အင်တာမီလန်အသင်းကိုပြောင်းရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားပြီဖြစ်တဲ့ ချဲလ်ဆီးနောက်ခံလူ အီမာဆင်

ချဲလ်ဆီးအသင်းနောက်ခံလူ အီမာဆင်ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဆန်စီရိုကို ပြောင်းရွှေ့ရန် အင်တာမီလန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိသွားပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အသက် ၂၆ နှစ်အရွယ်ကစားသမားဟာ ၂၀၁၉-၂၀ ဘောလုံးရာသီမှာ ချဲလ်ဆီးအသင်းအတွက် (၂၁) ပွဲကစားထားသော်လည်း နည်းပြလမ်းပတ်ရဲ့ ၂၀၂၀ အစောပိုင်းပွဲတွေမှာ ပွဲထွက် (၁၁) ယောက်စာရင်းကနေ ပုံမှန်ကစားခွင့် ပျောက်ဆုံးခဲ့သူဖြစ်ပါတယ်။

အီတလီလက်ရွေးစင်ကစားသမားကို အင်တာမီလန်အသင်းဟာ မကြာသေးခင်လတွေတုန်းက ဆက်သွယ်မှုတွေလုပ်ထားခဲ့တာဖြစ်လို့ ချဲလ်ဆီးအသင်းဟာ အောက်တိုဘာလ (၅) ရက်နေ့မပိတ်မီ ဘယ်နောက်ခံလူအသစ်တစ်ယောက်ကို ခေါ်ယူနိုင်ရန် မျှော်လင့်နေပါတယ်။ သတင်းများအရ အီမာဆင်ဟာ အင်တာမီလန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရထားပြီဖြစ်လို့ ချဲလ်ဆီးအသင်းနဲ့ပဲ ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရန် ကျန်တော့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဘက်ကတော့ အီမာဆင်အတွက် ယူရို (၂၃) သန်း လိုချင်နေတယ်လို့ သိရပါတယ်။ နောက်ခံလူဟာ ဆန်စီရိုမှာ (၅) နှစ်စာချုပ်ချုပ်ဆိုဖွယ်ရှိနေတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ ဒီရာသီမှာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကို တက်လှမ်းထားနိုင်ပြီး တနလာၤနေ့ညမှာ ရှက်တာဒိုးနက်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

အင္တာမီလန္အသင္းကိုေျပာင္းရန္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိသြားျပီျဖစ္တဲ့ ခ်ဲလ္ဆီးေနာက္ခံလူ အီမာဆင္

ခ်ဲလ္ဆီးအသင္းေနာက္ခံလူ အီမာဆင္ဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ဆန္စီရိုကို ေျပာင္းေရႊ႕ရန္ အင္တာမီလန္အသင္းနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိသြားျပီျဖစ္တယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ကစားသမားဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီမွာ ခ်ဲလ္ဆီးအသင္းအတြက္ (၂၁) ပြဲကစားထားေသာ္လည္း နည္းျပလမ္းပတ္ရဲ႕ ၂၀၂၀ အေစာပိုင္းပြဲေတြမွာ ပြဲထြက္ (၁၁) ေယာက္စာရင္းကေန ပံုမွန္ကစားခြင့္ ေပ်ာက္ဆံုးခဲ့သူျဖစ္ပါတယ္။

အီတလီလက္ေရြးစင္ကစားသမားကို အင္တာမီလန္အသင္းဟာ မၾကာေသးခင္လေတြတုန္းက ဆက္သြယ္မႈေတြလုပ္ထားခဲ့တာျဖစ္လို႔ ခ်ဲလ္ဆီးအသင္းဟာ ေအာက္တိုဘာလ (၅) ရက္ေန႔မပိတ္မီ ဘယ္ေနာက္ခံလူအသစ္တစ္ေယာက္ကို ေခၚယူႏိုင္ရန္ ေမွ်ာ္လင့္ေနပါတယ္။ သတင္းမ်ားအရ အီမာဆင္ဟာ အင္တာမီလန္အသင္းနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရထားျပီျဖစ္လို႔ ခ်ဲလ္ဆီးအသင္းနဲ႔ပဲ ေျပာင္းေရႊ႕ေၾကးသေဘာတူညီမႈ ရရန္ က်န္ေတာ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းဘက္ကေတာ့ အီမာဆင္အတြက္ ယူရို (၂၃) သန္း လိုခ်င္ေနတယ္လို႔ သိရပါတယ္။ ေနာက္ခံလူဟာ ဆန္စီရိုမွာ (၅) ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုဖြယ္ရွိေနတာျဖစ္ပါတယ္။ အင္တာမီလန္အသင္းဟာ ဒီရာသီမွာ ယူရိုပါလိဂ္ဆီမီးဖိုင္နယ္ကို တက္လွမ္းထားႏိုင္ျပီး တနလာၤေန႔ညမွာ ရွက္တာဒိုးနက္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။