အဲလ်ကန်တာရာကို ခေါ်ဖို့ ဂွါဒီယိုလာရဲ့ မန်စီးတီးလည်း ပါဝင်လာတာကြောင့် လီဗာပူးတို့ အခက်ကြုံနေရ

လီဗာပူးအသင်းအနေနဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်ကစားသမား အဲလ်ကန်တာရာကိုခေါ်ယူဖို့ အစောပိုင်းကတည်းက လုပ် ဆောင်နေတာဖြစ်ပြီး ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့ အတွက် လုပ်ဆောင်နေပေမယ့် မန်စီးတီးကလည်း အဲလ်ကန်တာရာကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာကြောင့် လီဗာပူးအနေနဲ့ မန်စီးတီးနဲ့အပြိုင် ကွင်းလယ်လူကိုခေါ်ယူဖို့ လုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း တစ်နှစ်သာကျန်တော့ပြီး အသင်းပြောင်းရွှေ့မယ်လို့ ပြောထားတဲ့ အဲလ်ကန်တာရာ ဟာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ လက်တွဲခဲ့ဖူးသူ လည်းဖြစ်ပါတယ်။ SportBild ရဲ့ဖော်ပြချက်အရ ဂွါဒီယိုလာကြောင့် မန်စီးတီးအနေနဲ့ အဲလ်ကန်တာရာကိုခေါ်ယူဖို့အတွက် လီဗာပူးထက် ပိုပြီး အခွင့်အရေးများနေတယ်လို့ သိရပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာအနေနဲ့ အသင်းပြောင်းရွှေ့သွားတဲ့ ဒေးဗစ်ဆေးလ်ဗားရဲ့နေရာမှာ အစားထိုးဖို့အတွက် အဲလ် ကန်တာရာကို ခေါ်ယူဖို့ အလိုရှိနေတာဖြစ်ပါတယ်။ ဂွါဒီယိုလာက “ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်တို့လို အသင်းကြီးတွေမှာ ကစားခဲ့တဲ့ ကစားသမားတစ်ယောက်အနေနဲ့ ပရီးမီးယားလိဂ်မှာ ကောင်းကောင်းကစားနိုင်မှာပါ။အဲလ်ကန်တာရာက မန်စီး တီးအတွက် လိုအပ်တဲ့ကစားသမားတစ်ယောက်ဆိုပေမယ့် သူအနေနဲ့ ဘယ်အသင်းကိုပြောင်းမလဲဆိုတာတော့ မသိပါ ဘူး” လို့ ပြောခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းစီအီးအို ရူမင်နစ်ကီကတော့ အဲလ်ကန်တာရာကိုအသင်းမှာ ဆက်ထိန်းထားဖို့ အလိုရှိခဲ့ပေမယ့် ကစားသမားကိုယ်တိုင်က အသင်းပြောင်းချင်နေတာကြောင့် ရောင်းချတော့မှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ အဲလ်ကန်တာရာ ရဲ့ပြောင်းရွှေ့ကြေးက ပေါင် ၂၇ သန်းပဲရှိတာကြောင့် မန်စီးတီး၊လီဗာပူးတို့လို အသင်းတွေအတွက် ကစားသမားကောင်း တစ်ယောက်ကို ပြောင်းရွှေ့ကြေးနည်းနည်းနဲ့ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

zawgyi version

အဲလ္ကန္တာရာကို ေခၚဖို႔ ဂြါဒီယိုလာရဲ႕ မန္စီးတီးလည္း ပါဝင္လာတာေၾကာင့္ လီဗာပူးတို႔ အခက္ၾကံဳေနရ
လီဗာပူးအသင္းအေနနဲ႔ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္ကစားသမား အဲလ္ကန္တာရာကိုေခၚယူဖို႔ အေစာပိုင္းကတည္းက လုပ္ ေဆာင္ေနတာျဖစ္ၿပီး ကလပ္ႏွစ္သင္းၾကား ေျပာင္းေရႊ႕ေၾကးညွိႏႈိင္းဖို႔ အတြက္ လုပ္ေဆာင္ေနေပမယ့္ မန္စီးတီးကလည္း အဲလ္ကန္တာရာကို ေခၚယူဖို႕ စိတ္ဝင္စားလာတာေၾကာင့္ လီဗာပူးအေနနဲ႔ မန္စီးတီးနဲ႔အၿပိဳင္ ကြင္းလယ္လူကိုေခၚယူဖို႔ လုပ္ေဆာင္ရေတာ့မွာ ျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္နဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာက်န္ေတာ့ၿပီး အသင္းေျပာင္းေရႊ႕မယ္လို႔ ေျပာထားတဲ့ အဲလ္ကန္တာရာ ဟာ မန္စီးတီးနည္းျပ ဂြါဒီယိုလာနဲ႔ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္အသင္းေတြမွာ လက္တြဲခဲ့ဖူးသူလည္းျဖစ္ပါတယ္။ SportBild ရဲ႕ေဖာ္ျပခ်က္အရ ဂြါဒီယိုလာေၾကာင့္ မန္စီးတီးအေနနဲ႔ အဲလ္ကန္တာရာကိုေခၚယူဖို႔အတြက္ လီဗာပူးထက္ ပိုၿပီး အခြင့္အေရးမ်ားေနတယ္လို႔ သိရပါတယ္။
မန္စီးတီးနည္းျပ ဂြါဒီယိုလာအေနနဲ႔ အသင္းေျပာင္းေရႊ႕သြားတဲ့ ေဒးဗစ္ေဆးလ္ဗားရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ အဲလ္ ကန္တာရာကို ေခၚယူဖို႔ အလိုရွိေနတာျဖစ္ပါတယ္။ ဂြါဒီယိုလာက “ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္တို႔လို အသင္းႀကီးေတြမွာ ကစားခဲ့တဲ့ ကစားသမားတစ္ေယာက္အေနနဲ႔ ပရီးမီးယားလိဂ္မွာ ေကာင္းေကာင္းကစားႏိုင္မွာပါ။အဲလ္ကန္တာရာက မန္စီး တီးအတြက္ လိုအပ္တဲ့ကစားသမားတစ္ေယာက္ဆိုေပမယ့္ သူအေနနဲ႔ ဘယ္အသင္းကိုေျပာင္းမလဲဆိုတာေတာ့ မသိပါ ဘူး” လို႔ ေျပာခဲ့ပါတယ္။
ဘိုင္ယန္ျမဴးနစ္အသင္းစီအီးအို ႐ူမင္နစ္ကီကေတာ့ အဲလ္ကန္တာရာကိုအသင္းမွာ ဆက္ထိန္းထားဖို႔ အလိုရွိခဲ့ေပမယ့္ ကစားသမားကိုယ္တိုင္က အသင္းေျပာင္းခ်င္ေနတာေၾကာင့္ ေရာင္းခ်ေတာ့မွာျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။ အဲလ္ကန္တာရာ ရဲ႕ေျပာင္းေရႊ႕ေၾကးက ေပါင္ ၂၇ သန္းပဲရွိတာေၾကာင့္ မန္စီးတီး၊လီဗာပူးတို႔လို အသင္းေတြအတြက္ ကစားသမားေကာင္း တစ္ေယာက္ကို ေျပာင္းေရႊ႕ေၾကးနည္းနည္းနဲ႔ ေခၚယူႏိုင္မွာပဲ ျဖစ္ပါတယ္။