ပရီးမီးယားလိဂ်တစ်နှစ်အကောင်းဆုံး လူငယ်ကစားသမားဆုကို မာရှယ်လ်၊ ရပ်ရှ်ဖိုဒ့် နဲ့ ဂရင်းဝုဒ်တို့ကို ကျော်ပြီး ရရှိသွားတဲ့ လီဗာပူးလ်နောက်ခံလူ အာနိုးလ်

လီဗာပူးလ်အသင်းရဲ့ နောက်ခံလူ အာနိုးလ်ဟာ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံးလူငယ်ကစားသမားဆုကို ဆွတ်ခူးရရှိသွားပါတယ်။ အာနိုးလ်ဟာ အမှတ်ပေးဖလားကို လီဗာပူးလ်အသင်းနဲ့ အတူ ဆွတ်ခူးရရှိနိုင်ပြီးနောက် ယခုဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့တဲ့အတွက်ဆန်ခါတင် (၈) ယောက်စာရင်းမှာ ပါဝင်ခဲ့တဲ့ ရပ်ရှ်ဖိုဒ့်၊ ဂရင်းဝုဒ် နဲ့ မာရှယ်လ်တို့ကို စိတ်ပျက်စရာ ထပ်ပေးခဲ့တာ ဖြစ်ပါတယ်။

အာနိုးလ်ဟာ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်ရဲ့ အသင်းမှာ ညာနောက်ခံလူအဖြစ် ကစားနေသော်လည်း သူဟာ ဂိုးဖန်တီးမှု (၁၃) ကြိမ်အထိ ဖန်တီးပေးခဲ့ပါတယ်။မာရှယ်လ်၊ ရပ်ရှ်ဖိုဒ့် နဲ့ ဂရင်းဝုဒ်တို့အပြင် လီဗာပူးလ်နောက်ခံလူဟာ အက်စတွန်ဗီလာ က ဂျက်ဂရီလစ်ရှ် ၊ ချဲလ်ဆီးက မေဆန်မောင့် နဲ့ ပူလီဆစ် နဲ့ ရှက်ဖီးယူနိုက်တက်က ဟန်ဒါဆန် တို့ကိုကျော်ဖြတ်ပြီး ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဆုဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ကစားခဲ့တဲ့ အသက် ၂၃ နှစ် နဲ့ ၂၃ အောက် ကစားသမားတွေကို ပရိသတ်များက မဲပေးရွေးချယ်ပေးတာပါ။ အာနိုးလ်အတွက် ဒီဆုဟာ လီဗာပူးလ်အသင်းမှာ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ ပွဲထွက်ကစားခွင့် ရရှိပြီးနောက် စတုတ္ထမြောက် ဆုလည်း ဖြစ်ပါတယ်။

သူဟာ ပရီးမီးယားလိဂ်တစ်နှစ်တာ အကောင်းဆုံး ဆန်ခါတင်စာရင်းမှာလည်း လီဗာပူးလ်အသင်းဖော်တွေဖြစ်တဲ့ မာနေး နဲ့ ဟန်ဒါဆန် တို့ နဲ့အတူ ပါဝင်ထားပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာနိုးလ်ဟာ လီဗာပူးလ်အသင်းအတွက် ပရီးမီးယားလိဂ် (၃၈) ပွဲစလုံးကို ပါဝင်ကစားပေးခဲ့သူ ဖြစ်ပါတယ်။ သူဟာ မနှစ်က ချန်ပီယံလိဂ် နဲ့ ကလပ်ကမ္ဘာ့ဖလားတို့အပြင် ဒီနှစ်မှာလည်း နှစ်ပေါင်း (၃၀) ကြာ အမှတ်ပေးဖလားဝေးကွာနေတဲ့ လီဗာပူးလ်အသင်းအတွက် အဓိက အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ကစားပေးထားသူလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ္တစ္ႏွစ္အေကာင္းဆံုး လူငယ္ကစားသမားဆုကို မာရွယ္လ္၊ ရပ္ရွ္ဖိုဒ့္ နဲ႔ ဂရင္း၀ုဒ္တို႔ကို ေက်ာ္ျပီး ရရွိသြားတဲ့ လီဗာပူးလ္ေနာက္ခံလူ အာႏိုးလ္

လီဗာပူးလ္အသင္းရဲ႕ ေနာက္ခံလူ အာႏိုးလ္ဟာ ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆံုးလူငယ္ကစားသမားဆုကို ဆြတ္ခူးရရွိသြားပါတယ္။ အာႏိုးလ္ဟာ အမွတ္ေပးဖလားကို လီဗာပူးလ္အသင္းနဲ႔ အတူ ဆြတ္ခူးရရွိႏိုင္ျပီးေနာက္ ယခုဆုကို ထပ္မံဆြတ္ခူးႏိုင္ခဲ့တဲ့အတြက္ဆန္ခါတင္ (၈) ေယာက္စာရင္းမွာ ပါ၀င္ခဲ့တဲ့ ရပ္ရွ္ဖိုဒ့္၊ ဂရင္း၀ုဒ္ နဲ႔ မာရွယ္လ္တို႔ကို စိတ္ပ်က္စရာ ထပ္ေပးခဲ့တာ ျဖစ္ပါတယ္။

အာႏိုးလ္ဟာ လီဗာပူးလ္နည္းျပ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းမွာ ညာေနာက္ခံလူအျဖစ္ ကစားေနေသာ္လည္း သူဟာ ဂိုးဖန္တီးမႈ (၁၃) ၾကိမ္အထိ ဖန္တီးေပးခဲ့ပါတယ္။မာရွယ္လ္၊ ရပ္ရွ္ဖိုဒ့္ နဲ႔ ဂရင္း၀ုဒ္တို႔အျပင္ လီဗာပူးလ္ေနာက္ခံလူဟာ အက္စတြန္ဗီလာ က ဂ်က္ဂရီလစ္ရွ္ ၊ ခ်ဲလ္ဆီးက ေမဆန္ေမာင့္ နဲ႔ ပူလီဆစ္ နဲ႔ ရွက္ဖီးယူႏိုက္တက္က ဟန္ဒါဆန္ တို႔ကိုေက်ာ္ျဖတ္ျပီး ဆုရရွိခဲ့တာ ျဖစ္ပါတယ္။

အဆိုပါဆုဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ကစားခဲ့တဲ့ အသက္ ၂၃ ႏွစ္ နဲ႔ ၂၃ ေအာက္ ကစားသမားေတြကို ပရိသတ္မ်ားက မဲေပးေရြးခ်ယ္ေပးတာပါ။ အာႏိုးလ္အတြက္ ဒီဆုဟာ လီဗာပူးလ္အသင္းမွာ ၂၀၁၆-၁၇ ေဘာလံုးရာသီမွာ ပြဲထြက္ကစားခြင့္ ရရွိျပီးေနာက္ စတုတၳေျမာက္ ဆုလည္း ျဖစ္ပါတယ္။

သူဟာ ပရီးမီးယားလိဂ္တစ္ႏွစ္တာ အေကာင္းဆံုး ဆန္ခါတင္စာရင္းမွာလည္း လီဗာပူးလ္အသင္းေဖာ္ေတြျဖစ္တဲ့ မာေနး နဲ႔ ဟန္ဒါဆန္ တို႔ နဲ႔အတူ ပါ၀င္ထားပါတယ္။ ျပီးခဲ့တဲ့ ေဘာလံုးရာသီမွာ အာႏိုးလ္ဟာ လီဗာပူးလ္အသင္းအတြက္ ပရီးမီးယားလိဂ္ (၃၈) ပြဲစလံုးကို ပါ၀င္ကစားေပးခဲ့သူ ျဖစ္ပါတယ္။ သူဟာ မႏွစ္က ခ်န္ပီယံလိဂ္ နဲ႔ ကလပ္ကမာၻ႕ဖလားတို႔အျပင္ ဒီႏွစ္မွာလည္း ႏွစ္ေပါင္း (၃၀) ၾကာ အမွတ္ေပးဖလားေ၀းကြာေနတဲ့ လီဗာပူးလ္အသင္းအတြက္ အဓိက အခန္းက႑တစ္ခုကေန ပါ၀င္ကစားေပးထားသူလည္းျဖစ္ပါတယ္။