လိုင်ယွန် နဲ့ ရှုံးပွဲကို သင်ခန်းစာယူရမယ်လို့ ဆိုလိုက်တဲ့ မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်း

မန်စီးတီးကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ လိုင်ယွန်အသင်းက ကော်နက် ရဲ့ ပထမပိုင်းသွင်းဂိုးကို ပွဲပြီးဖို့ မိနစ် (၂၀) အလိုမှာ ချေပဂိုးပြန်လည်သွင်းပေးခဲ့ပါတယ်။ သို့သော်လည်း လိုင်ယွန်အသင်းဘက်က လူစားဝင်ရောက်လာတဲ့ မူဆာဒမ်ဘီလီက အနိုင်ဂိုး (၂) ဂိုးသွင်းပေးခဲ့ပြီး ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ်က ထွက်ခွာစေခဲ့တာဖြစ်ပါတယ်။ ဒီဘရိုင်းက လိုင်ယွန်အသင်းရဲ့ နောက်တန်းကို ကျော်ဖြတ်ရတာ ခက်ခဲတယ်လို့ ယုံကြည်ပြီး သူ နဲ့ သူ့အသင်းဖော်တွေသာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရမယ်လို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။

“ပွဲက ဖွင့်ကစားခဲ့တာပါ။ ဒါပေမယ့် လိုင်ယွန်အသင်း အခွင့်အရေးမရအများကြီးမရခဲ့ပါဘူး။ ကျွန်တော်တို့ သင်ယူရန် လိုအပ်ပါတယ်။ လုံလုံလောက်လောက် မကောင်းခဲ့ပါဘူး။ ဒါပါပဲ။ ကျွန်တေ်ာသိရသလောက် ပထမပိုင်းက လုံလောက်စွာ မကောင်းခဲ့ပါဘူး။ ဒါကို ကျွန်တော်တို့ သိပါတယ်။ ကျွန်တော် နှေးကွေးခဲ့ပြီး အခွင့်အရေးမရခဲ့ပါဘူး” လို့ ဒီဘရိုင်းက ပြန်လည်ပြောပြသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ လိုင်ယွန်အသင်းဘက်က အဖွင့်ဂိုးသွင်းပြီးနောက် တောက်လျှောက်တိုက်စစ်ဆင်ခဲ့ပြီး ဒုတိယပိုင်းမှာ ချေပဂိုး ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း လိုင်ယွန်အသင်းဘက်က နောက်ထပ် (၁) ဂိုးပွဲပြီးခါနီး ထပ်သွင်းသွားခဲ့ပြီး မန်စီးတီးဘက်က စတာလင် ချေပဂိုးသါင်းမယ့် အခွင့်အရေး ထပ်ရခဲ့သော်လည်း လွဲချော်ခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့ လိုင်ယွန်အသင်းဘက်ကပဲ နောက်ထပ် အနိုင်ဂိုး(၁) ဂိုးထပ်သွင်းသွားခဲ့ပြီး (၃-၁) နဲ့ ရှုံးခဲ့ရတာဖြစ်ပါတယ်။

ဒီဘရိုင်းက “ဒုတိယပိုင်းမှာ ကျွန်တော်တို့ ကစားတာ ကောင်းခဲ့ပါတယ်။ (၁-၁) ဖြစ်ခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ်။ ဒါပေမယ့် (၂-၁)၊ (၃-၁) နဲ့ ပွဲပြီးခဲ့ပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် ရှက်စရာဖြစ်ပါတယ်။ သူတို့ ဂိုးသမားက (၂-၁) ဖြစ်နေချိန်မှာလည်း ကာကွယ်မှုတွေ လုပ်ခဲ့ပြီး ကျွန်တော်တို့ဘက်က လည်း အခွင့်အရေး ရခဲ့ပါတယ်။ ဒါဟာ ဘောလုံးဖြစ်လို့ ဒါမျိုးတွေလည်း ဖြစ်တတ်ပါတယ်” လို့ ထပ်ပြောသွားခဲ့ပါတယ်။

လိုင္ယြန္ နဲ႔ ရႈံးပြဲကို သင္ခန္းစာယူရမယ္လို႔ ဆိုလိုက္တဲ့ မန္စီးတီးကြင္းလယ္လူ ဒီဘရိုင္း

မန္စီးတီးကြင္းလယ္ကစားသမား ဒီဘရိုင္းဟာ လိုင္ယြန္အသင္းက ေကာ္နက္ ရဲ႕ ပထမပိုင္းသြင္းဂိုးကို ပြဲျပီးဖို႔ မိနစ္ (၂၀) အလိုမွာ ေခ်ပဂိုးျပန္လည္သြင္းေပးခဲ့ပါတယ္။ သို႔ေသာ္လည္း လိုင္ယြန္အသင္းဘက္က လူစား၀င္ေရာက္လာတဲ့ မူဆာဒမ္ဘီလီက အႏိုင္ဂိုး (၂) ဂိုးသြင္းေပးခဲ့ျပီး ဂြါဒီယိုလာရဲ႕ မန္စီးတီးအသင္းကို ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္က ထြက္ခြာေစခဲ့တာျဖစ္ပါတယ္။ ဒီဘရိုင္းက လိုင္ယြန္အသင္းရဲ႕ ေနာက္တန္းကို ေက်ာ္ျဖတ္ရတာ ခက္ခဲတယ္လို႔ ယုံၾကည္ျပီး သူ နဲ႔ သူ႔အသင္းေဖာ္ေတြသာ ကိုယ့္ကုိယ္ကိုယ္ အျပစ္တင္ရမယ္လို႔ ၀န္ခံေျပာၾကားသြားခဲ့ပါတယ္။

“ပြဲက ဖြင့္ကစားခဲ့တာပါ။ ဒါေပမယ့္ လိုင္ယြန္အသင္း အခြင့္အေရးမရအမ်ားၾကီးမရခဲ့ပါဘူး။ ကၽြန္ေတာ္တို႔ သင္ယူရန္ လို္အပ္ပါတယ္။ လုံလုံေလာက္ေလာက္ မေကာင္းခဲ့ပါဘူး။ ဒါပါပဲ။ ကၽြန္ေတ္ာသိရသေလာက္ ပထမပိုင္းက လံုေလာက္စြာ မေကာင္းခဲ့ပါဘူး။ ဒါကို ကၽြန္ေတာ္တို႔ သိပါတယ္။ ကၽြန္ေတာ္ ေႏွးေကြးခဲ့ျပီး အခြင့္အေရးမရခဲ့ပါဘူး” လို႔ ဒီဘရိုင္းက ျပန္လည္ေျပာျပသြားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ လိုင္ယြန္အသင္းဘက္က အဖြင့္ဂိုးသြင္းျပီးေနာက္ ေတာက္ေလွ်ာက္တိုက္စစ္ဆင္ခဲ့ျပီး ဒုတိယပိုင္းမွာ ေခ်ပဂိုး ျပန္လည္ရရွိခဲ့တာျဖစ္ပါတယ္။ သို႔ေသာ္လည္း လိုင္ယြန္အသင္းဘက္က ေနာက္ထပ္ (၁) ဂိုးပြဲျပီးခါနီး ထပ္သြင္းသြားခဲ့ျပီး မန္စီးတီးဘက္က စတာလင္ ေခ်ပဂိုးသါင္းမယ့္ အခြင့္အေရး ထပ္ရခဲ့ေသာ္လည္း လြဲေခ်ာ္ခဲ့ရပါတယ္။ အဲ့ဒီေနာက္မွာေတာ့ လိုင္ယြန္အသင္းဘက္ကပဲ ေနာက္ထပ္ အႏိုင္ဂိုး(၁) ဂိုးထပ္သြင္းသြားခဲ့ျပီး (၃-၁) နဲ႔ ရႈံးခဲ့ရတာျဖစ္ပါတယ္။

ဒီဘရိုင္းက “ဒုတိယပိုင္းမွာ ကၽြန္ေတာ္တို႔ ကစားတာ ေကာင္းခဲ့ပါတယ္။ (၁-၁) ျဖစ္ခဲ့ျပီး အခြင့္အေရးေတြလည္း ရခဲ့ပါတယ္။ ဒါေပမယ့္ (၂-၁)၊ (၃-၁) နဲ႔ ပြဲျပီးခဲ့ပါတယ္။ ဒါဟာ ကၽြန္ေတာ္တို႔အတြက္ ရွက္စရာျဖစ္ပါတယ္။ သူတို႔ ဂိုးသမားက (၂-၁) ျဖစ္ေနခ်ိန္မွာလည္း ကာကြယ္မႈေတြ လုပ္ခဲ့ျပီး ကၽြန္ေတာ္တို႔ဘက္က လည္း အခြင့္အေရး ရခဲ့ပါတယ္။ ဒါဟာ ေဘာလံုးျဖစ္လို႔ ဒါမ်ိဳးေတြလည္း ျဖစ္တတ္ပါတယ္” လို႔ ထပ္ေျပာသြားခဲ့ပါတယ္။