုပ်ဆောင်ပြီး ခြေစွမ်းတိုးတက်အောင် ကိုင်ဟာဗက်ဇ်လုပ်ဆောင်သင့်တယ်လို့ ပြောခဲ့တဲ့ ပိုဒေါစကီး

ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟောင်း ပိုဒေါစကီးက လေဗာကူဆင်ကနေ ချဲလ်ဆီးကိုပြောင်းရွှေ့ဖို့ နှောင့်နှေးနေတဲ့ ကိုင် ဟာဗက်ဇ်အနေနဲ့ အင်္ဂလန်မြေကို ပြောင်းရွှေ့ကစားပြီး ခြေစွမ်းတိုးတက်အောင် လုပ်ဆောင်သင့်တယ်လို့ ပြောခဲ့ပါတယ်။ ကိုင်ဟာဗက်ဇ်အနေနဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ကစားဖို့ အလိုရှိနေပေမယ့် သက်ဆိုင်ရာကလပ်နှစ်သင်းကြား ပြောင်းရွှေ့ ကြေး ညှိနိုင်းမှု အဆင်မပြေသေးတာကြောင့် အခုချိန်ထိ ကိုင်ဟာဗက်ဇ်ဟာ အင်္ဂလန်ကိုမရောက်သေးတာဖြစ်ပါတယ်။

ပိုဒေါစကီးဟာ ဂျာမန်ကလပ်တွေဖြစ်တဲ့ ကိုလုံး၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ကစားပြီးနောက် အာဆင်နယ်အသင်းကို ပြောင်းရွှေ့ကစားခဲ့သူလည်း ဖြစ်ပါတယ်။ အသက် ၂၁ နှစ်သာရှိသေးတဲ့ ကိုင်ဟာဗက်ဇ်ဟာ ၂၀၁၆ ခုနှစ်ကတည်းက လေ ဗာကူဆင်အသင်းကြီးအတွက် ကစားခွင့်ရခဲ့သူဖြစ်ပြီး ဘွန်ဒက်လီဂါ ပွဲပေါင်း ၁၀၀ ကို အသက်အငယ်ဆုံးနဲ့ ရရှိခဲ့တဲ့ ကစား သမားလည်း ဖြစ်ပါတယ်။

လေဗာကူဆင်အသင်း စီအီးအိုဖြစ်တဲ့ ကိုင်ရိုကတော့ ကိုင်ဟာဗက်ဇ်ရဲ့ ကစားသမားဘဝနောက်တဆင့်အတွက် ရောင်းချ တော့မှာဖြစ်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။The Athletic ရဲ့မေးမြန်းမှုကိုတော့ အသက် ၃၅ နှစ်ရှိနေပြီဖြစ်တဲ့ ပိုဒေါ စကီးက “ လေဗာကူဆင်ကစားသမားတစ်ယောက်ရဲ့ကိစ္စ ကျွန်တော်ကိုလာမေးနေတယ်။ ကျွန်တော်က ကိုလုံးအသင်းက ကစားသမားပါ။ ကျွန်တော်ရဲ့ ပြိုင်ဘက်အသင်းတွေက ဂလက်ဘတ်နဲ့ ဒူဆယ်ဒေါ့ဖ် ပါ” လို့ နောက်ပြောင်ခဲ့ပါတယ်။

ဆက်လက်ပြီး ပိုဒေါစကီးက “ ဟာဗက်ဇ်က အရည်အချင်းရှိတဲ့ကစားသမားတစ်ယောက်ပါ။ အသက်ငယ်သေးတယ်ဆိုပေ မယ့် ပရီးမီးယားလိဂ်မှာကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။” လို့ပြောခဲ့ပါတယ်။ ပိုဒေါစကီးဟာ အာဆင်နယ်ကိုပြောင်းလာပြီး နောက် အသင်းနဲ့အတူ ၂၀၁၃-၁၄ ဘောလုံးရာသီမှာ အက်ဖ်အေဖလားရယူနိုင်ခဲ့သလို ၂၀၁၄ ခုနှစ်ကမ္ဘာ့ဖလားချန်ပီယံ ဆုကိုလည်း ဂျာမနီနဲ့ ရယူနိုင်ခဲ့ပါတယ်။

zawgyi version

အဂၤလန္မွာ ေအာင္ျမင္မႈရေအာင္လုပ္ေဆာင္ၿပီး ေျခစြမ္းတိုးတက္ေအာင္ ကိုင္ဟာဗက္ဇ္လုပ္ေဆာင္သင့္တယ္လို႔ ေျပာခဲ့တဲ့ ပိုေဒါစကီး
ဂ်ာမနီလက္ေရြးစင္တိုက္စစ္မွဴးေဟာင္း ပိုေဒါစကီးက ေလဗာကူဆင္ကေန ခ်ဲလ္ဆီးကိုေျပာင္းေရႊ႕ဖို႔ ေႏွာင့္ေႏွးေနတဲ့ ကိုင္ ဟာဗက္ဇ္အေနနဲ႔ အဂၤလန္ေျမကို ေျပာင္းေရႊ႕ကစားၿပီး ေျခစြမ္းတိုးတက္ေအာင္ လုပ္ေဆာင္သင့္တယ္လို႔ ေျပာခဲ့ပါတယ္။ ကိုင္ဟာဗက္ဇ္အေနနဲ႔ ခ်ဲလ္ဆီးကို ေျပာင္းေရႊ႕ကစားဖို႔ အလိုရွိေနေပမယ့္ သက္ဆိုင္ရာကလပ္ႏွစ္သင္းၾကား ေျပာင္းေရႊ႕ ေၾကး ညွိႏိုင္းမႈ အဆင္မေျပေသးတာေၾကာင့္ အခုခ်ိန္ထိ ကိုင္ဟာဗက္ဇ္ဟာ အဂၤလန္ကိုမေရာက္ေသးတာျဖစ္ပါတယ္။
ပိုေဒါစကီးဟာ ဂ်ာမန္ကလပ္ေတြျဖစ္တဲ့ ကိုလံုး၊ ဘိုင္ယန္ျမဴးနစ္အသင္းေတြမွာ ကစားၿပီးေနာက္ အာဆင္နယ္အသင္းကို ေျပာင္းေရႊ႕ကစားခဲ့သူလည္း ျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ကိုင္ဟာဗက္ဇ္ဟာ ၂၀၁၆ ခုႏွစ္ကတည္းက ေလ ဗာကူဆင္အသင္းႀကီးအတြက္ ကစားခြင့္ရခဲ့သူျဖစ္ၿပီး ဘြန္ဒက္လီဂါ ပြဲေပါင္း ၁၀၀ ကို အသက္အငယ္ဆံုးနဲ႔ ရရွိခဲ့တဲ့ ကစား သမားလည္း ျဖစ္ပါတယ္။
ေလဗာကူဆင္အသင္း စီအီးအိုျဖစ္တဲ့ ကိုင္႐ိုကေတာ့ ကိုင္ဟာဗက္ဇ္ရဲ႕ ကစားသမားဘဝေနာက္တဆင့္အတြက္ ေရာင္းခ် ေတာ့မွာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာခဲ့ပါတယ္။The Athletic ရဲ႕ေမးျမန္းမႈကိုေတာ့ အသက္ ၃၅ ႏွစ္ရွိေနၿပီျဖစ္တဲ့ ပိုေဒါ စကီးက “ ေလဗာကူဆင္ကစားသမားတစ္ေယာက္ရဲ႕ကိစၥ ကြ်န္ေတာ္ကိုလာေမးေနတယ္။ ကြ်န္ေတာ္က ကိုလံုးအသင္းက ကစားသမားပါ။ ကြ်န္ေတာ္ရဲ႕ ၿပိဳင္ဘက္အသင္းေတြက ဂလက္ဘတ္နဲ႔ ဒူဆယ္ေဒါ့ဖ္ ပါ” လို႔ ေနာက္ေျပာင္ခဲ့ပါတယ္။
ဆက္လက္ၿပီး ပိုေဒါစကီးက “ ဟာဗက္ဇ္က အရည္အခ်င္းရွိတဲ့ကစားသမားတစ္ေယာက္ပါ။ အသက္ငယ္ေသးတယ္ဆိုေပ မယ့္ ပရီးမီးယားလိဂ္မွာကစားဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။” လို႔ေျပာခဲ့ပါတယ္။ ပိုေဒါစကီးဟာ အာဆင္နယ္ကိုေျပာင္းလာၿပီး ေနာက္ အသင္းနဲ႔အတူ ၂၀၁၃-၁၄ ေဘာလံုးရာသီမွာ အက္ဖ္ေအဖလားရယူႏိုင္ခဲ့သလို ၂၀၁၄ ခုႏွစ္ကမ႓ာ့ဖလားခ်န္ပီယံ ဆုကိုလည္း ဂ်ာမနီနဲ႔ ရယူႏိုင္ခဲ့ပါတယ္။