ပရီးမီးယားလိဂ်ပြိုင်ပွဲအတွက် ပေါင် ၁သန်းနဲ့ ဖူလ်ဟမ်နောက်ခံလူ ဒရာမက် ခေါ်ယူအားဖြည့်လိုက်တဲ့ လိဒ်

ချန်ပီယံရှစ်ပြိုင်ပွဲကနေ ချန်ပီယံဆုရခဲ့ပြီး လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ရမယ့် လိဒ်ယူနိုက်တက် အနေနဲ့ ပလေးအော့ဖ်ကစားပြီး တန်းတက်ခွင့်ရတဲ့ ဖူလ်ဟမ်က နောက်ခံလူ ဒရာမက်ကို လေးနှစ်စာချုပ်ချုပ်ဆိုပြီး ခေါ် ယူခဲ့တယ်လို့ သိရပါတယ်။ ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးကို တရားဝင်ပြောကြားခဲ့ခြင်းမရှိပေမယ့် ဒရာမက်ရဲ့ ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် ၁ သန်းလောက်ပဲ ရှိတယ်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။

The Mails ရဲ့ဖော်ပြမှုမှာတော့ လိဒ်ယူနိုက်တက်အနေနဲ့ အသက် ၁၈ နှစ်သာရှိသေးတဲ့အတွက် ကလပ်နှစ်သင်းဟာ စာချုပ်ပါလျော်ကြေးအတိုင်းညှိနှိုင်းပြီး သဘောတူညီမှုရခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဖူလ်ဟမ်နည်းပြ စကော့ ပါကားကတော့ ဒရာမက်အနေနဲ့ လိဒ်ယူနိုက်တက်မှာ ပွဲထွက်ကစားခွင့်ရဖို့အတွက် မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ဒရာ မက်ဟာ အသက် ၁၈ နှစ်သာရှိသေးတာကြောင့် ဖူလ်ဟမ်အသင်းကြီးအတွက် ကစားခွင့်မရခဲ့ဘဲ ယူ-၂၃၊ ယူ-၂၁ နဲ့ ယူ-၁၈ အသင်းတွေပဲ ကစားခဲ့ရတာဖြစ်ပါတယ်။

ဒရာမက်အနေနဲ့ ပြီးခဲ့တဲ့နှစ်မှာ လီဗာပူးအသင်းက ခေါ်ယူခဲ့တဲ့ တောင်ပံကစားသမား ဟာဗေးအီလီယော့အပြီး ပရီးမီးယား လိဂ်ရဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်ခဲ့ပါတယ်။ လီဗာပူးအနေနဲ့ ဟာဗေးအီလီယော့ကို ခေါ်ခဲ့တုန်းက သူရဲ့အသက် က ၁၆ နှစ်ပဲရှိခဲ့ပါတယ်။ဖူလ်ဟမ်အနေနဲ့ တန်းဆင်းခဲ့ရတဲ့ ၂၀၁၉ ခုနှစ်တုန်းကလည်း အသင်းရဲ့လူငယ်ကစားသမားတစ် ဦးဖြစ်တဲ့ ဆက်ဆီနွန်ကို စပါးအသင်းထံကို ပေါင် ၂၅ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

လိဒ်ယူနိုက်တက်အနေနဲ့ ပရီးမီးယားလိဂ်ကို တက်ခွင့်ရပြီးနောက်မှာ လူငယ်အသင်းက ကစားသမားတစ်ဦးဖြစ်တဲ့ ရှက်ခ် လီတန်ကို ကာလရှည်စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။လိဒ်ယူနိုက်တက်အသင်းဘောလုံးဒါရိုက်တာ ဗစ်တာအော်တာ က ရှက်ခ်လီတန်အနေနဲ့ လူငယ်အသင်းမှာ အထွန်းတောက်ဆုံးကစားသမားဖြစ်တာကြောင့် သူကို စာချုပ်ချုပ်ဆိုနိုင်တာ ဟာ အသင်းအတွက် အများကြီးအကျိုးရှိတဲ့ လုပ်ဆောင်မှုပါ လို့ပြောခဲ့ပါတယ်။

zawgyi version

ပရီးမီးယားလိဂ္ၿပိဳင္ပြဲအတြက္ ေပါင္ ၁သန္းနဲ႔ ဖူလ္ဟမ္ေနာက္ခံလူ ဒရာမက္ ေခၚယူအားျဖည့္လိုက္တဲ့ လိဒ္
ခ်န္ပီယံရွစ္ၿပိဳင္ပြဲကေန ခ်န္ပီယံဆုရခဲ့ၿပီး လာမယ့္ရာသီမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲကို ယွဥ္ၿပိဳင္ရမယ့္ လိဒ္ယူႏိုက္တက္ အေနနဲ႔ ပေလးေအာ့ဖ္ကစားၿပီး တန္းတက္ခြင့္ရတဲ့ ဖူလ္ဟမ္က ေနာက္ခံလူ ဒရာမက္ကို ေလးႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ေခၚ ယူခဲ့တယ္လို႔ သိရပါတယ္။ ကလပ္ႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကးကို တရားဝင္ေျပာၾကားခဲ့ျခင္းမရွိေပမယ့္ ဒရာမက္ရဲ႕ ေျပာင္းေရႊ႕ေၾကးအေနနဲ႔ ေပါင္ ၁ သန္းေလာက္ပဲ ရွိတယ္လို႔ ေဖာ္ျပေနၾကတာျဖစ္ပါတယ္။
The Mails ရဲ႕ေဖာ္ျပမႈမွာေတာ့ လိဒ္ယူႏိုက္တက္အေနနဲ႔ အသက္ ၁၈ ႏွစ္သာရွိေသးတဲ့အတြက္ ကလပ္ႏွစ္သင္းဟာ စာခ်ဳပ္ပါေလ်ာ္ေၾကးအတိုင္းညွိႏႈိင္းၿပီး သေဘာတူညီမႈရခဲ့တာျဖစ္တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။ ဖူလ္ဟမ္နည္းျပ စေကာ့ ပါကားကေတာ့ ဒရာမက္အေနနဲ႔ လိဒ္ယူႏိုက္တက္မွာ ပြဲထြက္ကစားခြင့္ရဖို႔အတြက္ ေမွ်ာ္လင့္ေၾကာင္း ေျပာခဲ့ပါတယ္။ဒရာ မက္ဟာ အသက္ ၁၈ ႏွစ္သာရွိေသးတာေၾကာင့္ ဖူလ္ဟမ္အသင္းႀကီးအတြက္ ကစားခြင့္မရခဲ့ဘဲ ယူ-၂၃၊ ယူ-၂၁ နဲ႔ ယူ-၁၈ အသင္းေတြပဲ ကစားခဲ့ရတာျဖစ္ပါတယ္။
ဒရာမက္အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္မွာ လီဗာပူးအသင္းက ေခၚယူခဲ့တဲ့ ေတာင္ပံကစားသမား ဟာေဗးအီလီေယာ့အၿပီး ပရီးမီးယား လိဂ္ရဲ႕ အသက္အငယ္ဆံုးကစားသမားျဖစ္ခဲ့ပါတယ္။ လီဗာပူးအေနနဲ႔ ဟာေဗးအီလီေယာ့ကို ေခၚခဲ့တုန္းက သူရဲ႕အသက္ က ၁၆ ႏွစ္ပဲရွိခဲ့ပါတယ္။ဖူလ္ဟမ္အေနနဲ႔ တန္းဆင္းခဲ့ရတဲ့ ၂၀၁၉ ခုႏွစ္တုန္းကလည္း အသင္းရဲ႕လူငယ္ကစားသမားတစ္ ဦးျဖစ္တဲ့ ဆက္ဆီႏြန္ကို စပါးအသင္းထံကို ေပါင္ ၂၅ သန္းနဲ႔ ေရာင္းခ်ခဲ့ပါတယ္။
လိဒ္ယူႏိုက္တက္အေနနဲ႔ ပရီးမီးယားလိဂ္ကို တက္ခြင့္ရၿပီးေနာက္မွာ လူငယ္အသင္းက ကစားသမားတစ္ဦးျဖစ္တဲ့ ရွက္ခ္ လီတန္ကို ကာလရွည္စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္လို႔ သိရပါတယ္။လိဒ္ယူႏိုက္တက္အသင္းေဘာလံုးဒါ႐ိုက္တာ ဗစ္တာေအာ္တာ က ရွက္ခ္လီတန္အေနနဲ႔ လူငယ္အသင္းမွာ အထြန္းေတာက္ဆံုးကစားသမားျဖစ္တာေၾကာင့္ သူကို စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္တာ ဟာ အသင္းအတြက္ အမ်ားႀကီးအက်ိဳးရွိတဲ့ လုပ္ေဆာင္မႈပါ လို႔ေျပာခဲ့ပါတယ္။