ဒီကလန်ရိုက်အတွက် ဘတ်ရှုအာယီ နဲ့ ဘာကလေတို့ (၂) ယောက် နဲ့ အလဲအထပ် လုပ်ရန် ချဲလ်ဆီးက ကမ်းလှမ်းလိုက်တာကို ပယ်ချလိုက်တဲ့ ဝက်စ်ဟမ်းအသင်း

ဝက်စ်ဟမ်းအသင်းဟာ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်အတွက် ချဲလ်ဆီးက ကစားသမား (၂) ယောက်နဲ့ အလဲအထပ်လုပ်ရန် ကမ်းလှမ်းခဲ့တဲ့ကို ပယ်ချလိုက်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ချဲလ်ဆီးအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ အသင်းရဲ့ ခံစစ်ပိုင်းကို ပိုမိုတောင့်တင်းအောင် လုပ်ချင်နေပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားကို ဘတ်ရှုအာယီ နဲ့ ဘာကလေ တို့နဲ့ အလဲအထပ် လုပ်ရန် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဒီကလန်ရိုက်အတွက် ပေါင်သန်း ၈၀ သတ်မှတ်ထားတဲ့ ဝက်စ်ဟမ်အသင်းဟာ အဆိုပါ ကမ်းလှမ်းချက်ကို ပယ်ချလိုက်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ရာသီက အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြထားတဲ့ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်ကို ဝက်စ်ဟမ်းအသင်းဟာ ရောင်းချဖို့တောင် ဆန္ဒမရှိဘူးလို့ သိရပါတယ်။

ချဲလ်ဆီးအသင်းက ကမ်းလှမ်းခဲ့တဲ့ ကစားသမား (၂) ယောက်ဟာ မနှစ်က အသင်းမှာ ပုံမှန်ကစားခွင့်မရခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ဘတ်ရှုအာယီဟာ မနှစ်က ပရီးမီးယားလိဂ် (၁) ဂိုးပဲ သွင်းထားပြီး ဘာကလေကလည်း အသင်းရဲ့ ကွင်းလယ်မှာ ပုံမှန်ကစားခွင့်ရရန် ရုန်းကန်နေရပါတယ်။ ချဲလ်ဆီးအသင်းဟာ ကွင်းလယ် နဲ့ နောက်တန်း ကို လာမယ့် အပတ်တွေမှာ အင်အားဖြည့်တင်းရန် အဓိက ရည်ရွယ်ထားနေတာဖြစ်ပါတယ်။ ဒီကလန်ရိုက်ဟာ ဝက်စ်ဟမ်းအသင်းအတွက် မနှစ်က ပရီးမီးယားလိဂ် ပွဲတိုင်း ကစားခဲ့သူဖြစ်ပါတယ်။သူဟာ ဝက်စ်ဟမ်းအသင်းရဲ့ အကယ်ဒမီကို မရောက်ခင် ချဲလ်ဆီးအသင်းရဲ့ လူငယ်ကစားသမား ဖြစ်ခဲ့ပါတယ်။

ဒီကလန္ရိုက္အတြက္ ဘတ္ရႈအာယီ နဲ႔ ဘာကေလတို႔ (၂) ေယာက္ နဲ႔ အလဲအထပ္ လုပ္ရန္ ခ်ဲလ္ဆီးက ကမ္းလွမ္းလိုက္တာကို ပယ္ခ်လိုက္တဲ့ ၀က္စ္ဟမ္းအသင္း

၀က္စ္ဟမ္းအသင္းဟာ ကြင္းလယ္ကစားသမား ဒီကလန္ရိုက္အတြက္ ခ်ဲလ္ဆီးက ကစားသမား (၂) ေယာက္နဲ႔ အလဲအထပ္လုပ္ရန္ ကမ္းလွမ္းခဲ့တဲ့ကို ပယ္ခ်လိုက္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ အသင္းရဲ႕ ခံစစ္ပိုင္းကို ပိုမိုေတာင့္တင္းေအာင္ လုပ္ခ်င္ေနျပီး အသင္ ၂၁ ႏွစ္အရြယ္ ကစားသမားကို ဘတ္ရႈအာယီ နဲ႔ ဘာကေလ တို႔နဲ႔ အလဲအထပ္ လုပ္ရန္ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

သို႔ေသာ္လည္း ဒီကလန္ရိုက္အတြက္ ေပါင္သန္း ၈၀ သတ္မွတ္ထားတဲ့ ၀က္စ္ဟမ္အသင္းဟာ အဆိုပါ ကမ္းလွမ္းခ်က္ကို ပယ္ခ်လိုက္တယ္လို႔ သိရပါတယ္။ျပီးခဲ့တဲ့ရာသီက အသင္းအတြက္ အေကာင္းဆံုး ေျခစြမ္းျပထားတဲ့ ကြင္းလယ္ကစားသမား ဒီကလန္ရုိက္ကို ၀က္စ္ဟမ္းအသင္းဟာ ေရာင္းခ်ဖို႔ေတာင္ ဆႏၵမရွိဘူးလို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္းက ကမ္းလွမ္းခဲ့တဲ့ ကစားသမား (၂) ေယာက္ဟာ မႏွစ္က အသင္းမွာ ပံုမွန္ကစားခြင့္မရခဲ့တဲ့သူေတြ ျဖစ္ပါတယ္။ ဘတ္ရႈအာယီဟာ မႏွစ္က ပရီးမီးယားလိဂ္ (၁) ဂိုးပဲ သြင္းထားျပီး ဘာကေလကလည္း အသင္းရဲ႕ ကြင္းလယ္မွာ ပံုမွန္ကစားခြင့္ရရန္ ရုန္းကန္ေနရပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ကြင္းလယ္ နဲ႔ ေနာက္တန္း ကို လာမယ့္ အပတ္ေတြမွာ အင္အားျဖည့္တင္းရန္ အဓိက ရည္ရြယ္ထားေနတာျဖစ္ပါတယ္။ ဒီကလန္ရိုက္ဟာ ၀က္စ္ဟမ္းအသင္းအတြက္ မႏွစ္က ပရီးမီးယားလိဂ္ ပြဲတိုင္း ကစားခဲ့သူျဖစ္ပါတယ္။သူဟာ ၀က္စ္ဟမ္းအသင္းရဲ႕ အကယ္ဒမီကို မေရာက္ခင္ ခ်ဲလ္ဆီးအသင္းရဲ႕ လူငယ္ကစားသမား ျဖစ္ခဲ့ပါတယ္။