အက်သလက်တီကိုရဲ့လုပ်ရပ်ကြောင့် ပေါင် ၁၀၉ သန်းတန် အော့ဘလက်ခ်ကို မဝယ်တော့ဘဲ အိုနာနာနဲ့ နစ်ခ်ပုတ် တို့ကို ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ချဲလ်ဆီး

ချဲလ်ဆီးအနေနဲ့ လက်စွမ်းကျဆင်းနေတဲ့ ကီပါရဲ့နေရာမှာ အစားထိုးဖို့အတွက် ဂိုးသမားတစ်ဂိုးကို ဦးစားပေးခေါ်ယူဖို့ လုပ် ဆောင်နေပြီး အက်သလက်တီကိုက အော့ဘလက်ခ်ကို စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ အစောပိုင်းတုန်းက ချန်ပီယံလိဂ် ကစားဖို့ ရှိနေတဲ့ အက်သလက်တီကိုဟာ အော့ဘလက်ခ်အတွက် ထိုက်တန်တဲ့တန်ကြေးရမှ ရောင်းချမယ်ဆိုခဲ့ပေမယ့် လက်ရှိမှာတော့ ရောင်းချတော့မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။

အက်သလက်တီကိုအနေနဲ့ သူတို့ရဲ့အဓိကဂိုးသမား အော့ဘလက်ခ်ကို ရောင်းချတော့မှာ မဟုတ်တာကြောင့် သူကိုခေါ် ယူချင်တယ်ဆိုရင် စာချုပ်ပါလျော်ကြေးဖြစ်တဲ့ ပေါင် ၁၀၉ သန်းပေးမှ ချဲလ်ဆီးအနေနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ချဲလ်ဆီး ဟာ အစောပိုင်းတုန်းက ဂိုးသမားကီပါ ကိုပြောင်းရွှေ့ကြေးအစိတ်အပိုင်းအဖြစ် အသုံးပြုပြီး အော့ဘလက်ခ်ကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် အက်သလက်တီကိုဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ အက်သလက်တီကိုရဲ့ လုပ်ရပ်ကြောင့် ပေါင်သန်း ၁၀၀ ကျော်ပေးရမယ့် အော့ဘလက်ခ်ကို ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့ပြီး အေဂျက်ဂိုးသမား အိုနာနာနဲ့ ဘန်လေဂိုးသမား နစ်ခ်ပုတ်တို့ နှစ်ဦးထဲက တစ်ဦးကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဒီကစားသမား နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ရာသီက သက်ဆိုင်ရာကလပ်အသင်းတွေမှာ လက်စွမ်းပြနိုင်ခဲ့ပြီး ပြောင်းရွှေ့ကြေးအနေနဲ့လည်း အများကြီးမရှိတာကြောင့် ချဲလ်ဆီးအနေနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ပဲ ဖြစ်ပါတယ်။

ဘာစီလိုနာလူငယ်အသင်းကနေ ထွက်ပေါ်လာတဲ့ အိုနာနာဟာ အေဂျက်အသင်းမှာ ၄ ရာသီကြာ ကစားခဲ့တဲ့ကစားသမား တစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကလည်း အသင်းအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ ဘန်လေဂိုးသမား နစ်ခ်ပုတ်က အသင်းနဲ့ စာချုပ်သက်တမ်း ၂နှစ်ကျန်နေသေးတယ်ဆိုပေမယ့် သူရဲ့ လက်စွမ်းပြကစားနိုင်မှုကြောင့် ခေါ်ယူ ချင်တဲ့ အသင်းတွေ အများကြီးရှိနေတယ်လို့ သိရပါတယ်။

zawgyi version

အက္သလက္တီကိုရဲ႕လုပ္ရပ္ေၾကာင့္ ေပါင္ ၁၀၉ သန္းတန္ ေအာ့ဘလက္ခ္ကို မဝယ္ေတာ့ဘဲ အိုနာနာနဲ႔ နစ္ခ္ပုတ္ တို႔ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအေနနဲ႔ လက္စြမ္းက်ဆင္းေနတဲ့ ကီပါရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ဂိုးသမားတစ္ဂိုးကို ဦးစားေပးေခၚယူဖို႔ လုပ္ ေဆာင္ေနၿပီး အက္သလက္တီကိုက ေအာ့ဘလက္ခ္ကို စိတ္ဝင္စားေနတာပဲျဖစ္ပါတယ္။ အေစာပိုင္းတုန္းက ခ်န္ပီယံလိဂ္ ကစားဖို႔ ရွိေနတဲ့ အက္သလက္တီကိုဟာ ေအာ့ဘလက္ခ္အတြက္ ထိုက္တန္တဲ့တန္ေၾကးရမွ ေရာင္းခ်မယ္ဆိုခဲ့ေပမယ့္ လက္ရွိမွာေတာ့ ေရာင္းခ်ေတာ့မွာ မဟုတ္ေတာ့ဘူးလို႔ သိရပါတယ္။
အက္သလက္တီကိုအေနနဲ႔ သူတို႔ရဲ႕အဓိကဂိုးသမား ေအာ့ဘလက္ခ္ကို ေရာင္းခ်ေတာ့မွာ မဟုတ္တာေၾကာင့္ သူကိုေခၚ ယူခ်င္တယ္ဆိုရင္ စာခ်ဳပ္ပါေလ်ာ္ေၾကးျဖစ္တဲ့ ေပါင္ ၁၀၉ သန္းေပးမွ ခ်ဲလ္ဆီးအေနနဲ႔ ေခၚယူႏိုင္မွာျဖစ္ပါတယ္။ ခ်ဲလ္ဆီး ဟာ အေစာပိုင္းတုန္းက ဂိုးသမားကီပါ ကိုေျပာင္းေရႊ႕ေၾကးအစိတ္အပိုင္းအျဖစ္ အသံုးျပဳၿပီး ေအာ့ဘလက္ခ္ကို ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္ အက္သလက္တီကိုဘက္က ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
ခ်ဲလ္ဆီးဟာ အက္သလက္တီကိုရဲ႕ လုပ္ရပ္ေၾကာင့္ ေပါင္သန္း ၁၀၀ ေက်ာ္ေပးရမယ့္ ေအာ့ဘလက္ခ္ကို ေခၚယူေတာ့မွာ မဟုတ္ဘူးလို႔ ထုတ္ျပန္ခဲ့ၿပီး ေအဂ်က္ဂိုးသမား အိုနာနာနဲ႔ ဘန္ေလဂိုးသမား နစ္ခ္ပုတ္တို႔ ႏွစ္ဦးထဲက တစ္ဦးကိုေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ ဒီကစားသမား ႏွစ္ဦးစလံုးဟာ ၿပီးခဲ့တဲ့ရာသီက သက္ဆိုင္ရာကလပ္အသင္းေတြမွာ လက္စြမ္းျပႏိုင္ခဲ့ၿပီး ေျပာင္းေရႊ႕ေၾကးအေနနဲ႔လည္း အမ်ားႀကီးမရွိတာေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားေနတာ ပဲ ျဖစ္ပါတယ္။
ဘာစီလိုနာလူငယ္အသင္းကေန ထြက္ေပၚလာတဲ့ အိုနာနာဟာ ေအဂ်က္အသင္းမွာ ၄ ရာသီၾကာ ကစားခဲ့တဲ့ကစားသမား တစ္ဦးျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကလည္း အသင္းအတြက္ ၿပိဳင္ပြဲစံု ၃၉ ပြဲပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။ ဘန္ေလဂိုးသမား နစ္ခ္ပုတ္က အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၂ႏွစ္က်န္ေနေသးတယ္ဆိုေပမယ့္ သူရဲ႕ လက္စြမ္းျပကစားႏိုင္မႈေၾကာင့္ ေခၚယူ ခ်င္တဲ့ အသင္းေတြ အမ်ားႀကီးရွိေနတယ္လို႔ သိရပါတယ္။