ဂျွန်စတုန်းအနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးရန် ထိပ်တန်းအဆင့်မှာ ရှိနေချင်ရင် မန်စီးတီးအသင်းကထွက်ခွာရမယ်လို့ တိုက်တွန်းပြောဆိုလိုက်တဲ့ ဖာဒီနန်

ဖာဒီနန်က အသက် ၂၆ နှစ်အရွယ် ဗဟိုနောက်ခံလူ ဂျွန်စတုန်းအနေနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ကစားခွင့်ရဖို့အတွက် မန်စီးတီးအသင်းကနေ မဖြစ်မနေထွက်ခွာရန် လိုအပ်တယ်လို့ ပြောသွားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ လိုင်ယွန်အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ဂျွန်စတုန်းအနေနဲ့ ပါဝင်ကစားနိုင်ဖွယ်မရှိဘူးလို့ ဖာဒီနန်က ယုံကြည်ထားတာဖြစ်ပါတယ်။

ဂွါဒီယိုလာဟာ ကိုဗစ်ကာလအလွန် ပြန်လည်ကစားခဲ့တဲ့ ဘောလုံးပွဲတွေမှာ ဂျွန်စတုန်းကို ပွဲထွက်ကစားခွင့် (၂) ကြိမ်ပဲ ပေးထားခဲ့ပါတယ်။

“ကျွန်တော်သာ သူဆိုရင် အခု စဉ်းစားနေပါပြီ။ သူ့ရှေ့မှာ အော်တာမန်ဒီ နဲ့ အသင်းကနေ ထွက်ခွာရန် ပြင်နေတဲ့ ဂါစီယာလည်း ရှိနေပါတယ်။ ဂျွန်စတုန်းဟာ အင်္ဂလန်အသင်းရဲ့ ဗဟိုနောက်ခံလူနေရာမှာ ပွဲထွက်ခွင့်ရနေသူဖြစ်ပါတယ်။ ဒါပေမယ့် အခု သူဟာ လူစာရင်းမှာတောင် ပါနိုင်ပါ့မလား မသိပါဘူး။

ဘာကြောင့်လဲဆိုတော့ သူဟာ ကလပ်အသင်းမှာ ကစားခွင့်မှ မရပါဘူး။ သူဒီအခြေအနေတွေကို သေချာပြန်ကြည့်ရပါမယ်။ နောက်နှစ်မှာ ယူရိုပြိုင်ပွဲ လာတော့မှာဖြစ်လို့ သူဆုံးဖြတ်ချက် ကြီးကြီးမားမား ချရမှာပါ။ သူအသင်းက ထွက်ခွာတာက ကြီးမားတဲ့ ဆုံးဖြတ်ချက်မဟုတ်ရင်တောင် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်မှာပါ။

သူအနေနဲ့ အင်္ဂလန်အသင်းမှာ ကစားခွင့်ရဖို့ အတွက် ထိပ်တန်းအဆင့်မှာ ရှိနေချင်ရင် မန်စီးတီးအသင်းမှာ ဆက်နေလို့ မရပါဘူး” လို့ ဖာဒီနန်က ဘီဘီစီ သတင်းဌာနကို ပြောသွားခဲ့ပါတယ်။

ဖာဒီနန်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို (၃) ကြိမ် တက်လှမ်းနိုင်ခဲ့ပြီး (၂၀၀၈) ခုနှစ်က တစ်ကြိမ် ဖလားဆွတ်ခူးနိုင်ခဲ့တဲ့ အင်္ဂလန်နောက်ခံလူဟောင်ဖြစ်ပါတယ်။

ဂၽြန္စတုန္းအေနနဲ႔ အဂၤလန္လက္ေရြးစင္အသင္းအတြက္ ကစားေပးရန္ ထိပ္တန္းအဆင့္မွာ ရွိေနခ်င္ရင္ မန္စီးတီးအသင္းကထြက္ခြာရမယ္လို႔ တိုက္တြန္းေျပာဆိုလိုက္တဲ့ ဖာဒီနန္

ဖာဒီနန္က အသက္ ၂၆ ႏွစ္အရြယ္ ဗဟိုေနာက္ခံလူ ဂၽြန္စတုန္းအေနနဲ႔ အဂၤလန္လက္ေရြးစင္အသင္းမွာ ကစားခြင့္ရဖို႔အတြက္ မန္စီးတီးအသင္းကေန မျဖစ္မေနထြက္ခြာရန္ လိုအပ္တယ္လို႔ ေျပာသြားခဲ့ပါတယ္။ မန္စီးတီးအသင္းဟာ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္မွာ လိုင္ယြန္အသင္းနဲ႔ ရင္ဆိုင္ကစားရမွာျဖစ္ျပီး ဂၽြန္စတုန္းအေနနဲ႔ ပါ၀င္ကစားႏိုင္ဖြယ္မရွိဘူးလို႔ ဖာဒီနန္က ယံုၾကည္ထားတာျဖစ္ပါတယ္။

ဂြါဒီယိုလာဟာ ကိုဗစ္ကာလအလြန္ ျပန္လည္ကစားခဲ့တဲ့ ေဘာလံုးပြဲေတြမွာ ဂၽြန္စတုန္းကို ပြဲထြက္ကစားခြင့္ (၂) ၾကိမ္ပဲ ေပးထားခဲ့ပါတယ္။

“ကၽြန္ေတာ္သာ သူဆိုရင္ အခု စဥ္းစားေနပါျပီ။ သူ႔ေရွ႕မွာ ေအာ္တာမန္ဒီ နဲ႔ အသင္းကေန ထြက္ခြာရန္ ျပင္ေနတဲ့ ဂါစီယာလည္း ရွိေနပါတယ္။ ဂၽြန္စတုန္းဟာ အဂၤလန္အသင္းရဲ႕ ဗဟိုေနာက္ခံလူေနရာမွာ ပြဲထြက္ခြင့္ရေနသူျဖစ္ပါတယ္။ ဒါေပမယ့္ အခု သူဟာ လူစာရင္းမွာေတာင္ ပါႏိုင္ပါ့မလား မသိပါဘူး။

ဘာေၾကာင့္လဲဆိုေတာ့ သူဟာ ကလပ္အသင္းမွာ ကစားခြင့္မွ မရပါဘူး။ သူဒီအေျခအေနေတြကို ေသခ်ာျပန္ၾကည့္ရပါမယ္။ ေနာက္ႏွစ္မွာ ယူရိုျပိဳင္ပြဲ လာေတာ့မွာျဖစ္လို႔ သူဆံုးျဖတ္ခ်က္ ၾကီးၾကီးမားမား ခ်ရမွာပါ။ သူအသင္းက ထြက္ခြာတာက ၾကီးမားတဲ့ ဆံုးျဖတ္ခ်က္မဟုတ္ရင္ေတာင္ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ျဖစ္မွာပါ။

သူအေနနဲ႔ အဂၤလန္အသင္းမွာ ကစားခြင့္ရဖို႔ အတြက္ ထိပ္တန္းအဆင့္မွာ ရွိေနခ်င္ရင္ မန္စီးတီးအသင္းမွာ ဆက္ေနလို႔ မရပါဘူး” လို႔ ဖာဒီနန္က ဘီဘီစီ သတင္းဌာနကို ေျပာသြားခဲ့ပါတယ္။

ဖာဒီနန္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို (၃) ၾကိမ္ တက္လွမ္းႏိုင္ခဲ့ျပီး (၂၀၀၈) ခုႏွစ္က တစ္ၾကိမ္ ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့ အဂၤလန္ေနာက္ခံလူေဟာင္ျဖစ္ပါတယ္။