၂၀၁၉-၂၀ ဘောလုံးရာသီ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို မန်စီးတီးက ဒီဘရိုင်း ဆွတ်ခူး

ဒီဘရိုင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးဆု ကို ရရှိသွားပါတယ်။ မန်စီးတီးအသင်းရဲ့ ကြယ်ပွင့်ဟာ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းက ကစားသမားတွေထက် မဲပိုရသွားခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်က FWA တစ်နှစ်တာ အကောင်းဆုံးဆုကို ရရှိသွားပြီး ဒီဆုကိုလည်း ရရှိရန် ရေပန်းအစားဆုံးဖြစ်ခဲ့ပါတယ်။

ဆန်ခါတင် (၇) ယောက်စာရင်းမှာ ဘန်လေဂိုးသမား နစ်ပုတ်လည်း ပါဝင်လာခဲ့ပြီး ချန်ပီယံ လီဗာပူးလ်အသင်းက အများဆုံး ပါဝင်ခဲ့ပါတယ်။ မာနေး၊ ဟန်ဒါဆန် နဲ့ အာနိုးလ်တို့ အားလုံးဟာ လီဗာပူးလ်အသင်း ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်စွမ်းဆောင်ခဲ့သူတွေ ဖြစ်ပြီး မန်စီးတီးအသင်းကတော့ ဒီဘရိုင်းတစ်ယောက်ပဲ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ရွှေဖိနပ်ဆုရှင် ဗာဒီ နဲ့ ဒုတိယဂိုးအများဆုံးသွင်းထားတဲ့ ဒန်နီအင်းစ် တို့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ သို့သော်လည်း မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းဟာ ဂိုးဖန်တီးမှု အကြိမ် (၂၀) အထိ ပြုလုပ်သွားခဲ့ပြီး ၂၀၀၂-၂၀၀၃ ခုနှစ်ကု အွန်နရီ ရဲ့ စံချိန်နဲ့ တူညီသွားခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်း ပရီးမီးယားလိဂ် ဖလား ရရှိခဲ့တဲ့ (၂) နှစ်မှာလည်း ဆာလာ နဲ့ ဗန်ဒိုက်ချ် တို့ပဲ ဒီဆုကို ရရှိခဲ့ပြီး ဒီဘရိုင်းဟာ လွဲချော်ခဲ့ရပါတယ်။ ယာဂင်ကလော့ပ်အသင်းဟာ လီဗာပူးလ်အသင်း နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ရယူပေးခဲ့ပြီး ဆုရရှိရန် ရေပန်းစားခဲ့တာဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဟန်ဒါဆန် ဟာ အသင်းကို အကောင်းဆုံး ဦးဆောင်မောင်းနှင်ပေးခဲ့ပြီး မာနေးကလည်း (၁၈) ဂိုးသွင်း (၇) ဂိုးဖန်တီးပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ အာနိုးလ်ဟာလည်း နောက်ခံလူတစ်ယောက်ဖြစ်သော်လည်း ဂိုးဖန်တီးမှု (၁၃) ကြိမ်အထိ ပြုလုပ်ပေးခဲ့သူဖြစ်ပါတယ်။ ဒီဘရိုင်းဟာ တနလာၤနေ့မှာ ထပ်ပေးမယ့် ပရီးမီးယားလိဂ် ပရိသတ်အကြိုက်ဆုံး ကစားသမားဆုကိုလည်း ရရှိရန် ရေပန်းစားနေပါတယ်။

၂၀၁၉-၂၀ ေဘာလံုးရာသီ ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကို မန္စီးတီးက ဒီဘရိုင္း ဆြတ္ခူး

ဒီဘရိုင္းဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆံုးဆု ကို ရရွိသြားပါတယ္။ မန္စီးတီးအသင္းရဲ႕ ၾကယ္ပြင့္ဟာ ပရီးမီးယားလိဂ္ဖလား ဆြတ္ခူးႏိုင္ခဲ့တဲ့ လီဗာပူးလ္အသင္းက ကစားသမားေတြထက္ မဲပိုရသြားခဲ့တာ ျဖစ္ပါတယ္။ လီဗာပူးလ္အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က FWA တစ္ႏွစ္တာ အေကာင္းဆံုးဆုကို ရရွိသြားျပီး ဒီဆုကိုလည္း ရရွိရန္ ေရပန္းအစားဆံုးျဖစ္ခဲ့ပါတယ္။

ဆန္ခါတင္ (၇) ေယာက္စာရင္းမွာ ဘန္ေလဂိုးသမား နစ္ပုတ္လည္း ပါ၀င္လာခဲ့ျပီး ခ်န္ပီယံ လီဗာပူးလ္အသင္းက အမ်ားဆုံး ပါ၀င္ခဲ့ပါတယ္။ မာေနး၊ ဟန္ဒါဆန္ နဲ႔ အာႏိုးလ္တို႔ အားလံုးဟာ လီဗာပူးလ္အသင္း ခ်န္ပီယံဆု ဆြတ္ခူးႏိုင္ခဲ့ရာမွာ အဓိက အခန္းက႑ကေန ပါ၀င္စြမ္းေဆာင္ခဲ့သူေတြ ျဖစ္ျပီး မန္စီးတီးအသင္းကေတာ့ ဒီဘရိုင္းတစ္ေယာက္ပဲ ပါ၀င္ခဲ့တာျဖစ္ပါတယ္။

ေရႊဖိနပ္ဆုရွင္ ဗာဒီ နဲ႔ ဒုတိယဂိုးအမ်ားဆံုးသြင္းထားတဲ့ ဒန္နီအင္းစ္ တို႔လည္း ဆန္ခါတင္စာရင္းမွာ ပါ၀င္ခဲ့ပါတယ္။ သို႔ေသာ္လည္း မန္စီးတီးအသင္းရဲ႕ ကြင္းလယ္ဖန္တီးရွင္ ဒီဘရိုင္းဟာ ဂိုးဖန္တီးမႈ အၾကိမ္ (၂၀) အထိ ျပဳလုပ္သြားခဲ့ျပီး ၂၀၀၂-၂၀၀၃ ခုႏွစ္ကု အြန္နရီ ရဲ႕ စံခ်ိန္နဲ႔ တူညီသြားခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအသင္း ပရီးမီးယားလိဂ္ ဖလား ရရွိခဲ့တဲ့ (၂) ႏွစ္မွာလည္း ဆာလာ နဲ႔ ဗန္ဒိုက္ခ်္ တို႔ပဲ ဒီဆုကို ရရွိခဲ့ျပီး ဒီဘရိုင္းဟာ လြဲေခ်ာ္ခဲ့ရပါတယ္။ ယာဂင္ကေလာ့ပ္အသင္းဟာ လီဗာပူးလ္အသင္း ႏွစ္ေပါင္း ၃၀ ၾကာ ေ၀းကြာေနတဲ့ အမွတ္ေပးဖလားကို ရယူေပးခဲ့ျပီး ဆုရရွိရန္ ေရပန္းစားခဲ့တာျဖစ္ပါတယ္။ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ဟာ အသင္းကို အေကာင္းဆံုး ဦးေဆာင္ေမာင္းႏွင္ေပးခဲ့ျပီး မာေနးကလည္း (၁၈) ဂိုးသြင္း (၇) ဂိုးဖန္တီးေပးခဲ့ပါတယ္။

ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆံုး လူငယ္ကစားသမားဆုကို ရရွိခဲ့တဲ့ အာႏိုးလ္ဟာလည္း ေနာက္ခံလူတစ္ေယာက္ျဖစ္ေသာ္လည္း ဂိုးဖန္တီးမႈ (၁၃) ၾကိမ္အထိ ျပဳလုပ္ေပးခဲ့သူျဖစ္ပါတယ္။ ဒီဘရိုင္းဟာ တနလာၤေန႔မွာ ထပ္ေပးမယ့္ ပရီးမီးယားလိဂ္ ပရိသတ္အၾကိဳက္ဆံုး ကစားသမားဆုကိုလည္း ရရွိရန္ ေရပန္းစားေနပါတယ္။