ရာအူးလ်ဟီမီနက်ဇ်ကို ယူနိုက်တက်က မခေါ်ခင် အမြန်ခေါ်ယူရန် ဂျူဗင်တပ်စ်ကို တိုက်တွန်းလိုက်တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းအနေနဲ့ ဝုလ်ဗ်တိုက်စစ်ကစားသမား ရာအူးလ်ဟီမီနက်ဇ်ကို ဒီနွေရာသီမှာ ခေါ်ယူစေချင်နေတယ်လို့ သတင်းများထွက်ပေါ်လာပါတယ်။ ရာအူးလ်ဟီမီနက်ဇ်ကို ယူနိုက်တက်အသင်းကလည်း စိတ်ဝင်စားနေလို့ ပေါ်တူဂီတိုက်စစ်မှူးက ဝုလ်ဗ်အသင်းထံက အမြန်ခေါ်ယူရန် တိုက်တွန်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်ရဲ့ ဒုတိယရာသီမှာ အကောင်းဆုံးပုံစံပြနေတဲ့ ရာအူးလ်ဟီမီနက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘင်ဖီကာအသင်းကနေ ပေါင် ၃၂ သန်းနဲ့ ပြောင်းရွှေ့လာသူပါ။

အသက် ၂၉ နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာလည်း ပြိုင်ပွဲစုံ (၅၃) ပွဲကစားထားပြီး (၂၆) ဂိုးသွင်းပေးထားသူဖြစ်ပါတယ်။ မက္ကဆီကိုလက်ရွေးစင်ကစားသမားကို ဒီနွေရာသီမှာ ယူနိုက်တက်အပါအဝင် ဥရောပက ထိပ်သီးကလပ်အသင်းတွေကလည်း ဆက်သွယ်မှုတွေ လုပ်ထားပါတယ်။

ပေါ်တူဂီ ရုပ်သံအစီအစဉ် RTP က အဆိုအရ ရာအူးလ်ဟီမီနက်ဇ်ဟာ ယူနိုက်တက် နဲ့ ပူးပေါင်းမှာဖြစ်လို့ ဝုလ်ဗ်အသင်းဟာ SC Braga က တိုက်စစ်ကစားသမားပေါ်လ်လင်ဟိုကို အစားထိုးခေါ်ယူလိုက်တာဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။ နူနိုဆန်းတိုစ့်ရဲ့ အသင်းဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ (၄၈) ပွဲကစားထားပြီး (၂၅) ဂိုးသွင်း (၉) ဂိုးဖန်တီးပေးထား တဲ့ ပေါ်တူဂီတိုက်စစ်မှူး ပေါ်လင်ဟိုကို ပြောင်းရွှေ့ကြေး ယူရို ၂၇ သန်းနဲ့ ခေါ်ယူရန် သဘောတူညီမှု ရခဲ့တာပါ။

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ နောက်နှစ်ချန်ပီယံလိဂ်ကစားခွင့်ရထားလို့ အပြောင်းအရွှေ့မှာ မာရှယ်လ်၊ ရပ်ရှ်ဖိုဒ့် နဲ့ ဂရင်းဝုဒ်တို့အတွက် အထောက်အပံ့ရအောင် တိုက်စစ်ကစားသမားတစ်ယောက်ရှာဖွေနေတာ ဖြစ်ပါတယ်။ သူတို့ (၃) ယောက်တိုက်စစ်အတွဲဟာ ပရီးမီးယားလိဂ်ပြန်စကတည်းက အကောင်းဆုံး စွမ်းဆောင်ပေးထားပေမယ့် ဆိုးလ်ရှားက ဒဏ်ရာ ပြဿနာရရှိပါက မန်စီးတီး နဲ့ လီဗာပူးလ် အသင်းတို့ နဲ့ ကွာဟမှု ကြီးမားသွားမှာ စိုးရိမ်နေတာဖြစ်ပါတယ်။

ရာအူးလ္ဟီမီနက္ဇ္ကို ယူႏိုက္တက္က မေခၚခင္ အျမန္ေခၚယူရန္ ဂ်ဴဗင္တပ္စ္ကို တိုက္တြန္းလိုက္တဲ့ ေရာ္နယ္ဒို

ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္အသင္းအေနနဲ႔ ၀ုလ္ဗ္တိုက္စစ္ကစားသမား ရာအူးလ္ဟီမီနက္ဇ္ကို ဒီေႏြရာသီမွာ ေခၚယူေစခ်င္ေနတယ္လို႔ သတင္းမ်ားထြက္ေပၚလာပါတယ္။ ရာအူးလ္ဟီမီနက္ဇ္ကို ယူႏိုက္တက္အသင္းကလည္း စိတ္၀င္စားေနလို႔ ေပၚတူဂီတုိက္စစ္မွဴးက ၀ုလ္ဗ္အသင္းထံက အျမန္ေခၚယူရန္ တိုက္တြန္းေျပာၾကားသြားခဲ့တာျဖစ္ပါတယ္။ အဂၤလန္ပရီးမီးယားလိဂ္ရဲ႕ ဒုတိယရာသီမွာ အေကာင္းဆံုးပံုစံျပေနတဲ့ ရာအူးလ္ဟီမီနက္ဇ္ဟာ ျပီးခဲ့တဲ့ေႏြရာသီကမွ ဘင္ဖီကာအသင္းကေန ေပါင္ ၃၂ သန္းနဲ႔ ေျပာင္းေရႊ႕လာသူပါ။

အသက္ ၂၉ ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာလည္း ျပိဳင္ပြဲစံု (၅၃) ပြဲကစားထားျပီး (၂၆) ဂိုးသြင္းေပးထားသူျဖစ္ပါတယ္။ မကၠဆီကိုလက္ေရြးစင္ကစားသမားကို ဒီေႏြရာသီမွာ ယူႏိုက္တက္အပါအ၀င္ ဥေရာပက ထိပ္သီးကလပ္အသင္းေတြကလည္း ဆက္သြယ္မႈေတြ လုပ္ထားပါတယ္။

ေပၚတူဂီ ရုပ္သံအစီအစဥ္ RTP က အဆိုအရ ရာအူးလ္ဟီမီနက္ဇ္ဟာ ယူႏိုက္တက္ နဲ႔ ပူးေပါင္းမွာျဖစ္လို႔ ၀ုလ္ဗ္အသင္းဟာ SC Braga က တိုက္စစ္ကစားသမားေပၚလ္လင္ဟိုကို အစားထိုးေခၚယူလိုက္တာျဖစ္တယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။ ႏူႏိုဆန္းတိုစ့္ရဲ႕ အသင္းဟာ ဒီရာသီမွာ ျပိဳင္ပြဲစံု (၄၈) ပြဲကစားထားျပီး (၂၅) ဂိုးသြင္း (၉) ဂိုးဖန္တီးေပးထား တဲ့ ေပၚတူဂီတိုက္စစ္မွဴး ေပၚလင္ဟိုကို ေျပာင္းေရႊ႕ေၾကး ယူရို ၂၇ သန္းနဲ႔ ေခၚယူရန္ သေဘာတူညီမႈ ရခဲ့တာပါ။

ယူႏိုက္တက္နည္းျပဆိုးလ္ရွားဟာ ေနာက္ႏွစ္ခ်န္ပီယံလိဂ္ကစားခြင့္ရထားလို႔ အေျပာင္းအေရႊ႕မွာ မာရွယ္လ္၊ ရပ္ရွ္ဖိုဒ့္ နဲ႔ ဂရင္း၀ုဒ္တို႔အတြက္ အေထာက္အပံ့ရေအာင္ တိုက္စစ္ကစားသမားတစ္ေယာက္ရွာေဖြေနတာ ျဖစ္ပါတယ္။ သူတို႔ (၃) ေယာက္တိုက္စစ္အတြဲဟာ ပရီးမီးယားလိဂ္ျပန္စကတည္းက အေကာင္းဆံုး စြမ္းေဆာင္ေပးထားေပမယ့္ ဆိုးလ္ရွားက ဒဏ္ရာ ျပႆနာရရွိပါက မန္စီးတီး နဲ႔ လီဗာပူးလ္ အသင္းတို႔ နဲ႔ ကြာဟမႈ ၾကီးမားသြားမွာ စိုးရိမ္ေနတာျဖစ္ပါတယ္။