ဝီလီယံကို တစ်ပတ် ပေါင် ၂ သိန်း ၂ သောင်းနဲ့ အပြီးသတ် ခေါ်ယူလိုက်နိုင်ပြီဖြစ်တဲ့ အာဆင်နယ်အသင်း

အာဆင်နယ်အသင်းဟာ ချဲလ်ဆီးကစားသမားဟောင်း ဘရာဇီးတောင်ပံကစားသမား ဝီလီယံကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ အမ်းမရိတ်ကွင်းထံ တစ်ပတ် ပေါင် ၂ သိန်း ၂ သောင်းသဘောတူညီမှုနဲ့ ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ကစားသမားကို အာဆင်နယ်အသင်းရဲ့ တွစ်တာ အကောင့်မှာ သောကြာနေ့ မနက်ပိုင်းက (၃) နှစ်သဘောတူညီမှု စာချုပ် နဲ့ ချုပ်ဆိုလိုက်နိုင်ပြီဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။

ဝီလီယံဟာ အာဆင်နယ်နည်းပြ အာတီတာ နဲ့ ပရီးမီးယားလိဂ်ဖလား နဲ့ ဥရောပဖလားတွေကို ဆွတ်ခူးနိုင်ရန် ရည်ရွယ်ထားတယ်လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

“သူတို့ ကစားတဲ့ ပုံစံက အံ့အားသင့်စရာ ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီကွင်းနဲ့ နည်းပြ အာတီတာ ကြောင့် အာဆင်နယ်အသင်းဟာ နောက်ထပ် ပရီးမီးယားလိဂ်ဖလား နဲ့ ဥရောပပြိုင်ပွဲတွေမှာ ထပ်ပြီး ရင်ဆိုင်တိုက်ခိုက်နိုင်မယ့် အခွင့်အရေးရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ပွဲကစားဖို့ ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ကွင်းထဲကို သွားဖို့ မစောင့်နိုင်တော့ပါဘူး။ အသင်းဖော်တွေ နဲ့ အသင်းကို ပြန်လည်တောက်ပလာနိုင်အောင် ကူညီချင်ပါတယ်။ အာတီတာ နဲ့ စကားပြောခဲ့တာလည်း အရမ်းကို ကောင်းပါတယ်။ သူက အာဆင်နယ်ကို လာဖို့ ယုံကြည်ချက်ပေးခဲ့ပါတယ်” လို့ ဝီလီယံက ပြောသွားခဲ့ပါတယ်။

ဝီလီယံဟာ ချဲလ်ဆီးကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား (၂) ကြိမ် ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီး စက်တင်ဘာလ ၁၂ ရက်နေ့ ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ် ရာသီအသစ်မတိုင်မီ သူဟာ အာဆင်နယ်အသင်းဖော်တွေနဲ့ လေ့ကျင့်ရေး ဆင်းနိုင်ဦးမှာ ဖြစ်ပါတယ်။

၀ီလီယံကို တစ္ပတ္ ေပါင္ ၂ သိန္း ၂ ေသာင္းနဲ႔ အျပီးသတ္ ေခၚယူလိုက္ႏိုင္ျပီျဖစ္တဲ့ အာဆင္နယ္အသင္း

အာဆင္နယ္အသင္းဟာ ခ်ဲလ္ဆီးကစားသမားေဟာင္း ဘရာဇီးေတာင္ပံကစားသမား ၀ီလီယံကို အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ အမ္းမရိတ္ကြင္းထံ တစ္ပတ္ ေပါင္ ၂ သိန္း ၂ ေသာင္းသေဘာတူညီမႈနဲ႔ ေခၚယူလိုက္ႏိုင္ျပီ ျဖစ္ပါတယ္။ အသက္ ၃၂ ႏွစ္အရြယ္ကစားသမားကို အာဆင္နယ္အသင္းရဲ႕ တြစ္တာ အေကာင့္မွာ ေသာၾကာေန႔ မနက္ပိုင္းက (၃) ႏွစ္သေဘာတူညီမႈ စာခ်ဳပ္ နဲ႔ ခ်ဳပ္ဆိုလိုက္ႏိုင္ျပီျဖစ္တယ္လို႔ အတည္ျပဳသြားခဲ့ပါတယ္။

၀ီလီယံဟာ အာဆင္နယ္နည္းျပ အာတီတာ နဲ႔ ပရီးမီးယားလိဂ္ဖလား နဲ႔ ဥေရာပဖလားေတြကို ဆြတ္ခူးႏိုင္ရန္ ရည္ရြယ္ထားတယ္လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

“သူတို႔ ကစားတဲ့ ပံုစံက အံ့အားသင့္စရာ ေကာင္းတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ ဒီကြင္းနဲ႔ နည္းျပ အာတီတာ ေၾကာင့္ အာဆင္နယ္အသင္းဟာ ေနာက္ထပ္ ပရီးမီးယားလိဂ္ဖလား နဲ႔ ဥေရာပျပိဳင္ပြဲေတြမွာ ထပ္ျပီး ရင္ဆိုင္တိုက္ခိုက္ႏိုင္မယ့္ အခြင့္အေရးရွိတယ္လို႔ ကၽြန္ေတာ္ယံုၾကည္ပါတယ္။

ပြဲကစားဖို႔ ကၽြန္ေတာ္ စိတ္လႈပ္ရွားေနပါတယ္။ ကြင္းထဲကို သြားဖို႔ မေစာင့္ႏိုင္ေတာ့ပါဘူး။ အသင္းေဖာ္ေတြ နဲ႔ အသင္းကို ျပန္လည္ေတာက္ပလာႏိုင္ေအာင္ ကူညီခ်င္ပါတယ္။ အာတီတာ နဲ႔ စကားေျပာခဲ့တာလည္း အရမ္းကို ေကာင္းပါတယ္။ သူက အာဆင္နယ္ကို လာဖို႔ ယံုၾကည္ခ်က္ေပးခဲ့ပါတယ္” လို႔ ၀ီလီယံက ေျပာသြားခဲ့ပါတယ္။

၀ီလီယံဟာ ခ်ဲလ္ဆီးကစားသမားဘ၀မွာ ပရီးမီးယားလိဂ္ဖလား (၂) ၾကိမ္ ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ျပီး စက္တင္ဘာလ ၁၂ ရက္ေန႔ ျပန္လည္စတင္မယ့္ ပရီးမီးယားလိဂ္ ရာသီအသစ္မတိုင္မီ သူဟာ အာဆင္နယ္အသင္းေဖာ္ေတြနဲ႔ ေလ့က်င့္ေရး ဆင္းႏိုင္ဦးမွာ ျဖစ္ပါတယ္။