လိုင်ယွန်ကို ရှုံးနိမ့်ခဲ့ရတဲ့ သူ့နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုသွားတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာ

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ လိုင်ယွန်အသင်းကို ရှုံးနိမ့်ခဲ့ရသော်လည်း သူ့နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီး ကာကွယ်ပြောသွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာ ဘိုင်ယန်မြူးနစ်တွေ့ရမယ့် ပွဲအတွက် လိုင်ယွန်အသင်းဟာ မန်စီးတီးကို နောက်ကျ အနိုင်ဂိုးတွေသွင်းပြီး (၃-၁) နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ရဲ့ အရေးကြီးတဲ့ ပွဲတွေမှာဆိုရင် ဂွါဒီယိုလာဟာ အလွန်အကျူး တွေးတောတယ်လို့ မကြာခဏ ဝေဖန်ခံနေရပါတယ်။+

ဒီတစ်ကြိမ်မှာလည်း ဂွါဒီယိုလာဟာ သူကစားနေကျ ၄-၃-၃ အစား ၃-၅-၂ နဲ့ ပွဲထွက်လာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ပွဲတုန်းက ကွင်းလယ်ကစားသမား ဖိုဒန် အစား နောက်တန်းမှာ အဲရစ်ဂါစီယာ ကို ထည့်သွင်းကစားခဲ့တာဖြစ်ပါတယ်။

“ဒီလိုပြိုင်ပွဲမှာ နည်းစနစ်ပိုင်း အရေးကြီးတဲ့ အရာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီနေ့ပွဲအတွက် (၃) ရက်ပြင်ဆင်ခဲ့တယ်။ ဆွေးနွေးခဲ့ပြီး လေ့လာခဲ့ပါတယ်။

ကျွန်တော်တို့ ကစားခဲ့တဲ့ပုံက တစ်ကယ်ကောင်းပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ဘယ်လောက်အလုပ်ဖြစ်လဲ ကျွန်တော်သိပါတယ်။ ဒါကို ပြန်လည်ကောင်းအောင်လုပ်ပြီး နောက်ထပ် ကြိုးစားသွားမှာပါ။ ဒီကစားသမားတွေနဲ့ ကွာတားဖိုင်နယ်ကို ကျော်နိုင်အောင် မလုပ်နိုင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နောက်တစ်ဆင့် တက်ရောက်ဖို့ ထိုက်တန်ပေမယ့် မလုပ်နိုင်ခဲ့တာပါ။ ဘဝမှာ ဘယ်လောက်ပဲလဲကျနေပါစေ ပြန်ထဖို့ လိုအပ်ပါတယ်။ နောက်ရာသီမှာ ကျွန်တော်တို့ ထပ်ကြိုးစားသွားမှာပါ” လို့ ဘာစီလိုနာအသင်းနဲ့ ၂၀၁၁ ခုနှစ်က ချန်ပီယံလိဂ်ဖလား ရခဲ့ဖူးတဲ့ ဂွါဒီယိုလာက ပြောသွားခဲ့ပါတယ်။

လိုင်ယွန်အသင်းအတွက် မူဆာဒမ်ဘီလီက အနိုင်ဂိုးမသွင်းပေးခင် စတာလင် က မန်စီးတီးအသင်း (၂-၂) သရေကျမယ့် အနီးကပ် အပိုင်အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဂွါဒီယိုလာက “ကျွန်တော်သူ့ကို မတွေ့ရသေးပါဘူး။ ကျွန်တော်တို့ ဟိုတယ်မှာ ပြောသွားမှာပါ။ ကစားသမားတွေလည်း အဝတ်လဲခန်းမှာ ဝမ်းနည်းနေကြပါတယ်။ ဒါဟာ ပွဲရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

လိုင္ယြန္ကို ရႈံးနိမ့္ခဲ့ရတဲ့ သူ႔နည္းစနစ္ပိုင္းနဲ႔ ပတ္သက္ျပီး ကာကြယ္ေျပာဆိုသြားတဲ့ မန္စီးတီးနည္းျပ ဂြါဒီယိုလာ

မန္စီးတီးနည္းျပ ဂြါဒီယိုလာက ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ လိုင္ယြန္အသင္းကို ရႈံးနိမ့္ခဲ့ရေသာ္လည္း သူ႔နည္းစနစ္ပိုင္းနဲ႔ ပတ္သက္ျပီး ကာကြယ္ေျပာသြားခဲ့ပါတယ္။ ဆီမီးဖိုင္နယ္မွာ ဘိုင္ယန္ျမဴးနစ္ေတြ႕ရမယ့္ ပြဲအတြက္ လိုင္ယြန္အသင္းဟာ မန္စီးတီးကို ေနာက္က် အႏိုင္ဂိုးေတြသြင္းျပီး (၃-၁) နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္ရဲ႕ အေရးၾကီးတဲ့ ပြဲေတြမွာဆိုရင္ ဂြါဒီယိုလာဟာ အလြန္အက်ဴး ေတြးေတာတယ္လို႔ မၾကာခဏ ေ၀ဖန္ခံေနရပါတယ္။

ဒီတစ္ၾကိမ္မွာလည္း ဂြါဒီယိုလာဟာ သူကစားေနက် ၄-၃-၃ အစား ၃-၅-၂ နဲ႔ ပြဲထြက္လာခဲ့ျပီး ရီးရဲလ္မက္ဒရစ္ကို အႏိုင္ရခဲ့တဲ့ပြဲတုန္းက ကြင္းလယ္ကစားသမား ဖိုဒန္ အစား ေနာက္တန္းမွာ အဲရစ္ဂါစီယာ ကို ထည့္သြင္းကစားခဲ့တာျဖစ္ပါတယ္။

“ဒီလိုျပိဳင္ပြဲမွာ နည္းစနစ္ပိုင္း အေရးၾကီးတဲ့ အရာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ဒီေန႔ပြဲအတြက္ (၃) ရက္ျပင္ဆင္ခဲ့တယ္။ ေဆြးေႏြးခဲ့ျပီး ေလ့လာခဲ့ပါတယ္။

ကၽြန္ေတာ္တို႔ ကစားခဲ့တဲ့ပံုက တစ္ကယ္ေကာင္းပါတယ္။ ဒါက ျပႆနာမဟုတ္ပါဘူး။ ဘယ္ေလာက္အလုပ္ျဖစ္လဲ ကၽြန္ေတာ္သိပါတယ္။ ဒါကို ျပန္လည္ေကာင္းေအာင္လုပ္ျပီး ေနာက္ထပ္ ၾကိဳးစားသြားမွာပါ။ ဒီကစားသမားေတြနဲ႔ ကြာတားဖိုင္နယ္ကို ေက်ာ္ႏိုင္ေအာင္ မလုပ္ႏိုင္တာ မဟုတ္ပါဘူး။ ကၽြန္ေတာ္တို႔ ေနာက္တစ္ဆင့္ တက္ေရာက္ဖို႔ ထိုက္တန္ေပမယ့္ မလုပ္ႏိုင္ခဲ့တာပါ။ ဘ၀မွာ ဘယ္ေလာက္ပဲလဲက်ေနပါေစ ျပန္ထဖို႔ လိုအပ္ပါတယ္။ ေနာက္ရာသီမွာ ကၽြန္ေတာ္တို႔ ထပ္ၾကိဳးစားသြားမွာပါ” လို႔ ဘာစီလုိနာအသင္းနဲ႔ ၂၀၁၁ ခုႏွစ္က ခ်န္ပီယံလိဂ္ဖလား ရခဲ့ဖူးတဲ့ ဂြါဒီယိုလာက ေျပာသြားခဲ့ပါတယ္။

လိုင္ယြန္အသင္းအတြက္ မူဆာဒမ္ဘီလီက အႏိုင္ဂိုးမသြင္းေပးခင္ စတာလင္ က မန္စီးတီးအသင္း (၂-၂) သေရက်မယ့္ အနီးကပ္ အပုိင္အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဂြါဒီယိုလာက “ကၽြန္ေတာ္သူ႔ကို မေတြ႕ရေသးပါဘူး။ ကၽြန္ေတာ္တို႔ ဟိုတယ္မွာ ေျပာသြားမွာပါ။ ကစားသမားေတြလည္း အ၀တ္လဲခန္းမွာ ၀မ္းနည္းေနၾကပါတယ္။ ဒါဟာ ပြဲရဲ႕ အစိတ္အပိုင္းျဖစ္ပါတယ္” လို႔ ေျပာသြားခဲ့ပါတယ္။