ဂရီလစ်ရှ်ရဲ့ အေးဂျင့်က အေဘရာဟမ်အနေနဲ့ အက်စ်တွန်ဗီလာကို ပြန်ပြောင်းလာနိုင်တယ်လို့ နောက်ပြောင်ခဲ့

အက်စ်တွန်ဗီလာအသင်းခေါင်းဆောင် ဂရီလစ်ရှ်ရဲ့ အေးဂျင့်ဖြစ်သူက ချဲလ်ဆီး ပုံမှန်နေရာရဖို့ ရုန်းကန်ရနိုင်တဲ့ တိုက်စစ် မှူး အေဘရာဟမ်အနေနဲ့ အက်စ်တွန်ဗီလာကို ပြန်ပြောင်းရွှေ့လာနိုင်ကြောင်း နောက်ပြောင်ပြီး ပြောဆိုခဲ့ပါတယ်။ အေဘ ရာဟမ်ဟာ ၂၀၁၈-၁၉ ဘောလုံးရာသီတုန်းက ချဲလ်ဆီးကနေ အက်စ်တွန်ဗီလာအသင်းထံကို အဌားလာရောက်ကစားဖူး တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

အေဘရာဟမ်ဟာ ဒီရာသီမှာ ချဲလ်ဆီးရဲ့အဓိကတိုက်စစ်မှူးဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ် ၃၄ ပွဲမှာ ၁၅ ဂိုးအထိသွင်းယူနိုင်ခဲ့ သလို ပြိုင်ပွဲစုံ ၄၇ ပွဲမှာလည်း ၁၈ ဂိုးအထိသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ လာမယ့်ရာသီမှာ အသစ်ခေါ်ယူထားတဲ့ တီမိုဝါနာ၊ အသစ်ရောက်လာဖွယ်ရှိနေတဲ့ ကိုင်ဟာဗက်ဇ်တို့ကြောင့် အေဘရာဟမ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်အတွက် ရုန်းကန်ရနိုင်တာ ကြောင့် အသင်းပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာဟာ ပြီးခဲ့တဲ့ရာသီက တန်းမဆင်းရဖို့အတွက် ရုန်းကန်ခဲ့ရပြီး ရာသီအကုန်မှာ အဆင့်-၁၇ နေရာမှာရှိနေခဲ့ တာကြောင့်သာ တန်းဆင်းရမယ့် အရေးလွတ်မြောက်ခဲ့တာပဲ ဖြစ်ပါတယ်။ အေဘရာဟမ်နဲ့ ဂရီလစ်ရှ်တို့ နှစ်ယောက်ဟာ ရင်းနှီးတဲ့သူတွေဖြစ်တာကြောင့် တိုက်စစ်မှူးအားနည်းမှုတွေရှိနေတဲ့ အက်စ်တွန်ဗီလာကို အေဘရာဟမ်အနေနဲ့ ပြောင်း ရွှေ့လာသင့်ကြောင်း ဂရီလစ်ရှ်ရဲ့ အေးဂျင့်ဖြစ်သူက နောက်ပြောင်ခဲ့တာပဲ ဖြစ်ပါတယ်။

အက်စ်တွန်ဗီလာနဲ့ ချဲလ်ဆီးအသင်းတို့ကြားမှာလည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိနေပြီး ချဲလ်ဆီးကစားသမားဟောင်းဖြစ်တဲ့ ဂျွန်တယ်ရီက အက်စ်တွန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြအဖြစ်လုပ်ဆောင်နေသလို ကစားသမားအပြောင်းအရွှေ့ အေးဂျင့်အဖြစ်လည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ချဲလ်ဆီးဟာ ဂျွန်တယ်ရီရဲ့အေးဂျင့်အဖွဲ့လုပ်ဆောင်မှုကြောင့် ဝက်စ်ဟမ်းက ဒီကလန်ရိုက်ကို ခေါ်ယူနိုင်တော့မယ်လို့လည်း သိရပါတယ်။

zawgyi version

ဂရီလစ္ရွ္ရဲ႕ ေအးဂ်င့္က ေအဘရာဟမ္အေနနဲ႔ အက္စ္တြန္ဗီလာကို ျပန္ေျပာင္းလာႏိုင္တယ္လို႔ ေနာက္ေျပာင္ခဲ့
အက္စ္တြန္ဗီလာအသင္းေခါင္းေဆာင္ ဂရီလစ္ရွ္ရဲ႕ ေအးဂ်င့္ျဖစ္သူက ခ်ဲလ္ဆီး ပံုမွန္ေနရာရဖို႔ ႐ုန္းကန္ရႏိုင္တဲ့ တိုက္စစ္ မွဴး ေအဘရာဟမ္အေနနဲ႔ အက္စ္တြန္ဗီလာကို ျပန္ေျပာင္းေရႊ႕လာႏိုင္ေၾကာင္း ေနာက္ေျပာင္ၿပီး ေျပာဆိုခဲ့ပါတယ္။ ေအဘ ရာဟမ္ဟာ ၂၀၁၈-၁၉ ေဘာလံုးရာသီတုန္းက ခ်ဲလ္ဆီးကေန အက္စ္တြန္ဗီလာအသင္းထံကို အဌားလာေရာက္ကစားဖူး တဲ့ ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္။
ေအဘရာဟမ္ဟာ ဒီရာသီမွာ ခ်ဲလ္ဆီးရဲ႕အဓိကတိုက္စစ္မွဴးျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္ ၃၄ ပြဲမွာ ၁၅ ဂိုးအထိသြင္းယူႏိုင္ခဲ့ သလို ၿပိဳင္ပြဲစံု ၄၇ ပြဲမွာလည္း ၁၈ ဂိုးအထိသြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။ လာမယ့္ရာသီမွာ အသစ္ေခၚယူထားတဲ့ တီမိုဝါနာ၊ အသစ္ေရာက္လာဖြယ္ရွိေနတဲ့ ကိုင္ဟာဗက္ဇ္တို႔ေၾကာင့္ ေအဘရာဟမ္အေနနဲ႔ ပံုမွန္ပြဲထြက္ခြင့္အတြက္ ႐ုန္းကန္ရႏိုင္တာ ေၾကာင့္ အသင္းေျပာင္းေရႊ႕မယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလာတာပဲ ျဖစ္ပါတယ္။
အက္စ္တြန္ဗီလာဟာ ၿပီးခဲ့တဲ့ရာသီက တန္းမဆင္းရဖို႔အတြက္ ႐ုန္းကန္ခဲ့ရၿပီး ရာသီအကုန္မွာ အဆင့္-၁၇ ေနရာမွာရွိေနခဲ့ တာေၾကာင့္သာ တန္းဆင္းရမယ့္ အေရးလြတ္ေျမာက္ခဲ့တာပဲ ျဖစ္ပါတယ္။ ေအဘရာဟမ္နဲ႔ ဂရီလစ္ရွ္တို႔ ႏွစ္ေယာက္ဟာ ရင္းႏွီးတဲ့သူေတြျဖစ္တာေၾကာင့္ တိုက္စစ္မွဴးအားနည္းမႈေတြရွိေနတဲ့ အက္စ္တြန္ဗီလာကို ေအဘရာဟမ္အေနနဲ႔ ေျပာင္း ေရႊ႕လာသင့္ေၾကာင္း ဂရီလစ္ရွ္ရဲ႕ ေအးဂ်င့္ျဖစ္သူက ေနာက္ေျပာင္ခဲ့တာပဲ ျဖစ္ပါတယ္။
အက္စ္တြန္ဗီလာနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ၾကားမွာလည္း ရင္းႏွီးတဲ့ ဆက္ဆံေရးရွိေနၿပီး ခ်ဲလ္ဆီးကစားသမားေဟာင္းျဖစ္တဲ့ ဂြ်န္တယ္ရီက အက္စ္တြန္ဗီလာအသင္းရဲ႕ လက္ေထာက္နည္းျပအျဖစ္လုပ္ေဆာင္ေနသလို ကစားသမားအေျပာင္းအေရႊ႕ ေအးဂ်င့္အျဖစ္လည္း လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ခ်ဲလ္ဆီးဟာ ဂြ်န္တယ္ရီရဲ႕ေအးဂ်င့္အဖြဲ႕လုပ္ေဆာင္မႈေၾကာင့္ ဝက္စ္ဟမ္းက ဒီကလန္႐ိုက္ကို ေခၚယူႏိုင္ေတာ့မယ္လို႔လည္း သိရပါတယ္။