ဟောက်ဆန်အဝါး အတွက် အာဆင်နယ်က ဂွမ်ဒူဇီ အလိုက်ပေးကမ်းလှမ်းတာကို ပယ်ချလိုက်တဲ့ လိုင်ယွန်အသင်း

လိုင်ယွန်အသင်းဟာ ကွင်းလယ်လူ ဟောက်ဆန်အဝါးအတွက် အာဆင်နယ်က ဂွမ်ဒူဇီ အလိုက်ပေးပြီး ကမ်းလှမ်းတာကို ပယ်ချလိုက်တယ်လို့ ပြင်သစ်က သတင်းများအရ သိရပါတယ်။အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဥရောပက အသင်းတော်တော်များများရဲ့ ပစ်မှတ်ဖြစ်နေပြီး ဒီရာသီမှာ လိုင်ယွန်ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ရောက်အောင် ကူညီစွမ်းဆောင်ပေးထားသူ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် အသင်းကို ကြိုတင်ပြင်ဆင်နေပြီး အာဆင်နယ်အသင်းကို အဆင့် (၄) အတွင်း ပြန်လည်ဝင်ရောက်အောင် ကွင်းလယ်အင်အားကို ဖြည့်တင်းချင်နေတာပါ။ L’Equipe က သတင်းများအရ လန်ဒန်ကလပ်အသင်းဟာ ဟောဆန်အဝါးကို ဂွမ်ဒူဇီအလိုက်ပေး ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်လီဂူး ၁ အသင်းဟာ အသက် ၂၂ နှစ်အရွယ်ကစားသမားဟာ ဒီနွေရာသီမှာ အသင်းက ထွက်ခွာမယ်လို့ ဝန်ခံထားသော်လည်း ကမ်းလှမ်းမှုကို ပယ်ချလိုက်တာ ဖြစ်ပါတယ်။

လိုင်ယွန်အသင်းရဲ့ အားကစားဒါရိုက်တာ ဂျူနင်ဟိုကလည်း RMC အားကစားသတင်းဌာနကို “ဟောက်ဆန်အဝါးကိုလား? အသင်းမှာ ကောင်းတဲ့ ကစားသမား ရှိရင် အသင်းကြီးတွေက ခေါ်ယူရန် ကြိုးစားလာကြတာ ပုံမှန်ပါပဲ။ အရေးပါတဲ့ ကစားသမားတွေကို ဆုံးရှုံးရတာ ရှိနိုင်ပါတယ်။ ကျွန်တော်တို့ အရေးကြီးတဲ့ကစားသမားတွေ ဆုံးရှုံးမယ်ဆိုရင် အသင်းဥက္ကနဲ့ စကားပြောထားပြီးပါပြီ။ ကျွန်တော်တို့ဟာ အသင်းရဲ့ အင်အားကို မျှတအောင် လုပ်သွားရမှာပါ” လို့ ပြောသွားခဲ့ပါတယ်။ ဟောက်ဆန်အဝါးဟာ လိုင်ယွန်အသင်းအတွက် ဒီရာသီမှာ (၃၉) ပွဲကစားထားပြီး (၉) ဂိုးသွင်း (၈) ဂိုးဖန်တီးပေးထားသူ ဖြစ်ပါတယ်။

ေဟာက္ဆန္အ၀ါး အတြက္ အာဆင္နယ္က ဂြမ္ဒူဇီ အလိုက္ေပးကမ္းလွမ္းတာကို ပယ္ခ်လိုက္တဲ့ လိုင္ယြန္အသင္း

လိုင္ယြန္အသင္းဟာ ကြင္းလယ္လူ ေဟာက္ဆန္အ၀ါးအတြက္ အာဆင္နယ္က ဂြမ္ဒူဇီ အလုိက္ေပးျပီး ကမး္လွမ္းတာကို ပယ္ခ်လိုက္တယ္လို႔ ျပင္သစ္က သတင္းမ်ားအရ သိရပါတယ္။အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ ဥေရာပက အသင္းေတာ္ေတာ္မ်ားမ်ားရဲ႕ ပစ္မွတ္ျဖစ္ေနျပီး ဒီရာသီမွာ လိုင္ယြန္ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ကို ေရာက္ေအာင္ ကူညီစြမ္းေဆာင္ေပးထားသူ ျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာဟာ ၂၀၂၀-၂၁ ေဘာလံုးရာသီအတြက္ အသင္းကို ၾကိဳတင္ျပင္ဆင္ေနျပီး အာဆင္နယ္အသင္းကို အဆင့္ (၄) အတြင္း ျပန္လည္၀င္ေရာက္ေအာင္ ကြင္းလယ္အင္အားကို ျဖည့္တင္းခ်င္ေနတာပါ။ L’Equipe က သတင္းမ်ားအရ လန္ဒန္ကလပ္အသင္းဟာ ေဟာဆန္အ၀ါးကို ဂြမ္ဒူဇီအလိုက္ေပး ကမ္းလွမ္းခဲ့တယ္လို႔ သိရပါတယ္။ ျပင္သစ္လီဂူး ၁ အသင္းဟာ အသက္ ၂၂ ႏွစ္အရြယ္ကစားသမားဟာ ဒီေႏြရာသီမွာ အသင္းက ထြက္ခြာမယ္လို႔ ၀န္ခံထားေသာ္လည္း ကမး္လွမ္းမႈကို ပယ္ခ်လိုက္တာ ျဖစ္ပါတယ္။

လိုင္ယြန္အသင္းရဲ႕ အားကစားဒါရိုက္တာ ဂ်ဴနင္ဟိုကလည္း RMC အားကစားသတင္းဌာနကို “ေဟာက္ဆန္အ၀ါးကိုလား? အသင္းမွာ ေကာင္းတဲ့ ကစားသမား ရွိရင္ အသင္းၾကီးေတြက ေခၚယူရန္ ၾကိဳးစားလာၾကတာ ပံုမွန္ပါပဲ။ အေရးပါတဲ့ ကစားသမားေတြကို ဆံုးရႈံးရတာ ရွိႏိုင္ပါတယ္။ ကၽြန္ေတာ္တို႔ အေရးၾကီးတဲ့ကစားသမားေတြ ဆံုးရႈံးမယ္ဆိုရင္ အသင္းဥကၠနဲ႔ စကားေျပာထားျပီးပါျပီ။ ကၽြန္ေတာ္တို႔ဟာ အသင္းရဲ႕ အင္အားကို မွ်တေအာင္ လုပ္သြားရမွာပါ” လို႔ ေျပာသြားခဲ့ပါတယ္။ ေဟာက္ဆန္အ၀ါးဟာ လိုင္ယြန္အသင္းအတြက္ ဒီရာသီမွာ (၃၉) ပြဲကစားထားျပီး (၉) ဂိုးသြင္း (၈) ဂိုးဖန္တီးေပးထားသူ ျဖစ္ပါတယ္။