အင်္ဂလန်ကလပ်အသင်းတွေကို ပြန်ရောက်လာဖို့ ရှိနေတဲ့ ချဲလ်ဆီးကစားသမားဟောင်း မီခေးလ်

အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ချဲလ်ဆီးကစားသမားဟောင်း မီခေးလ်အနေနဲ့ တူရကီကလပ် ထရက်ဇွန်စပေါနဲ့ စာချုပ် ဖျက် သိမ်းပြီးနောက်မှာ အသင်းလက်မဲ့ ဖြစ်နေတာကြောင့် သူကိုခေါ်ယူဖို့အတွက် အင်္ဂလန်ကလပ်အသင်းတွေက စိတ်ဝင်စား မှု ရှိနေတယ်လို့ သိရပါတယ်။ မီခေးလ်ကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေကတော့ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့် ရထားတဲ့ ဝက်စ်ဘရွန်းနဲ့ ချန်ပီယံရှစ်ကလပ် စတုတ်စီးတီးတို့ပဲ ဖြစ်ပါတယ်။

ဘီဘီစီအားကစားသတင်းဌာနနဲ့ တွေ့ဆုံမှုမှာတော့ မီခေးလ်က “ အင်္ဂလန်ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စား နေတယ်ဆိုတာ မှန်ပါတယ်။ ဒီအသင်းတွေမှာ ပြောင်းရွှေ့ကစားဖို့အတွက် ဘာကြောင့်မဖြစ်နိုင်ရမှာလဲ။အခုချိန်မှာ ကျွန် တော်ကို ခေါ်ယူလိုတဲ့အသင်းတွေနဲ့ စကားပြောနေပြီး မြန်မြန်ဆုံးဖြတ်ချက်ရမယ့် အနေအထားမဟုတ်ပါဘူး။ကျွန်တော် ကိုယ်တိုင်လည်း ဘာဖြစ်မယ်ဆိုတာကို စောင့်ဆိုင်းနေတုန်းပဲ ရှိပါသေးတယ်” လို့ ပြောခဲ့ပါတယ်။

မီခေးလ်အနေနဲ့ ချဲလ်ဆီးမှာ ၁၁ နှစ်ကြာကစားခဲ့ပြီး ပွဲပေါင်း ၂၄၉ ပွဲခန့်ကစားခဲ့သူလည်း ဖြစ်ပါတယ်။မီခေးလ်ဟာ ချဲလ်ဆီး နဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလား နှစ်ကြိမ်စီနဲ့ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေကို တစ်ကြိမ်စီရ ယူနိုင်ခဲ့တဲ့ ကစားသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်က ချဲလ်ဆီးကနေ ထွက်သွားပြီးနောက် တရုတ်စူပါ လိဂ်ကလပ် တီယန်ကျင်းမှာ မီခေးလ်အနေနဲ့ ၂နှစ်နီးပါးကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ မီခေးလ်အနေနဲ့ မစ်ဒယ်ဘရော့ကို ကာလတိုစာချုပ်နဲ့ ရောက်ရှိလာခဲ့ပြီး ၂၀၁၈-၁၉ ဘောလုံးရာသီ အကုန်မှာတော့ တူရကီကလပ် ထရက်ဇွန်စပေါကို ပြောင်းရွှေ့ခဲ့ပါတယ်။ ထရက်ဇွန်စပေါအသင်းကို ၂ နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ပေမယ့် မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းပြီးနောက် မှာတော့ မီခေးလ်ဟာ လက်ရှိမှာ အသင်းလက်မဲ့ကစားသမားတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။

zawgyi version

အဂၤလန္ကလပ္အသင္းေတြကို ျပန္ေရာက္လာဖို႔ ရွိေနတဲ့ ခ်ဲလ္ဆီးကစားသမားေဟာင္း မီေခးလ္
အသက္ ၃၃ ႏွစ္ရွိၿပီျဖစ္တဲ့ ခ်ဲလ္ဆီးကစားသမားေဟာင္း မီေခးလ္အေနနဲ႔ တူရကီကလပ္ ထရက္ဇြန္စေပါနဲ႔ စာခ်ဳပ္ ဖ်က္ သိမ္းၿပီးေနာက္မွာ အသင္းလက္မဲ့ ျဖစ္ေနတာေၾကာင့္ သူကိုေခၚယူဖို႔အတြက္ အဂၤလန္ကလပ္အသင္းေတြက စိတ္ဝင္စား မႈ ရွိေနတယ္လို႔ သိရပါတယ္။ မီေခးလ္ကို ေခၚဖို႔ စိတ္ဝင္စားေနတဲ့ အသင္းေတြကေတာ့ ပရီးမီးယားလိဂ္ကို တန္းတက္ခြင့္ ရထားတဲ့ ဝက္စ္ဘရြန္းနဲ႔ ခ်န္ပီယံရွစ္ကလပ္ စတုတ္စီးတီးတို႔ပဲ ျဖစ္ပါတယ္။
ဘီဘီစီအားကစားသတင္းဌာနနဲ႔ ေတြ႕ဆံုမႈမွာေတာ့ မီေခးလ္က “ အဂၤလန္ကလပ္အသင္းေတြက ေခၚယူဖို႔ စိတ္ဝင္စား ေနတယ္ဆိုတာ မွန္ပါတယ္။ ဒီအသင္းေတြမွာ ေျပာင္းေရႊ႕ကစားဖို႔အတြက္ ဘာေၾကာင့္မျဖစ္ႏိုင္ရမွာလဲ။အခုခ်ိန္မွာ ကြ်န္ ေတာ္ကို ေခၚယူလိုတဲ့အသင္းေတြနဲ႔ စကားေျပာေနၿပီး ျမန္ျမန္ဆံုးျဖတ္ခ်က္ရမယ့္ အေနအထားမဟုတ္ပါဘူး။ကြ်န္ေတာ္ ကိုယ္တိုင္လည္း ဘာျဖစ္မယ္ဆိုတာကို ေစာင့္ဆိုင္းေနတုန္းပဲ ရွိပါေသးတယ္” လို႔ ေျပာခဲ့ပါတယ္။
မီေခးလ္အေနနဲ႔ ခ်ဲလ္ဆီးမွာ ၁၁ ႏွစ္ၾကာကစားခဲ့ၿပီး ပြဲေပါင္း ၂၄၉ ပြဲခန္႔ကစားခဲ့သူလည္း ျဖစ္ပါတယ္။မီေခးလ္ဟာ ခ်ဲလ္ဆီး နဲ႔အတူ ပရီးမီးယားလိဂ္ဖလား၊ အက္ဖ္ေအဖလား ႏွစ္ႀကိမ္စီနဲ႔ ခ်န္ပီယံလိဂ္ဖလား၊ ယူ႐ိုပါလိဂ္ဖလားေတြကို တစ္ႀကိမ္စီရ ယူႏိုင္ခဲ့တဲ့ ကစားသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္က ခ်ဲလ္ဆီးကေန ထြက္သြားၿပီးေနာက္ တ႐ုတ္စူပါ လိဂ္ကလပ္ တီယန္က်င္းမွာ မီေခးလ္အေနနဲ႔ ၂ႏွစ္နီးပါးကစားခဲ့ပါတယ္။
အဲ့ဒီေနာက္မွာေတာ့ မီေခးလ္အေနနဲ႔ မစ္ဒယ္ဘေရာ့ကို ကာလတိုစာခ်ဳပ္နဲ႔ ေရာက္ရွိလာခဲ့ၿပီး ၂၀၁၈-၁၉ ေဘာလံုးရာသီ အကုန္မွာေတာ့ တူရကီကလပ္ ထရက္ဇြန္စေပါကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ ထရက္ဇြန္စေပါအသင္းကို ၂ ႏွစ္စာခ်ဳပ္နဲ႔ ေျပာင္းေရႊ႕ခဲ့ေပမယ့္ မတ္လအတြင္းက ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႏွစ္ဦးသေဘာတူစာခ်ဳပ္ဖ်က္သိမ္းၿပီးေနာက္ မွာေတာ့ မီေခးလ္ဟာ လက္ရွိမွာ အသင္းလက္မဲ့ကစားသမားတစ္ဦး ျဖစ္ေနတာပဲ ျဖစ္ပါတယ္။