နယူးကာဆယ်အသင်းကို ပြောင်းရန် စိတ်မဝင်စားတဲ့ ယူနိုက်တက်နောက်ခံလူ စမောလင်း

နယူးကာဆယ်အသင်းဟာ ယူနိုက်တက်နောက်ခံလူ စမောလင်းကို ချဉ်းကပ်ရာမှာ ကျဆုံးဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။နည်းပြစတိဗ်ဘရုဟာ နယူးကာဆယ်အသင်းကို ပရီးမီးယားလိဂ် ထိပ်သီး (၁၀) သင်းအတွင်း ဝင်ရောက်နိုင်ရန်အတွက် အပြောင်းအရွှေ့ဈေးကွက်မှာ လှုပ်ရှားနေတာဖြစ်ပါတယ်။ သို့သော်လည်း နယူးကာဆယ်အသင်းဟာ အီတလီကလပ် စီးရီးအေမှာ အငှားသွားရောက်ကစားပြီး ခြေစွမ်းပြလာတဲ့ ယူနိုက်တက်နောက်ခံလူ စမောလင်းကို ချဉ်းကပ်ရာမှာ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။

ဒေးလီးမေးလ်က အဆိုအရ အသက် ၃၀ အရွယ်ကစားသမားဟာ နွေရာသီအပြောင်းအရွှေ့မှာ စိန့်ဂျိမ်းစ်ပတ်ခ်ကို ပြောင်းရွှေ့ရန် စိတ်မဝင်စားဘူးလို့ သိရပါတယ်။ရောမမှာ အထိုင်ကျလာတဲ့ စမောလင်းဟာ စီးရီးအေကလပ်အသင်းနဲ့ ယူနိုက်တက်ကြား ပြောင်းရွှေ့ကြေး ညှိနှိုင်းမှု အဆင်ပြေရန် မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ယူနိုက်တက်အသင်းဘက်က တောင်းဆိုထားတဲ့ ယူရိုသန်း ၂၀ မရလို့ အပြီးသတ် ရောင်းချရန် သဘောတူညီမှု မရရှိခဲ့ပါဘူး။ ယူနိုက်တက်ကို ပြန်လာရမှာဖြစ်တဲ့ စမောလင်းဟာ ဆိုးလ်ရှားရဲ့ အသင်းမှာပွဲကစားခွင့်ရဖို့ ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။ အသင်းမှာ လင်ဒီလော့ဖ် နဲ့ မက်ဂွဲရား တို့က ပုံမှန်ပွဲကစားခွင့်ရနေပြီး အဲရစ်ဘာယီ နဲ့ ဖီးလ်ဂျုံးစ်တို့လည်း သူ့အရှေ့မှာ ရှိနေပါတယ်။

နယူးကာဆယ္အသင္းကို ေျပာင္းရန္ စိတ္မ၀င္စားတဲ့ ယူႏိုက္တက္ေနာက္ခံလူ စေမာလင္း

နယူးကာဆယ္အသင္းဟာ ယူႏိုက္တက္ေနာက္ခံလူ စေမာလင္းကို ခ်ဥ္းကပ္ရာမွာ က်ဆံုးဖြယ္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။နည္းျပစတိဗ္ဘရုဟာ နယူးကာဆယ္အသင္းကို ပရီးမီးယားလိဂ္ ထိပ္သီး (၁၀) သင္းအတြင္း ၀င္ေရာက္ႏိုင္ရန္အတြက္ အေျပာင္းအေရႊ႕ေစ်းကြက္မွာ လႈပ္ရွားေနတာျဖစ္ပါတယ္။ သို႔ေသာ္လည္း နယူးကာဆယ္အသင္းဟာ အီတလီကလပ္ စီးရီးေအမွာ အငွားသြားေရာက္ကစားျပီး ေျခစြမ္းျပလာတဲ့ ယူႏိုက္တက္ေနာက္ခံလူ စေမာလင္းကို ခ်ဥ္းကပ္ရာမွာ မေအာင္ျမင္ခဲ့ဘူးလို႔ သိရပါတယ္။

ေဒးလီးေမးလ္က အဆိုအရ အသက္ ၃၀ အရြယ္ကစားသမားဟာ ေႏြရာသီအေျပာင္းအေရႊ႕မွာ စိန္႔ဂ်ိမး္စ္ပတ္ခ္ကို ေျပာင္းေရႊ႕ရန္ စိတ္မ၀င္စားဘူးလို႔ သိရပါတယ္။ေရာမမွာ အထိုင္က်လာတဲ့ စေမာလင္းဟာ စီးရီးေအကလပ္အသင္းနဲ႔ ယူႏိုက္တက္ၾကား ေျပာင္းေရႊ႕ေၾကး ညိွႏိႈင္းမႈ အဆင္ေျပရန္ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ယူႏိုက္တက္အသင္းဘက္က ေတာင္းဆိုထားတဲ့ ယူရိုသန္း ၂၀ မရလို႔ အျပီးသတ္ ေရာင္းခ်ရန္ သေဘာတူညီမႈ မရရွိခဲ့ပါဘူး။ ယူႏုိက္တက္ကို ျပန္လာရမွာျဖစ္တဲ့ စေမာလင္းဟာ ဆိုးလ္ရွားရဲ႕ အသင္းမွာပြဲကစားခြင့္ရဖို႔ ရုန္းကန္ရဦးမွာ ျဖစ္ပါတယ္။ အသင္းမွာ လင္ဒီေလာ့ဖ္ နဲ႔ မက္ဂြဲရား တို႔က ပံုမွန္ပြဲကစားခြင့္ရေနျပီး အဲရစ္ဘာယီ နဲ႔ ဖီးလ္ဂ်ံဳးစ္တို႔လည္း သူ႔အေရွ႕မွာ ရွိေနပါတယ္။