အသစ်ခေါ်ယူထားတဲ့ တီမိုဝါနာ နဲ့ ဇီယက်တို့ရဲ့ အစွမ်းတွေကို လေ့ကျင့်ရေးမှာ မြင်တွေ့ခဲ့ရပြီးပြီလို့ ဆိုလိုက်တဲ့ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာ

ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာက အသင်းက အသစ်ခေါ်ယူထားတဲ့ တီမိုဝါနာ နဲ့ ဇီယက်တို့ရဲ့ အစွမ်းတွေကို ချီးကျူးပြောဆိုသွားခဲ့ပါတယ်။ ဂျာမနီတိုက်စစ်မှူး တီမိုဝါနာဟာ လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတောင်မကစားတော့ပဲ ချဲလ်ဆီးအသင်းနဲ့ ပြီးခဲ့တဲ့လက ပူးပေါင်းသွားခဲ့တာဖြစ်ပါတယ်။

ဇီယက်ကတော့ ဟော်လန်လိဂ်ပြိုင်ပွဲကို ဧပြီလကုန်ကတည်းက ဖျက်သိမ်းလိုက်တာဖြစ်လို့ ချဲလ်ဆီးအသင်းနဲ့ စောစောစီးစီးပူးပေါင်းနိုင်ခဲ့ပါတယ်။သူတို့ (၂) ယောက်စလုံးဟာ တိုက်စစ်ကစားသမားတွေဖြစ်ပြီး အသင်းဖော်အသစ်တွေနဲ့ လေ့ကျင့်ရေး များများ ဆင်းနိုင်ခဲ့လို့ ချဲလ်ဆီးအသင်းခေါင်းဆောင် အက်ဇ်ပီလီကွီတာက အထင်ကြီးခဲ့ပြီး သူတို့ကြောင့် စိတ်လှုပ်ရှားနေတာဖြစ်ပါတယ်။

“နှစ်ယောက်စလုံးဟာ ပြီးခဲ့တဲ့ အပတ်တေ်ာတော်များများမှာ သူတို့ရဲ့ အရည်အချင်းတွေကို ပြထားပါတယ်။ သူတို့ရဲ့ အခွင့်အရေးဖန်တီးပုံတွေနဲ့ သူတို့ ဂိုးသွင်းပုံတွေကြောင့် သူတို့ဟာ အသင်းအတွက် ကြီးမားတဲ့ အင်အားတစ်ရပ်ဖြစ်ပါတယ်။သူတို့ဟာ ပရီးမီးယားလိဂ်မှာလည်း လျင်လျင်မြန်မြန်နဲ့ အထိုင်ကျနိုင်မယ့်သူတွေဖြစ်ပါ” လို့ အက်ဇ်ပီလီကွီတာက ပြောသွားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ နောက်ထပ် လေဗာကူဆင်အသင်းက ဂျာမနီကွင်းလယ် ကိုင်ဟာဗက်ဇ်ကို ခေါ်ယူရန် ပစ်မှတ်ထားနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လက်စတာအသင်းက ဘင်ချီဝဲလ် နဲ့ ဝက်စ်ဟမ်းက ဒီကလန်ရိုက် တို့ကိုလည်း ပစ်မှတ်ထားနေပြီး ဂိုးသမား အသစ်တစ်ယောက်ကိုလည်း ခေါ်ယူရန် စဉ်းစားနေပါတယ်။

အသစ္ေခၚယူထားတဲ့ တီမို၀ါနာ နဲ႔ ဇီယက္တို႔ရဲ႕ အစြမ္းေတြကို ေလ့က်င့္ေရးမွာ ျမင္ေတြ႕ခဲ့ရျပီးျပီလို႔ ဆိုလိုက္တဲ့ ခ်ဲလ္ဆီးအသင္းေခါငး္ေဆာင္ အက္ဇ္ပီလီကြီတာ

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ဇ္ပီလီကြီတာက အသင္းက အသစ္ေခၚယူထားတဲ့ တီမို၀ါနာ နဲ႔ ဇီယက္တို႔ရဲ႕ အစြမ္းေတြကို ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။ ဂ်ာမနီတိုက္စစ္မွဴး တီမို၀ါနာဟာ လိုက္ပ္ဇစ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ျပိဳင္ပြဲေတာင္မကစားေတာ့ပဲ ခ်ဲလ္ဆီးအသင္းနဲ႔ ျပီးခဲ့တဲ့လက ပူးေပါင္းသြားခဲ့တာျဖစ္ပါတယ္။

ဇီယက္ကေတာ့ ေဟာ္လန္လိဂ္ျပိဳင္ပြဲကို ဧျပီလကုန္ကတည္းက ဖ်က္သိမ္းလိုက္တာျဖစ္လို႔ ခ်ဲလ္ဆီးအသင္းနဲ႔ ေစာေစာစီးစီးပူးေပါင္းႏိုင္ခဲ့ပါတယ္။သူတို႔ (၂) ေယာက္စလံုးဟာ တိုက္စစ္ကစားသမားေတြျဖစ္ျပီး အသင္းေဖာ္အသစ္ေတြနဲ႔ ေလ့က်င့္ေရး မ်ားမ်ား ဆင္းႏိုင္ခဲ့လို႔ ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ အက္ဇ္ပီလီကြီတာက အထင္ၾကီးခဲ့ျပီး သူတို႔ေၾကာင့္ စိတ္လႈပ္ရွားေနတာျဖစ္ပါတယ္။

“ႏွစ္ေယာက္စလံုးဟာ ျပီးခဲ့တဲ့ အပတ္ေတ္ာေတာ္မ်ားမ်ားမွာ သူတို႔ရဲ႕ အရည္အခ်င္းေတြကို ျပထားပါတယ္။ သူတို႔ရဲ႕ အခြင့္အေရးဖန္တီးပံုေတြနဲ႔ သူတို႔ ဂိုးသြင္းပံုေတြေၾကာင့္ သူတို႔ဟာ အသင္းအတြက္ ၾကီးမားတဲ့ အင္အားတစ္ရပ္ျဖစ္ပါတယ္။သူတို႔ဟာ ပရီးမီးယားလိဂ္မွာလည္း လ်င္လ်င္ျမန္ျမန္နဲ႔ အထိုင္က်ႏိုင္မယ့္သူေတြျဖစ္ပါ” လို႔ အက္ဇ္ပီလီကြီတာက ေျပာသြားခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေနာက္ထပ္ ေလဗာကူဆင္အသင္းက ဂ်ာမနီကြင္းလယ္ ကိုင္ဟာဗက္ဇ္ကို ေခၚယူရန္ ပစ္မွတ္ထားေနတာလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ လက္စတာအသင္းက ဘင္ခ်ီ၀ဲလ္ နဲ႔ ၀က္စ္ဟမ္းက ဒီကလန္ရိုက္ တို႔ကိုလည္း ပစ္မွတ္ထားေနျပီး ဂိုးသမား အသစ္တစ္ေယာက္ကိုလည္း ေခၚယူရန္ စဥ္းစားေနပါတယ္။