ဂျွန်တယ်ရီရဲ့ အေးဂျင့်အဖွဲ့လုပ်ဆောင်မှုကြောင့် ဒီကလန်ရိုက်ကို ခေါ်ယူနိုင်တော့မယ့် ချဲလ်ဆီး

ချဲလ်ဆီးအသင်းရဲ့ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျွန်တယ်ရီအနေနဲ့ အက်စ်တွန်ဗီလာအသင်းရဲ့လက်ထောက်နည်းပြ အဖြစ် တာဝန်ထမ်းဆောင်နေသလို ဂျွန်တယ်ရီအေးဂျင့်နဲ့ စီမံခန့်ခွဲမှု ကုမ္ပဏီကိုလည်း တည်ထောင်ထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ဝက်စ်ဟမ်းက ဒီကလန်ရိုက်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတာကြောင့် ဂျွန်တယ်ရီရဲ့အေးဂျင့်အဖွဲ့က တွေ့ဆုံ ခဲ့ပြီး သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။

ဂျွန်တယ်ရီအနေနဲ့ သူရဲ့အင်စတာဂရမ်အကောင့်မှာ ဒီကလန်ရိုက်လို့ ရေးပြီးတင်ခဲ့တာကြောင့် ချဲလ်ဆီးအနေနဲ့ ခေါ်ယူနိုင် တော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ The Times သတင်းစာကတော့ ဝက်စ်ဟမ်းအနေနဲ့ ဒီကလန် ရိုက်အတွက် ပေါင်သန်း ၈၀နဲ့ အထက်အလိုရှိနေတယ်လို့ ဖော်ပြထားပေမယ့် ဝက်စ်ဟမ်းနည်းပြ မိုယက်စ်ကတော့ ကွင်း လယ်ကစားသမားကို ရောင်းချမှာ မဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

ချဲလ်ဆီးအနေနဲ့ ဒီကလန်ရိုက်ကိုခေါ်ယူဖို့အတွက် အစောပိုင်းတုန်းက အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ဘတ်ရှုအာယီ၊ ဘာကလေတို့ကို အပြောင်းအရွှေ့အစိတ်အပိုင်းအဖြစ် အသုံးပြုပြီး ကမ်းလှမ်းခဲ့ပေမယ့် ဝက်စ်ဟမ်းဘက်က ပယ်ချခဲ့တယ် လို့ သိရပါတယ်။ဒီကလန်ရိုက်အနေနဲ့ ချဲလ်ဆီးကွင်းလယ်လူ မာဆင်မောင့်နဲ့ ရင်းနှီးတဲ့သူတွေဖြစ်တာကြောင့် အသင်းကို ပြောင်းရွှေ့လာမယ်လို့လည်း ချဲလ်ဆီးပရိသတ်တွေအနေနဲ့ ယုံကြည်နေတာပဲ ဖြစ်ပါတယ်။

ဒီကလန်ရိုက်ဟာ ချဲလ်ဆီးလူငယ်အသင်းမှာ ၈ နှစ်လောက်အထိ ကစားခဲ့သူဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာတော့ ဝက်စ်ဟမ်း အသင်းကိုပြောင်းရွှေ့သွားခဲ့တာပဲ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားထိပ်ဆုံး ၁၀ သင်းမှာပေးဂိုးအများဆုံး ဖြစ်ခဲ့တဲ့ ချဲလ်ဆီးအနေနဲ့ ကွင်းလယ်အဖျက်နေရာမှာ ကစားနိုင်တဲ့ ဒီကလန်ရိုက်အတွက် ပေါင်သန်း ၅၀ နဲ့စတင်ကမ်းလှမ်း သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

zawgyi version

ဂြ်န္တယ္ရီရဲ႕ ေအးဂ်င့္အဖြဲ႕လုပ္ေဆာင္မႈေၾကာင့္ ဒီကလန္႐ိုက္ကို ေခၚယူႏိုင္ေတာ့မယ့္ ခ်ဲလ္ဆီး
ခ်ဲလ္ဆီးအသင္းရဲ႕ဂႏၲဝင္ကစားသမားတစ္ဦးျဖစ္တဲ့ ဂြ်န္တယ္ရီအေနနဲ႔ အက္စ္တြန္ဗီလာအသင္းရဲ႕လက္ေထာက္နည္းျပ အျဖစ္ တာဝန္ထမ္းေဆာင္ေနသလို ဂြ်န္တယ္ရီေအးဂ်င့္နဲ႔ စီမံခန္႔ခဲြမႈ ကုမၸဏီကိုလည္း တည္ေထာင္ထားပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ဝက္စ္ဟမ္းက ဒီကလန္႐ိုက္ကိုေခၚယူဖို႔ စိတ္ဝင္စားေနတာေၾကာင့္ ဂြ်န္တယ္ရီရဲ႕ေအးဂ်င့္အဖြဲ႕က ေတြ႕ဆံု ခဲ့ၿပီး သေဘာတူညီမႈ ရခဲ့တယ္လို႔ သိရပါတယ္။
ဂြ်န္တယ္ရီအေနနဲ႔ သူရဲ႕အင္စတာဂရမ္အေကာင့္မွာ ဒီကလန္႐ိုက္လို႔ ေရးၿပီးတင္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးအေနနဲ႔ ေခၚယူႏိုင္ ေတာ့မယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့တာပဲျဖစ္ပါတယ္။ The Times သတင္းစာကေတာ့ ဝက္စ္ဟမ္းအေနနဲ႔ ဒီကလန္ ႐ိုက္အတြက္ ေပါင္သန္း ၈၀နဲ႔ အထက္အလိုရွိေနတယ္လို႔ ေဖာ္ျပထားေပမယ့္ ဝက္စ္ဟမ္းနည္းျပ မိုယက္စ္ကေတာ့ ကြင္း လယ္ကစားသမားကို ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ေျပာဆိုထားပါတယ္။
ခ်ဲလ္ဆီးအေနနဲ႔ ဒီကလန္႐ိုက္ကိုေခၚယူဖို႔အတြက္ အေစာပိုင္းတုန္းက အသင္းရဲ႕ကစားသမားေတြျဖစ္တဲ့ ဘတ္ရႈအာယီ၊ ဘာကေလတို႔ကို အေျပာင္းအေရႊ႕အစိတ္အပိုင္းအျဖစ္ အသံုးျပဳၿပီး ကမ္းလွမ္းခဲ့ေပမယ့္ ဝက္စ္ဟမ္းဘက္က ပယ္ခ်ခဲ့တယ္ လို႔ သိရပါတယ္။ဒီကလန္႐ိုက္အေနနဲ႔ ခ်ဲလ္ဆီးကြင္းလယ္လူ မာဆင္ေမာင့္နဲ႕ ရင္းႏွီးတဲ့သူေတြျဖစ္တာေၾကာင့္ အသင္းကို ေျပာင္းေရႊ႕လာမယ္လို႔လည္း ခ်ဲလ္ဆီးပရိသတ္ေတြအေနနဲ႔ ယံုၾကည္ေနတာပဲ ျဖစ္ပါတယ္။
ဒီကလန္႐ိုက္ဟာ ခ်ဲလ္ဆီးလူငယ္အသင္းမွာ ၈ ႏွစ္ေလာက္အထိ ကစားခဲ့သူျဖစ္ၿပီး ၂၀၁၅ ခုႏွစ္မွာေတာ့ ဝက္စ္ဟမ္း အသင္းကိုေျပာင္းေရႊ႕သြားခဲ့တာပဲ ျဖစ္ပါတယ္။ၿပီးခဲ့တဲ့ရာသီက အမွတ္ေပးဇယားထိပ္ဆံုး ၁၀ သင္းမွာေပးဂိုးအမ်ားဆံုး ျဖစ္ခဲ့တဲ့ ခ်ဲလ္ဆီးအေနနဲ႔ ကြင္းလယ္အဖ်က္ေနရာမွာ ကစားႏိုင္တဲ့ ဒီကလန္႐ိုက္အတြက္ ေပါင္သန္း ၅၀ နဲ႔စတင္ကမ္းလွမ္း သြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။